မြောက်ဥက္ကလာပမှာ စိတ်ကြွဆေးပြား တစ်သိန်းခွဲကျော်နဲ့ဆေးခြောက်တွေဖမ်းမိ

0
193

(Unicode)

မြောက်ဥက္ကလာပမှာ စိတ်ကြွဆေးပြား တစ်သိန်းခွဲကျော်နဲ့ဆေးခြောက်တွေဖမ်းမိ

နိုဝင်ဘာ ၁၄ ရက်နေ့လည် ၁ နာရီလောက်က မြောက်ဥက္ကလာပမြို့နယ်၊(ဋ)ရပ်ကွက်မှာရှိတဲ့ ကုန်တိုက်တစ်ခုရဲ့ကားပါကင်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်တွေက သီတာအေး(ခ)အားမိန်(၃၅)နှစ်မောင်းပြီး သိင်္ဂီစိုး (ခ)ယုန်လေး(၄၅)နှစ်လိုက်လာတဲ့ ကိုယ်ပိုင်ကားကိုစစ်ဆေးရာမှာ ကားအတွင်းဝှက်ပြီးသယ်လာတဲ့ စိတ်ကြွဆေး ၂၀၀၀၀ ပြားကိုဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းမိသူနှစ်ယောက်ကို စစ်ဆေးရာ ညနေ ၅ နာရီခွဲမှာ (ည)ရပ်ကွက်၊ဧရာ(၈)လမ်းမှာနေတဲ့ အေးစန္ဒီထွန်း(ခ)မီးမီး(၃၅)နှစ်ရဲ့ နေအိမ်အတွင်းမှာ စိတ်ကြွဆေး ၁၃၈၀၀၀ ပြားနဲ့ဆေးခြောက် ၁.၅ ကီလို ကိုထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။

စိတ်ကြွဆေးပြား၊ဆေးခြောက်တွေနဲ့အတူ ဖမ်းမိတဲ့အမျိုးသမီးသုံးယောက်ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင် ရာဥပဒေအရ အရေးယူထားပြီး ကွင်းဆက်တွေထပ်မံဖမ်းဆီးရမိဖို့အတွက် စစ်ဆေးနေပါတယ်။

(Zawgyi)






LEAVE A REPLY

Please enter your comment!
Please enter your name here