ပညာရေး ဝန်ထမ်း ၁၂ဦး တိုက်ခိုက် ခံရ၍ သေဆုံးဟု နစက ထုတ်ပြန်

0
225
ပညာရေးဝန်ထမ်း ၁၂ဦး တိုက်ခိုက်ခံရ၍ သေဆုံးဟု နစကထုတ်ပြန်
ဖေဖော်ဝါရီ ၁ ရက်ကနေ နိုဝင်ဘာ ၁၅ ရက်အထိ ၁၀ လနီးပါးအတွင်းမှာ အကြမ်းဖက်တိုက်ခိုက်ပစ် ခတ်ခံရတာတွေကြောင့် ဆရာ၊ဆရာမနဲ့ပညာရေးဝန်ထမ်း ၁၂ ယောက်သေဆုံးခဲ့ပြီး ၁၅ ယောက်ထိ ခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ နစက ကထုတ်ပြန်ခဲ့ပါတယ်။
သေဆုံးခဲ့တဲ့ ဆရာ၊ဆရာမနဲ့ပညာရေးဝန်ထမ်း ၁၂ ယောက်ဟာ ရန်ကုန်တိုင်း၊မန္တလေးတိုင်း၊ပဲခူးတိုင်း၊မကွေးတိုင်းနဲ့စစ်ကိုင်းတိုင် းတို့က အ ခြေခံပညာကျောင်းတွေမှာ တာဝန်ထမ်းဆောင်ရင်းအကြမ်းဖက်တိုက်ခိုက်ပစ်ခတ်ခံခဲ့ရတာပါ။
ဒဏ်ရာရသူ ၁၅ ယောက်ကလည်း ကချင်ပြည် နယ်၊ပဲခူးတိုင်း၊စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်းနဲ့ဧရာဝတီတိုင်းတို့မှာ တာဝန်ထမ်းဆောင်ရင်းဖြစ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာရေးသားဖော်ပြပါတယ်။
ဆရာ၊ဆရာမနဲ့ပညာရေးဝန်ထမ်းတွေကို CDM လှုပ်ရှားမှုမှာပါဝင်လာစေဖို့အတွက် Social Punishmen လုပ်တာ၊လှုံ့ဆော်တာ၊ခြိမ်းခြောက်အကြပ်ကိုင်တာတွေကို လုပ်ခဲ့ကြပါတယ်။စာသင်ကြားတာတွေမလုပ်နိုင်အောင်လည်း နှောင့်ယှက်တိုက်ခိုက်ခဲ့ကြတယ်လို့ လည်းဆိုပါတယ်။
ဒါ့အပြင် ကလေးငယ်တွေစာသင်ကြားတာကို အ ခက်အခဲဖြစ်အောင် ကျောင်းတွေကို လက်လုပ်ဗုံးတွေ မိုင်းတွေနဲ့ဖောက်ခွဲဖျက်ဆီးတာ မီးရှို့ဖျက်စီးတာတွေကိုလည်းလုပ်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာတွေ့ရပါတယ်။
ပညာရေးဝန်ထမ်းအချို့ တိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့သလို သတ်ဖြတ်ခံရမှုတွေကြောင့် ရဟန်း သံဃာတော် ၁၂ ပါးလည်း ပျံလွန်တော်မူခဲ့တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ နစကဘက်က ထုတ်ပြန်ထားတာရှိပါတယ်။
မိုးမောက်၊မိုးညှင်း၊မင်းတပ်၊ကနီ၊ပုလဲ၊မင်းကင်း၊ကောလင်း၊ကလေး၊မုံရွာ၊ဝမ်းတွင်းစတာတွေက ရဟန်း သံဃာတော် ၁၂ ပါး အသတ်ခံရလို့ ပျံလွန်တော်မူခဲ့တာဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here