လားရှိုးတွင် ပိုးတွေ့မှုနှုန်းလျော့ကျ

0
65

(Unicode)

လားရှိုးတွင် ပိုးတွေ့မှုနှုန်းလျော့ကျ

နိုဝင်ဘာလအတွင်း လားရှိုးမြို့မှာ ပိုးတွေ့မှုရာခိုင် နှုန်းက ၅% အောက်ကျသွားတယ်လို့ လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ ပြောပြချက်အရ သိရပါတယ်။

ကိုဗစ်ပိုးတွေ့လူနာတွေရှိနေသလို တဖက်မှာလည်း ကာကွယ်ဆေးထိုးလုပ်ငန်းတွေလုပ်ဆောင် နေကာ မြို့ရဲ့ ၄၈%ထိ ကာကွယ်ဆေးထိုးနှံပြီးဖြစ်တယ်လို့လည်း မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်နိုင်ဦးကပြောပါတယ်။

လားရှိုးမြို့မှာတော့ ကိုဗစ်ဖြစ်ပွါးမှုနှုန်းဟာ စက်တင်ဘာ ၂၀နောက်ပိုင်းပြန်ပြီးများလာကာ မြို့တွေကနေတဆင့် ကျေးရွာအုပ်စုတွေထိပါ ကူးစက်မှုတွေ ရှိလာခဲ့တာလို့ သိရပါတယ်။

နိုဝင်ဘာလအတွင်း ရှမ်းပြည်နယ်မှာ ကိုဗစ်အ တည်ပြုလူနာ ၉၈၆၆ ဦးရှိပြီး သေဆုံးသူဦးရေ ၉၈ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာ ရင်းအရ သိရပါတယ်။

အောက်တိုဘာ ၁၈ရက်နေ့ထိကို ကိုဗစ်ကူးစက် မှုရာခိုင်နှုန်း ၇% ထိကျဆင်းနေခဲ့ပေမယ့် ရှမ်းပြည်(တောင်ပိုင်း)၊ရှမ်းပြည်(မြောက်ပိုင်း)နဲ့ရှမ်းပြည်(အရှေ့ပိုင်း)တို့မှာ ပိုးတွေ့လူနာနဲ့ ပိုးတွေ့ရှိမှုနှုန်းက များနေခဲ့တာပါ။

နိုင်ငံတွင်းမှာတော့ နိုဝင်ဘာ ၁၈ရက်နေ့ထိစာရင်းတွေအရ ကိုဗစ်၁၉အတည်ပြုလူနာ ၅သိန်းကျော်ရှိပြီး သေဆုံးသူဦးရေ ၁၈၉၈၉ဦးရှိကာ တနိုင်ငံလုံးအတိုင်းအတာအရ ပိုးတွေ့မှုနှုန်းက ၂.၉၄% ရှိတယ်လို့ သိရပါတယ်။

(Zawgyi)

လားရႈိးတြင္ ပိုးေတြ႕မႈႏႈန္းေလ်ာ့က်

ႏိုဝင္ဘာလအတြင္း လားရႈိးၿမိဳ႕မွာ ပိုးေတြ႕မႈရာခိုင္ ႏႈန္းက ၅% ေအာက္က်သြားတယ္လို႔ လားရႈိးၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။

ကိုဗစ္ပိုးေတြ႕လူနာေတြရွိေနသလို တဖက္မွာလည္း ကာကြယ္ေဆးထိုးလုပ္ငန္းေတြလုပ္ေဆာင္ ေနကာ ၿမိဳ႕ရဲ႕ ၄၈%ထိ ကာကြယ္ေဆးထိုးႏွံၿပီးျဖစ္တယ္လို႔လည္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးဦးေဇာ္ႏိုင္ဦးကေျပာပါတယ္။

လားရႈိးၿမိဳ႕မွာေတာ့ ကိုဗစ္ျဖစ္ပြါးမႈႏႈန္းဟာ စက္တင္ဘာ ၂၀ေနာက္ပိုင္းျပန္ၿပီးမ်ားလာကာ ၿမိဳ႕ေတြကေနတဆင့္ ေက်း႐ြာအုပ္စုေတြထိပါ ကူးစက္မႈေတြ ရွိလာခဲ့တာလို႔ သိရပါတယ္။

ႏိုဝင္ဘာလအတြင္း ရွမ္းျပည္နယ္မွာ ကိုဗစ္အ တည္ျပဳလူနာ ၉၈၆၆ ဦးရွိၿပီး ေသဆုံးသူဦးေရ ၉၈ ဦးရွိေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနရဲ႕ စာ ရင္းအရ သိရပါတယ္။

ေအာက္တိုဘာ ၁၈ရက္ေန႔ထိကို ကိုဗစ္ကူးစက္ မႈရာခိုင္ႏႈန္း ၇% ထိက်ဆင္းေနခဲ့ေပမယ့္ ရွမ္းျပည္(ေတာင္ပိုင္း)၊ရွမ္းျပည္(ေျမာက္ပိုင္း)နဲ႔ရွမ္းျပည္(အေရွ႕ပိုင္း)တို႔မွာ ပိုးေတြ႕လူနာနဲ႔ ပိုးေတြ႕ရွိမႈႏႈန္းက မ်ားေနခဲ့တာပါ။

ႏိုင္ငံတြင္းမွာေတာ့ ႏိုဝင္ဘာ ၁၈ရက္ေန႔ထိစာရင္းေတြအရ ကိုဗစ္၁၉အတည္ျပဳလူနာ ၅သိန္းေက်ာ္ရွိၿပီး ေသဆုံးသူဦးေရ ၁၈၉၈၉ဦးရွိကာ
တႏိုင္ငံလုံးအတိုင္းအတာအရ ပိုးေတြ႕မႈႏႈန္းက ၂.၉၄% ရွိတယ္လို႔ သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here