မင်္ဂလာဒုံ မြို့နယ်က မြို့နယ် စီမံရေးရုံးကို ပစ်ခတ်ခဲ့သူ ခုနှစ်ယောက်ကို လက်နက်တွေ နဲ့အတူမိ

0
188

မင်္ဂလာဒုံမြို့နယ်က မြို့နယ်စီမံရေးရုံးကိုပစ်ခတ်ခဲ့သူ ခုနှစ်ယောက်ကိုလက်နက်တွေနဲ့အတူမိ

မင်္ဂလာဒုံမြို့နယ်က မြို့နယ် စီမံအုပ်ချုပ်ရေးရုံးကို ကားပေါ်ကနေပစ်ခတ်ခဲ့သူ ခုနှစ်ယောက်ကို လက် နက်၊ခဲယမ်းတွေနဲ့အတူ နိုဝင်ဘာ ၁၂ ရက်နေ့ကစပြီ းဆက်စပ်ဖမ်းမိခဲ့တယ်လို့ နစက ကထုတ်ပြန်ခဲ့ပါတယ်။

လုံခြုံရေးအဖွဲ့ဝင်တွေက နိုဝင်ဘာ ၁၂ ရက်မှာသ တင်းအရ ပြစ်မှုကျူးလွန်ရာမှာအသုံးပြုခဲ့တဲ့ ကားကိုဌားပေးခဲ့သူ ဟန်လင်းသိန်း(ခ)ရဲလင်းသိန်း(၄၀)နှစ်ကို မင်္ဂလာဒုံမြို့နယ်မှာဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီနေ့မှာပဲ ပြစ်မှုကျူးလွန်ရာမှာပါဝင်ခဲ့သူ လေး ယောက်ကိုနေရာအသီးသီးကနေထပ်ပြီးဖမ်းမိခဲ့ပါတယ်။

ဖမ်းမိတဲ့သူတွေရဲ့ထွက်ဆိုချက်တွေအရ ပြစ်မှုကျူးလွန်ရာမှာပါဝင်ခဲ့သူ နှစ်ယောက်ကိုလည်း ထပ်ဖမ်းမိခဲ့ပါတယ်။

ဖမ်းမိတဲ့သူ ခုနှစ်ယောက်နဲ့အတူ M16 နှစ်လက်၊ကျည်အိမ် ကိုးခု၊ ၅.၅၆ ကျည် ၈၂၀ တောင့်၊ပွိုငိ့ ၃၈၀ ကျည် ၅၀ တောင့်၊ကျည်ခွံ ၃၄ တောင့်၊ ၉ မမကျည် ၇၅ တောင့်၊လက်လုပ်ဗုံး သုံးလုံး၊ဒီတိုနေတာ ၂၈ ချောင်း၊ဒီတိုနေတာကြိုး လေးခွေ၊ယမ်းပြင်း သုံးကီလိုဂရမ်ခန့်၊သံဘောစေ့ ၁၂ ဗူးပါ ၂၀ ကဒ်၊လမ်းလျှောက်စကားပြောစက် ခုနှစ်လုံး၊ icom အထိုင်စက် လေးလုံး၊ဆေးမျိုးစုံနဲ့အတူ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းတွေကိုပါ သိမ်း ဆည်းရမိခဲ့ပါတယ်။

ဖမ်းဆီးရမိသူတွေကို ဥပဒေအရအရေးယူဆောင် ရွက်သွားမှာဖြစ်ပြီး ဖမ်းဆီးဖို့ကျန်နေသူတွေကိုထပ်မံဖမ်းဆီးရမိဖို့အတွက် စစ်ဆေးနေပါတယ်။

Zaw Gyi

မဂၤလာဒုံၿမိဳ႕နယ္က ၿမိဳ႕နယ္စီမံေရး႐ုံးကိုပစ္ခတ္ခဲ့သူ ခုႏွစ္ေယာက္ကိုလက္နက္ေတြနဲ႔အတူမိ

မဂၤလာဒုံၿမိဳ႕နယ္က ၿမိဳ႕နယ္စီမံအုပ္ခ်ဳပ္ေရး႐ုံးကို ကားေပၚကေနပစ္ခတ္ခဲ့သူ ခုႏွစ္ေယာက္ကို လက္ နက္၊ခဲယမ္းေတြနဲ႔အတူ နိုဝင္ဘာ ၁၂ ရက္ေန႔ကစၿပီးဆက္စပ္ဖမ္းမိခဲ့တယ္လို႔ နစက ကထုတ္ျပန္ခဲ့ပါတယ္။

လုံျခဳံေရးအဖြဲ႕ဝင္ေတြက နိုဝင္ဘာ ၁၂ ရက္မွာသ တင္းအရ ျပစ္မွုက်ဴးလြန္ရာမွာအသုံးျပဳခဲ့တဲ့ ကားကိုဌားေပးခဲ့သူ ဟန္လင္းသိန္း(ခ)ရဲလင္းသိန္း(၄၀)ႏွစ္ကို မဂၤလာဒုံၿမိဳ႕နယ္မွာဖမ္းဆီးရမိခဲ့ပါတယ္။

အဲဒီေန႔မွာပဲ ျပစ္မွုက်ဴးလြန္ရာမွာပါဝင္ခဲ့သူ ေလး ေယာက္ကိုေနရာအသီးသီးကေနထပ္ၿပီးဖမ္းမိခဲ့ပါတယ္။

ဖမ္းမိတဲ့သူေတြရဲ့ထြက္ဆိုခ်က္ေတြအရ ျပစ္မွုက်ဴးလြန္ရာမွာပါဝင္ခဲ့သူ ႏွစ္ေယာက္ကိုလည္း ထပ္ဖမ္းမိခဲ့ပါတယ္။

ဖမ္းမိတဲ့သူ ခုႏွစ္ေယာက္နဲ႔အတူ M16 ႏွစ္လက္၊က်ည္အိမ္ ကိုးခု၊ ၅.၅၆ က်ည္ ၈၂၀ ေတာင့္၊ပြိဳငိ့ ၃၈၀ က်ည္ ၅၀ ေတာင့္၊က်ည္ခြံ ၃၄ ေတာင့္၊ ၉ မမက်ည္ ၇၅ ေတာင့္၊လက္လုပ္ဗုံး သုံးလုံး၊ဒီတိုေနတာ ၂၈ ေခ်ာင္း၊ဒီတိုေနတာႀကိဳး ေလးေခြ၊ယမ္းျပင္း သုံးကီလိုဂရမ္ခန္႔၊သံေဘာေစ့ ၁၂ ဗူးပါ ၂၀ ကဒ္၊လမ္းေလၽွာက္စကားေျပာစက္ ခုႏွစ္လုံး၊ icom အထိုင္စက္ ေလးလုံး၊ေဆးမ်ိဳးစုံနဲ႔အတူ ေဖာက္ခြဲေရးဆက္စပ္ပစၥည္းေတြကိုပါ သိမ္း ဆည္းရမိခဲ့ပါတယ္။

ဖမ္းဆီးရမိသူေတြကို ဥပေဒအရအေရးယူေဆာင္ ရြက္သြားမွာျဖစ္ၿပီး ဖမ္းဆီးဖို႔က်န္ေနသူေတြကိုထပ္မံဖမ္းဆီးရမိဖို႔အတြက္ စစ္ေဆးေနပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here