တရုတ်ဆေး Lianhua Qingwen ဟာကိုဗစ်ရောဂါအတွက် ထောက်ခံချက်ရရှိထားတဲ့ဆေးဝါးမဟုတ်ကြောင်း HAS ပြော

0
274

(Unicode)

တရုတ်ဆေး Lianhua Qingwen ဟာကိုဗစ်ရောဂါအတွက် ထောက်ခံချက်ရရှိထားတဲ့ဆေးဝါးမဟုတ်ကြောင်း HAS ပြော

တရုတ်နိုင်ငံထုတ်ဆေးဝါးတစ်မျိုးဖြစ်တဲ့ Lianhua Qingwen ဟာ ကိုဗစ်ရောဂါကုသဖို့အတွက် ထောက်ခံချက်ရရှိထားတဲ့ဆေးဝါးတစ်ခုမဟုတ်ကြောင်း Health Science Authority (HAS) က နိုဝင်ဘာလ ၁၇ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

HAS ရဲ့တာဝန်ရှိသူက “စင်ကာပူမှာရှိတဲ့ Lianhua Qingwen ထုတ်ကုန်တွေထဲကဆေးဝါးအချို့ကတော့ ဖျားနာခြင်းနဲ့တုပ်ကွေးအတွက်ဖြစ်ပါတယ်၊ HAS အနေနဲ့လည်း ဆေးဝါးတွေရဲ့ပါဝင်ပစ္စည်းတွေအပေါ်မူတည်ပြီး ထောက်ခံချက်ပေးထားပါတယ်” လို့ဆိုပါတယ်။

ဖျားနာခြင်းနဲ့ တုပ်ကွေးရောဂါတွေအတွက် ဆေးဖက်ဝင်အပင်တွေကနေထုတ်လုပ်ထားတဲ့ဆေးဝါးတွေဟာ ခေါင်းကိုက်ခြင်း၊ နှာစေးနှာပိတ်ခြင်း၊ လည်ချောင်းနာခြင်၊ ချောင်းဆိုးခြင်းတွေအတွက်သာအသုံးပြုနိုင်ပြီး ယခု Lianhua Qingwen ဟာလည်း ဆေးဖက်ဝင်အပင်တွေကထုတ်လုပ်ထားတဲ့ ဆေးဝါးတစ်မျိုးဖြစ်ပါတယ်။

“ရောင်းချသူတွေကိုလည်း ဒီဆေးတွေဟာ ကိုဗစ်ကိုကုသနိုင်ကြောင်း၊ ကာကွယ်နိုင်ကြောင်း ပြောဆိုမရောင်းချကြဖို့ သတိပေးထားပါတယ်” လို့ HAS တာဝန်ရှိသူကပြောပြထားကာ ယခုလိုလိမ်လည်ရောင်းချခဲ့မယ်ဆိုရင် ထောင်ဒဏ် ၂နှစ်နဲ့ စင်ကာပူဒေါ်လာ ၅ထောင်ကျခံရမယ်လို့သိရပါတယ်။

Source – Chinese medicine Lianhua Qingwen not approved for COVID-19: HSA

(Zawgyi)

တ႐ုတ္ေဆး Lianhua Qingwen ဟာကိုဗစ္ေရာဂါအတြက္ ေထာက္ခံခ်က္ရရွိထားတဲ့ေဆးဝါးမဟုတ္ေၾကာင္း HAS ေျပာ

တ႐ုတ္ႏိုင္ငံထုတ္ေဆးဝါးတစ္မ်ိဳးျဖစ္တဲ့ Lianhua Qingwen ဟာ ကိုဗစ္ေရာဂါကုသဖို႔အတြက္ ေထာက္ခံခ်က္ရရွိထားတဲ့ေဆးဝါးတစ္ခုမဟုတ္ေၾကာင္း Health Science Authority (HAS) က ႏိုဝင္ဘာလ ၁၇ရက္ေန႔မွာ ေျပာဆိုလိုက္ပါတယ္။

HAS ရဲ႕တာဝန္ရွိသူက “စင္ကာပူမွာရွိတဲ့ Lianhua Qingwen ထုတ္ကုန္ေတြထဲကေဆးဝါးအခ်ိဳ႕ကေတာ့ ဖ်ားနာျခင္းနဲ႔တုပ္ေကြးအတြက္ျဖစ္ပါတယ္၊ HAS အေနနဲ႔လည္း ေဆးဝါးေတြရဲ႕ပါဝင္ပစၥည္းေတြအေပၚမူတည္ၿပီး ေထာက္ခံခ်က္ေပးထားပါတယ္” လို႔ဆိုပါတယ္။

ဖ်ားနာျခင္းနဲ႔ တုပ္ေကြးေရာဂါေတြအတြက္ ေဆးဖက္ဝင္အပင္ေတြကေနထုတ္လုပ္ထားတဲ့ေဆးဝါးေတြဟာ ေခါင္းကိုက္ျခင္း၊ ႏွာေစးႏွာပိတ္ျခင္း၊ လည္ေခ်ာင္းနာျခင္၊ ေခ်ာင္းဆိုးျခင္းေတြအတြက္သာအသုံးျပဳႏိုင္ၿပီး ယခု Lianhua Qingwen ဟာလည္း ေဆးဖက္ဝင္အပင္ေတြကထုတ္လုပ္ထားတဲ့ ေဆးဝါးတစ္မ်ိဳးျဖစ္ပါတယ္။

“ေရာင္းခ်သူေတြကိုလည္း ဒီေဆးေတြဟာ ကိုဗစ္ကိုကုသႏိုင္ေၾကာင္း၊ ကာကြယ္ႏိုင္ေၾကာင္း ေျပာဆိုမေရာင္းခ်ၾကဖို႔ သတိေပးထားပါတယ္” လို႔ HAS တာဝန္ရွိသူကေျပာျပထားကာ ယခုလိုလိမ္လည္ေရာင္းခ်ခဲ့မယ္ဆိုရင္ ေထာင္ဒဏ္ ၂ႏွစ္နဲ႔ စင္ကာပူေဒၚလာ ၅ေထာင္က်ခံရမယ္လို႔သိရပါတယ္။

Source – Chinese medicine Lianhua Qingwen not approved for COVID-19: HSA


LEAVE A REPLY

Please enter your comment!
Please enter your name here