လှိုင်သာယာက သောင်ကြီး ရဲစခန်းရှေ့လက်လုပ်အသံဗုံးပေါက်ကွဲ

0
112
လှိုင်သာယာက သောင်ကြီးရဲစခန်းရှေ့လက်လုပ်အသံဗုံးပေါက်ကွဲ
ဒီနေ့မနက် ၈ နာရီခွဲလောက်က လှိုင်သာယာမြို့ နယ်၊အမှတ်(၁၇)ရပ်ကွက်၊အနော်ရထာလမ်းမကြီး၊စက်မှုဇုန်(၅)က သောင်ကြီးနယ်မြေရဲစခန်းရှေ့မှာ လက်လုပ်အသံဗုံးပေါက်ကွဲခဲ့တယ်လို့ နစက ကထုတ်ပြန်ခဲ့ပါတယ်။
သောင်ကြီးနယ်မြေရဲစခန်းကို လောင်ချာနဲ့ပစ်ခတ်ခံရပြီး သေဆုံးမှုတွေရှိတယ်လို့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ရုပ်သံဖိုင်တွေနဲ့တကွတင်ထားတာကြောင့် ဖြစ်စဥ်အမှန်ကို နစက ကထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။
အခင်းဖြစ်နေရာကို လုံခြုံရေးအဖွဲတွေက စစ် ဆေးတဲ့အခါမှာ ပေါက်ကွဲထားတဲ့ သံတို၊သံစတွေကိုတွေ့ရှိခဲ့ရပြီး လက်လုပ်အသံဗုံးဖြစ်တယ်လို့စစ်ဆေးတွေ့ရှိခဲ့ရပါတယ်လို့ ရေးသားထားပါ တယ်။
ဖြစ်စဥ်မှာ လူထိခိုက်ဒဏ်ရာရတာနဲ့ အဆောက်အဦးတွေထိခိုက်ပျက်စီးတာမရှိခဲ့ဘူးလိုလည်း သိရပါတယ်။
Zaw Gyi




LEAVE A REPLY

Please enter your comment!
Please enter your name here