၂၀၁၀ က ထူထောင်ခဲ့သည့် နိုင်ငံရေး ပါတီ၁ခုကို ဖျက်သိမ်း

0
250

၂၀၁၀ က ထူထောင်ခဲ့သည့် နိုင်ငံရေးပါတီ၁ခုကို ဖျက်သိမ်း

ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ်တွင် ရုံးစိုက်သည့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး နှင့် ငြိမ်းချမ်းရေးပါတီ National Development and Peace Party ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ပါတီအား ဖျက်သိမ်းလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကောက်ပွဲကော်မရှင်က ယနေ့ နိုဝင်ဘာ ၂၀ရက်တွက်ကြေညာသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး နှင့် ငြိမ်းချမ်းရေးပါတီ National Development and Peace Party ကို မှတ်ပုံတင်အမှတ် (၄၂)၊ ၂၄-၈-၂၀၁၀ ရက်စွဲပါ ကြေညာချက်အမှတ် (၉၅/၂၀၁၀)ဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ပါတီဘက်သို့ ဆက်သွယ်ရာ မှတ်ချက်ပြုရန် ငြင်းဆိုခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကမူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး နှင့် ငြိမ်းချမ်းရေးပါတီ National Development and Peace Party ၏ ၂၃-၈-၂၀၂၁ ရက်စွဲပါစာဖြင့် နိုင်ငံရေးပါတီကို ဖျက်သိမ်းကြောင်း တင်ပြချက်နှင့် စပ်လျဉ်း၍ ၁၆-၁၁-၂၀၂၁ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၈/၂၀၂၁) ၏ဆုံးဖြတ်ချက်အရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၉ (က) နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းရန် အတည် ပြုခဲ့ပါသည်ဟု ကြေညာထားသည်။

နိုင်ငံတွင် တည်ဆဲနိုင်ငံရေးပါတီ ၉၂ပါတီအထိ ရှိနေသည်။

 

၂၀၁၀ က ထူေထာင္ခဲ့သည့္ နိုင္ငံေရးပါတီ၁ခုကို ဖ်က္သိမ္း

ရန္ကုန္ၿမိဳ႕ ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္တြင္ ႐ုံးစိုက္သည့္ အမ်ိဳးသားဖြံ့ၿဖိဳးတိုးတက္ေရး ႏွင့္ ၿငိမ္းခ်မ္းေရးပါတီ National Development and Peace Party ကို ၂၀၂၁ ခုႏွစ္၊ နိုဝင္ဘာလ ၁၆ ရက္ေန႔မွစ၍ နိုင္ငံေရးပါတီအျဖစ္ မွတ္ပုံတင္ထားျခင္းမွ ပယ္ဖ်က္၍ပါတီအား ဖ်က္သိမ္းလိုက္ေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာက္ပြဲေကာ္မရွင္က ယေန႔ နိုဝင္ဘာ ၂၀ရက္တြက္ေၾကညာသည္။

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္သည္ အမ်ိဳးသားဖြံ့ၿဖိဳးတိုးတက္ေရး ႏွင့္ ၿငိမ္းခ်မ္းေရးပါတီ National Development and Peace Party ကို မွတ္ပုံတင္အမွတ္ (၄၂)၊ ၂၄-၈-၂၀၁၀ ရက္စြဲပါ ေၾကညာခ်က္အမွတ္ (၉၅/၂၀၁၀)ျဖင့္ နိုင္ငံေရးပါတီအျဖစ္ မွတ္ပုံတင္ခြင့္ျပဳခဲ့ျခင္းျဖစ္သည္။

ပါတီဘက္သို႔ ဆက္သြယ္ရာ မွတ္ခ်က္ျပဳရန္ ျငင္းဆိုခဲ့သည္။

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ကမူ အမ်ိဳးသားဖြံ့ၿဖိဳးတိုးတက္ေရး ႏွင့္ ၿငိမ္းခ်မ္းေရးပါတီ National Development and Peace Party ၏ ၂၃-၈-၂၀၂၁ ရက္စြဲပါစာျဖင့္ နိုင္ငံေရးပါတီကို ဖ်က္သိမ္းေၾကာင္း တင္ျပခ်က္ႏွင့္ စပ္လ်ဥ္း၍ ၁၆-၁၁-၂၀၂၁ ရက္ေန႔တြင္ က်င္းပေသာ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ စီမံခန႔္ခြဲေရးေကာ္မတီ အစည္းအေဝး အမွတ္စဥ္ (၈/၂၀၂၁) ၏ဆုံးျဖတ္ခ်က္အရ နိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ျခင္းဥပေဒပုဒ္မ ၁၉ (က) ႏွင့္အညီ နိုင္ငံေရးပါတီအျဖစ္ မွတ္ပုံတင္ထားျခင္းမွ ပယ္ဖ်က္၍ ပါတီကို ဖ်က္သိမ္းရန္ အတည္ ျပဳခဲ့ပါသည္ဟု ေၾကညာထားသည္။

နိုင္ငံတြင္ တည္ဆဲနိုင္ငံေရးပါတီ ၉၂ပါတီအထိ ရွိေနသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here