မန္တလေးရှိ ကျူးကျော်များအား ဒီဇင်ဘာတွင် ရှင်းလင်းမည်

0
326

မန္တလေးရှိကျူးကျော်များအား ဒီဇင်ဘာတွင်ရှင်းလင်းမည်

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းရှိ အောင်မြေသာစံ မြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီး တံခွန်မြို့နယ်၊ အမရပူရမြို့နယ်အတွင်းရှိ ကျူးကျော်များအား ရှင်းလင်းဆောင်ရွက်သွားမည်ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ယခုရက်ထဲကစပြီး အသိပေးကြေညာနေသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းရှိ မြို့နယ်(၆)မြို့နယ်တို့မှ တရားမဝင် ကျူးကျော်နေထိုင်သူ များအား(၁၆-၁၂-၂၀၂၁)ရက်နေ့မှစတင်၍ ဥပဒေနှင့်အညီ ဖွဲ့စည်းထားသော သတ်မှတ်အဖွဲ့များဖြင့် ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကာ ဥပဒေနှင့် ညီညွတ်မှုမရှိဘဲ တရားမဝင် ဝင်ရောက်ကျူးကျော် နေထိုင်သူများအနေဖြင့် ၁၆-၁၁-၂၀၂၁ ရက်နေ့မှ ၁၅-၁၂-၂၀၂၁ ရက်နေ့အတွင်း မိမိတို့အစီအစဉ်ဖြင့် ဖယ်ရှားထွက်ခွာပေးကြရန် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ပြောဆိုထားသည်။

လမ်းမြေ၊ မြောင်းမြေ၊ ရထားလမ်းမြေ၊ လျှပ်စစ် ဓာတ်အားလိုင်းနယ်မြေ၊ အစိုးရဌာနဆိုင်ရာမြေနှင့် ပုဂ္ဂလိကပိုင်မြေနေရာများတွင် ဥပဒေနှင့် ညီညွတ်မှုမရှိဘဲ၊ တရားဝင်ပိုင်ဆိုင်ခွင့်မရှိသူများမှ တရားမဝင် ကျူးကျော် နေထိုင်လျက်ရှိကြောင်း စိစစ်တွေ့ရှိရ၍ ရှင်းလင်းခြင်းဖြစ်ကြောင်း ကြေညာချက်ထဲ ဖော်ပြထားသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းရှိ မြို့နယ်(၆)မြို့နယ် အတွင်း၌ မိမိတို့ဥပဒေနှင့်အညီ တရားဝင်ပိုင်ဆိုင်ခွင့်ရရှိထားသည့် မြေနေရာအတွင်း ဥပဒေနှင့် ညီညွတ်မှုမရှိဘဲ တရားမဝင် ဝင်ရောက်ကျူးကျော် နေထိုင်မှုများရှိပါက သက်ဆိုင်ရာ မြို့နယ် စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများသို ဥပဒေနှင့်အညီ တရားဝင်ပိုင်ဆိုင်ကြောင်း စာရွက်စာတမ်း အထောက်အထားမူရင်းများနှင့်အတူ သတင်းပို့ တိုင်ကြားကြရန်လည်း နှိုးဆော်ထားသည်ကိုတွေ့ရသည်။

ပြီးခဲ့သည့် ၂၀၁၈ခုနှစ်ကလည်း ဧရာဝတီမြစ်ကမ်းနားလမ်း ချမ်းမြသာစည်မြို့နယ်နှင့် အမရပူရမြို့နယ်ကြား လမ်းလယ် ကျွန်းတစ်လျှောက်ကျူးကျော်တဲအိမ်များအား မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကဖယ်ရှားရှင်းလင်းခဲ့သည့်အပြင် အခြားသောနေရာများမှ ကျူးကျော်များကိုလည်း ဖယ်ရှားရှင်းလင်းမှုပြုခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင်လည်း ကျူးကျော်များအား ပြီးခဲ့သည့် လကစပြီး ဖယ်ရှားရှင်းလင်းနေသည်။

ပုံစာ။ ။၂၀၁၈ခုနှစ် ဧပြီ၂၅ရက်က ဧရာဝတီမြစ်ကမ်းနားလမ်း ချမ်းမြသာစည်မြို့နယ်နှင့် အမရပူရမြို့နယ်ကြား လမ်းလယ် ကျွန်းတစ်လျှောက်ကျူးကျော်တဲအိမ်များအား မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကဖယ်ရှားရှင်းလင်းနေစဉ်။

Zaw Gyi

မႏၲေလးရွိက်ဴးေက်ာ္မ်ားအား ဒီဇင္ဘာတြင္ရွင္းလင္းမည္

မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီနယ္နိမိတ္အတြင္းရွိ ေအာင္ေျမသာစံ ၿမိဳ႕နယ္၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ မဟာေအာင္ေျမၿမိဳ႕နယ္၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ျပည္ႀကီး တံခြန္ၿမိဳ႕နယ္၊ အမရပူရၿမိဳ႕နယ္အတြင္းရွိ က်ဴးေက်ာ္မ်ားအား ရွင္းလင္းေဆာင္ရြက္သြားမည္ဟု မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက ယခုရက္ထဲကစၿပီး အသိေပးေၾကညာေနသည္။

မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီနယ္နိမိတ္အတြင္းရွိ ၿမိဳ႕နယ္(၆)ၿမိဳ႕နယ္တို႔မွ တရားမဝင္ က်ဴးေက်ာ္ေနထိုင္သူ မ်ားအား(၁၆-၁၂-၂၀၂၁)ရက္ေန႔မွစတင္၍ ဥပေဒႏွင့္အညီ ဖြဲ႕စည္းထားေသာ သတ္မွတ္အဖြဲ႕မ်ားျဖင့္ ဖယ္ရွားရွင္းလင္းေရးလုပ္ငန္းမ်ား ေဆာင္ရြက္သြားမည္ျဖစ္ကာ ဥပေဒႏွင့္ ညီညြတ္မွုမရွိဘဲ တရားမဝင္ ဝင္ေရာက္က်ဴးေက်ာ္ ေနထိုင္သူမ်ားအေနျဖင့္ ၁၆-၁၁-၂၀၂၁ ရက္ေန႔မွ ၁၅-၁၂-၂၀၂၁ ရက္ေန႔အတြင္း မိမိတို႔အစီအစဥ္ျဖင့္ ဖယ္ရွားထြက္ခြာေပးၾကရန္ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက ေျပာဆိုထားသည္။

လမ္းေျမ၊ ေျမာင္းေျမ၊ ရထားလမ္းေျမ၊ လၽွပ္စစ္ ဓာတ္အားလိုင္းနယ္ေျမ၊ အစိုးရဌာနဆိုင္ရာေျမႏွင့္ ပုဂၢလိကပိုင္ေျမေနရာမ်ားတြင္ ဥပေဒႏွင့္ ညီညြတ္မွုမရွိဘဲ၊ တရားဝင္ပိုင္ဆိုင္ခြင့္မရွိသူမ်ားမွ တရားမဝင္ က်ဴးေက်ာ္ ေနထိုင္လ်က္ရွိေၾကာင္း စိစစ္ေတြ႕ရွိရ၍ ရွင္းလင္းျခင္းျဖစ္ေၾကာင္း ေၾကညာခ်က္ထဲ ေဖာ္ျပထားသည္။

မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီနယ္နိမိတ္အတြင္းရွိ ၿမိဳ႕နယ္(၆)ၿမိဳ႕နယ္ အတြင္း၌ မိမိတို႔ဥပေဒႏွင့္အညီ တရားဝင္ပိုင္ဆိုင္ခြင့္ရရွိထားသည့္ ေျမေနရာအတြင္း ဥပေဒႏွင့္ ညီညြတ္မွုမရွိဘဲ တရားမဝင္ ဝင္ေရာက္က်ဴးေက်ာ္ ေနထိုင္မွုမ်ားရွိပါက သက္ဆိုင္ရာ ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီ၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွူး႐ုံးမ်ားသို ဥပေဒႏွင့္အညီ တရားဝင္ပိုင္ဆိုင္ေၾကာင္း စာရြက္စာတမ္း အေထာက္အထားမူရင္းမ်ားႏွင့္အတူ သတင္းပို႔ တိုင္ၾကားၾကရန္လည္း ႏွိုးေဆာ္ထားသည္ကိုေတြ႕ရသည္။

ၿပီးခဲ့သည့္ ၂၀၁၈ခုႏွစ္ကလည္း ဧရာဝတီျမစ္ကမ္းနားလမ္း ခ်မ္းျမသာစည္ၿမိဳ႕နယ္ႏွင့္ အမရပူရၿမိဳ႕နယ္ၾကား လမ္းလယ္ ကၽြန္းတစ္ေလၽွာက္က်ဴးေက်ာ္တဲအိမ္မ်ားအား မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီကဖယ္ရွားရွင္းလင္းခဲ့သည့္အျပင္ အျခားေသာေနရာမ်ားမွ က်ဴးေက်ာ္မ်ားကိုလည္း ဖယ္ရွားရွင္းလင္းမွုျပဳခဲ့ၾကသည္။ရန္ကုန္တိုင္းေဒသႀကီးအတြင္းတြင္လည္း က်ဴးေက်ာ္မ်ားအား ၿပီးခဲ့သည့္ လကစၿပီး ဖယ္ရွားရွင္းလင္းေနသည္။

ပုံစာ။ ။၂၀၁၈ခုႏွစ္ ဧၿပီ၂၅ရက္က ဧရာဝတီျမစ္ကမ္းနားလမ္း ခ်မ္းျမသာစည္ၿမိဳ႕နယ္ႏွင့္ အမရပူရၿမိဳ႕နယ္ၾကား လမ္းလယ္ ကၽြန္းတစ္ေလၽွာက္က်ဴးေက်ာ္တဲအိမ္မ်ားအား မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီကဖယ္ရွားရွင္းလင္းေနစဥ္။


LEAVE A REPLY

Please enter your comment!
Please enter your name here