ထန်းတပင် အပါအဝင် ရန်ကုန်မြို့တွင်းက မြို့နယ်တွေမှာ ပစ်ခတ်မှု ဗုံးဖောက်ခွဲမှုတွေ လုပ်ခဲ့တဲ့ ၄၇ ယောက်ကို လက်နက်၊ ခဲယမ်းတွေနဲ့အတူ ဖမ်းမိဟု နစက သတင်း ထုတ်ပြန်

0
90
ထန်းတပင် အပါအဝင် ရန်ကုန်မြို့တွင်းက မြို့နယ်တွေမှာ ပစ်ခတ်မှု ဗုံးဖောက်ခွဲမှုတွေလုပ်ခဲ့တဲ့ ၄၇ ယောက်ကို လက်နက်၊ခဲယမ်းတွေနဲ့အတူဖမ်းမိဟု နစက သတင်းထုတ်ပြန်
ရန်ကုန်မြို့တွင်းက သံလျင်တံတား၊မြောက်ဥက္ကလာပတံတား၊ထန်းတပင်မြို့နယ်၊ကြည့်မြင်တိုင်မြို့နယ်၊တောင်ဥက္ကလာပမြို့နယ်၊ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊သာကေတမြို့နယ်နဲ့ဗားဂရာမီးပွိုင့်ကလုံခြုံရေးအဖွဲ့ဝင်တွေကို သေနတ်နဲ့ပစ် ခတ်ခဲ့တာတွေအပြင် ဗုံးဖောက်ခွဲတာတွေလုပ်ခဲ့ကြတဲ့ အမျိုးသား ၄၀ ယောက်၊အမျိုးသမီး ခုနှစ်ယောက်(စုစုပေါင်း ၄၇)ယောက်ကို လက်နက်၊ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ပါတယ်။
လုံခြုံရေးအဖွဲ့ဝင်တွေက နိုဝင်ဘာ ၁၂ ရက်မှာ ပြစ်မှုကျူးလွန်သူတွေထဲက အောင်ဇင်ဖြိုး(ခ) မင်းကြီး(၁၉)နှစ်ကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့ နယ်က အင်းဝအိမ်မှာ သတင်းအရ ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိသူရဲ့ ဖော်ထုတ်ချက်အရ အဓိကပြစ်မှုကျူးလွန်သူဖြစ်တဲ့ မြတ်သူ(ခ)နတ်စိုး(၃၂)နှစ်ကို ပြစ်မှုကျူးလွန်ရာမှာပါဝင်သူ လေးယောက်နဲ့အ တူ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄၆ ရပ် ကွက်၊ပြည်ထောင်စုလမ်းမှာရှိတဲ့ Hotel 46 ကနေဖမ်းမိခဲ့ကြောင်းနဲ့ မြတ်သူ(ခ)နတ်စိုးရဲ့ထွက်ဆိုချက်အရ ဆက်စပ်ပြစ်မှုကျူးလွန်သူ ၄၁ ယောက်ကိုနေရာအသီးသီးကနေ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းကို အဲဒီသတင်းထုတ်ပြန်ချက်မှာပဲဖေါ်ပြထားပါတယ်။
ဖမ်းမိသူတွေနဲ့အတူ လက်နက်ငယ်မျိုးစုံ ၃၄ လက်၊ကျည်အိမ်မျိုးစုံ ၇၀ ခု၊ကျည်မျိုးစုံ ၂၁၀၅ တောင့်၊ ၄၀ မမဗုံးသီး ၁၇ လုံး၊လက်လုပ်ဗုံး ၁၀ လုံး၊ရီမုမိုင်း လေးလုံး၊ရှေ့ထွက်မိုင်း လေးခု၊မီးခိုးဗုံး ငါးလုံး၊ရှို့ပစ် နှစ်လုံး၊ယမ်းမှုန့်(မီးခိုးရောင်)ခုနှစ်ထုပ်၊မှန်ပြောင်း တစ်ခု၊စိတ်ကြွဆေးပြားတွေကိုလည်း သိမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းမိတဲ့သူတွေကို ဥပဒေအရအရေးယူသွားမှာဖြစ်ပြီး ဖမ်းဆီးဖို့ကျန်နေသူတွေကိုလည်း ထပ်မံဖမ်းဆီးရမိဖို့အတွက် လုံခြုံရေးအဖွဲ့တွေက စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here