တနင်္သာရီလေကြောင်းခရီးစဉ်များ ယနေ့ကစနေ့စဉ် ပြန်လည်ပြေးဆွဲ

0
481

(Unicode)

တနင်္သာရီလေကြောင်းခရီးစဉ်များ ယနေ့ကစနေ့စဉ် ပြန်လည်ပြေးဆွဲ

ရန်ကုန်-ထားဝယ်၊ ရန်ကုန်-မြိတ်၊ ရန်ကုန်-ကော့သောင်း လေကြောင်းခရီးစဉ်များကို နေ့စဉ် ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း လေကြောင်းလိုင်းများကကြေညာသည်။

ရန်ကုန်-ထားဝယ်၊ ရန်ကုန်-မြိတ် လေကြောင်းခရီးစဉ်များကို နိုဝင်ဘာ ၁၉ ရက်မှစ၍ လည်းကောင်း၊ ရန်ကုန်-ကော့သောင်း ခရီးစဉ်များကို နိုဝင်ဘာ ၂၁ ရက်မှစ၍ လည်းကောင်း နေ့စဉ် ပြန်လည်ပြေးဆွဲမည်ဖြစ်သည်။

ရန်ကုန်-ကော့သောင်း လေကြောင်းခရီးစဉ်ကို အပတ်စဉ် ကြာသပတေးနေ့တိုင်း ပြေးဆွဲလျက် ရှိရာ နိုဝင်ဘာ ၂၁ ရက်မှစ၍ နေ့စဉ် ပြန်လည် ပြေးဆွဲမည်ဖြစ်သည်။

ရန်ကုန်-ထားဝယ်-ကော့သောင်း-ထားဝယ်-ရန်ကုန်ခရီးစဉ်များကိုတနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ နေ့များတွင်လည်းကောင်း၊ ရန်ကုန်-ထားဝယ်-ရန်ကုန်တိုက်ရိုက်ခရီးစဉ်ကို အင်္ဂါ၊ ကြာသပတေး၊ စနေ၊ တနင်္ဂနွေနေ့များတွင် လည်းကောင်း၊ ထားဝယ်-ကော့သောင်းခရီးစဉ်ကို တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် လည်းကောင်း ပြေးဆွဲမည်ဖြစ်သည်ဟု လေကြောင်းလိုင်း၏အဆိုအရသိရသည်။

အဆိုပါခရီးစဉ်များကို MAI နှင့် Air KBZ တို့ ပူးပေါင်း၍ E190 လေယာဉ်ဖြင့် ပြေးဆွဲပေးမည်ဖြစ်သည်။

(Zawgyi)

တနသၤာရီေလေၾကာင္းခရီးစဥ္မ်ား ယေန႔ကစေန႔စဥ္ ျပန္လည္ေျပးဆြဲ

ရန္ကုန္-ထားဝယ္၊ ရန္ကုန္-ၿမိတ္၊ ရန္ကုန္-ေကာ့ေသာင္း ေလေၾကာင္းခရီးစဥ္မ်ားကို ေန႔စဥ္ ျပန္လည္ေျပးဆြဲမည္ျဖစ္ေၾကာင္း ေလေၾကာင္းလိုင္းမ်ားကေၾကညာသည္။

ရန္ကုန္-ထားဝယ္၊ ရန္ကုန္-ၿမိတ္ ေလေၾကာင္းခရီးစဥ္မ်ားကို ႏိုဝင္ဘာ ၁၉ ရက္မွစ၍ လည္းေကာင္း၊ ရန္ကုန္-ေကာ့ေသာင္း ခရီးစဥ္မ်ားကို ႏိုဝင္ဘာ ၂၁ ရက္မွစ၍ လည္းေကာင္း ေန႔စဥ္ ျပန္လည္ေျပးဆြဲမည္ျဖစ္သည္။

ရန္ကုန္-ေကာ့ေသာင္း ေလေၾကာင္းခရီးစဥ္ကို အပတ္စဥ္ ၾကာသပေတးေန႔တိုင္း ေျပးဆြဲလ်က္ ရွိရာ ႏိုဝင္ဘာ ၂၁ ရက္မွစ၍ ေန႔စဥ္ ျပန္လည္ ေျပးဆြဲမည္ျဖစ္သည္။

ရန္ကုန္-ထားဝယ္-ေကာ့ေသာင္း-ထားဝယ္-ရန္ကုန္ခရီးစဥ္မ်ားကိုတနလၤာ၊ ဗုဒၶဟူး၊ ေသာၾကာ ေန႔မ်ားတြင္လည္းေကာင္း၊ ရန္ကုန္-ထားဝယ္-ရန္ကုန္တိုက္႐ိုက္ခရီးစဥ္ကို အဂၤါ၊ ၾကာသပေတး၊ စေန၊ တနဂၤေႏြေန႔မ်ားတြင္ လည္းေကာင္း၊ ထားဝယ္-ေကာ့ေသာင္းခရီးစဥ္ကို တနလၤာ၊ ဗုဒၶဟူး၊ ေသာၾကာေန႔မ်ားတြင္ လည္းေကာင္း ေျပးဆြဲမည္ျဖစ္သည္ဟု ေလေၾကာင္းလိုင္း၏အဆိုအရသိရသည္။

အဆိုပါခရီးစဥ္မ်ားကို MAI ႏွင့္ Air KBZ တို႔ ပူးေပါင္း၍ E190 ေလယာဥ္ျဖင့္ ေျပးဆြဲေပးမည္ျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here