တရုတ်နိုင်ငံအတွင်း ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသား ၁၆၅ ဦး ကို ပြန်ပို့မည်

0
256

(Unicode)

တရုတ်နိုင်ငံအတွင်း ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသား ၁၆၅ ဦး ကို ပြန်ပို့မည်

တရုတ်နိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရပြီး အထောက်အထားမရှိသဖြင့် မြန်မာနိုင်ငံသို့ ပြန်ရန်ခက်ခဲနေသည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သိရသည်။

ယင်း အမျိုးသား ၁၀၅ ၊ အမျိုးသမီး ၆၀ ဦး စုစုပေါင်း ၁၆၅ ဦးတို့ ကို ယခုအခါ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ယူနန်ပြည်နယ်၊ အန်းနင်ထိန်းသိမ်းရေးစခန်း၌ ထိန်းသိမ်းထားပြီး တရုတ်နိုင်ငံကျန်းမာရေးဌာနအနေဖြင့် ကိုဗစ်-၁၉ စစ်ဆေးမှုများ ပြုလုပ်ပြီးဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံသားဟုတ်၊မဟုတ် ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်နှင့် ကောင်စစ်အရာရှိများက နိုဝင်ဘာလ ၁၇ ရက်တွင် သွားရောက် စိစစ်အတည်ပြုပေးခဲ့သေးကြောင်း သိရသည်။

ပုံစာ-နိုဝင်ဘာလ ၁၇ ရက် က မြန်မာနိုင်ငံသားဟုတ်၊မဟုတ် သွားရောက်စစ်ဆေးခဲ့ကြသည်ကိုတွေ့ရစဉ်

(Zawgyi)

တ႐ုတ္ႏိုင္ငံအတြင္း ဖမ္းဆီးထိန္းသိမ္းခံရသည့္ ျမန္မာႏိုင္ငံသား ၁၆၅ ဦး ကို ျပန္ပို႔မည္

တ႐ုတ္ႏိုင္ငံသို႔ တရားမဝင္ ဝင္ေရာက္မႈျဖင့္ ဖမ္းဆီးထိန္းသိမ္းျခင္းခံထားရၿပီး အေထာက္အထားမရွိသျဖင့္ ျမန္မာႏိုင္ငံသို႔ ျပန္ရန္ခက္ခဲေနသည့္ ျမန္မာႏိုင္ငံသားမ်ားအား နယ္စပ္ဂိတ္မ်ားမွတစ္ဆင့္ ျမန္မာႏိုင္ငံသို႔ ျပန္လည္ပို႔ေဆာင္ေပးမည္ျဖစ္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သိရသည္။

ယင္း အမ်ိဳးသား ၁၀၅ ၊ အမ်ိဳးသမီး ၆၀ ဦး စုစုေပါင္း ၁၆၅ ဦးတို႔ ကို ယခုအခါ တ႐ုတ္ျပည္သူ႔သမၼတ ႏိုင္ငံ ယူနန္ျပည္နယ္၊ အန္းနင္ထိန္းသိမ္းေရးစခန္း၌ ထိန္းသိမ္းထားၿပီး တ႐ုတ္ႏိုင္ငံက်န္းမာေရးဌာနအေနျဖင့္ ကိုဗစ္-၁၉ စစ္ေဆးမႈမ်ား ျပဳလုပ္ၿပီးျဖစ္ေၾကာင္းလည္း သိရသည္။

အဆိုပါ ထိန္းသိမ္းခံထားရသည့္ ျမန္မာႏိုင္ငံသားမ်ားအား ျမန္မာႏိုင္ငံသို႔ ျပန္လည္ပို႔ေဆာင္ႏိုင္ေရးအတြက္ ျမန္မာႏိုင္ငံသားဟုတ္၊မဟုတ္ ကူမင္းၿမိဳ႕၊ ျမန္မာေကာင္စစ္ဝန္ခ်ဳပ္႐ုံးမွ ေကာင္စစ္ဝန္ခ်ဳပ္ ဦးေသာ္တာေအာင္ႏွင့္ ေကာင္စစ္အရာရွိမ်ားက ႏိုဝင္ဘာလ ၁၇ ရက္တြင္ သြားေရာက္ စိစစ္အတည္ျပဳေပးခဲ့ေသးေၾကာင္း သိရသည္။

ပုံစာ-ႏိုဝင္ဘာလ ၁၇ ရက္ က ျမန္မာႏိုင္ငံသားဟုတ္၊မဟုတ္ သြားေရာက္စစ္ေဆးခဲ့ၾကသည္ကိုေတြ႕ရစဥ္


LEAVE A REPLY

Please enter your comment!
Please enter your name here