ပန်းလှိုင်ဆေးရုံတွင် Sinopharm ကာကွယ် ဆေးများ တရားဝင်ထိုးနှံနိုင်

0
131

(Unicode)

ပန်းလှိုင်ဆေးရုံတွင် Sinopharm ကာကွယ် ဆေးများ တရားဝင်ထိုးနှံနိုင်

ပန်းလှိုင်ဆေးရုံတွင် Sinopharm ကိုဗစ်၁၉ ကာကွယ်ဆေးတွေကို ကျန်းမာရေးဝန်ကြီး ဌာ န၏ခွင့်ပြုချက်ဖြင့် ဝယ်ယူထိုးနှံနိုင်တော့မယ်လို့ သိရပါတယ်။

Sinopharm ထံမှ Sinopharm BIBP(Beijing Institute of Biological Product) COVID 19 ကာကွယ်ဆေးတွေကို ပန်းလှိုင်ဆေးရုံမှ တိုက် ရိုက်မှာယူထားခဲ့ရာ နိုဝင်ဘာ ၁၈ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် Sinopharm ကိုဗစ်၁၉ ကာကွယ်ဆေး အလုံးရေ ၄၀၀,၀၀၀ ထိ တင်သွင်းသွားမှာဖြစ်တယ် လို့ ဆေးရုံဘက်က ကြေညာထားပါတယ်။

ပုဂ္ဂလိကဆေးရုံတွေထဲမှာ Sinopharm ကိုဗစ် ၁၉ကာကွယ်ဆေးတွေကို တိုက်ရိုက်မှာယူတင် သွင်းတဲ့ ပထမဆုံးဆေးရုံဖြစ်ပြီး ယခင်ကတော့ အဖွဲ့အစည်းများမှ မှာယူသည့်ကာကွယ် ဆေးတွေကို ထိုးနှံပေးခဲ့ရာ အလုံးရေ ၇၀,၀၀၀ ထိုးနှံပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here