“အခု နှစ်ကုန်ကစတင်ပြီး ကားအသစ်သာ တင်သွင်းခွင့် ပြုမယ် ဆိုတဲ့ သတင်းကြောင့် ကားအဟောင်း ဈေးနှုန်းတွေမြင့်တက်လာ”

0
291

“အခု နှစ်ကုန်ကစတင်ပြီး ကားအသစ်သာ တင်သွင်းခွင့်ပြုမယ်ဆိုတဲ့သတင်းကြောင့် ကားအဟောင်းဈေးနှုန်းတွေမြင့်တက်လာ”

(ရန်ကုန်၊ နိုဝင်ဘာ ၂၁)

အခု နှစ်ကုန်ကစပြီး ကားတင်သွင်းခွင့်မူဝါဒအရ ကားအသစ်တွေဘဲတင်သွင်းခွင့်ပြုတော့မယ်ဆိုတဲ့သတင်းတွေကြောင့် ဈေးကွက်အတွင်းက ကားအဟောင်းတွေ ဈေးနှုန်းမြင့်တက်လာနေတယ်လို့သိရပါတယ်။

ကားမူဝါဒအပေါ်မှာ ကားဈေးကွက်က အမြဲလှုပ်ခတ်လေ့ရှိပြီး လတ်တလောမှာလည်း ကားအဟောင်းတွေက သိန်းဆယ်ဂဏန်းနီးပါး မြင့်တက်သွားတာဖြစ်ပါတယ်။

“Honda fit လိုလူကြိုက်များတဲ့ကားတွေက အက္ခရာ နိမ့်မော်ဒယ်နိမ့်တောင် သိန်း(၁၅၀)နီးပါးဖြစ်လာတယ်။SKD ကားတွေကလည်း ဘဏ်စနစ်ကြောင့် အရစ်ကျမရောင်းနိုင်တော့ ဂျပန်တစ်ပတ်ရစ်တွေဘဲ အဝယ်လိုက်နေတာ” လို့ ဝါရင့်ကားဝယ်ရောင်း ဦးနီက သုံးသပ်ထားပါတယ်။

မော်တော်ကားဈေးကွက်အတွင်းမှာဂျပန်ညာမောင်းကားတွေ တင်သွင်းခွင့်ပိတ်လိုက်ထဲက တဖြေးဖြေးချင်း ကားဈေးနှုန်း ကပြန်လည်မြင့်တက်လာတာဖြစ်ပြီး လွန်ခဲ့တဲ့ ငါးနှစ်က ထက်အခုဆိုရင် သုံးဆယ်ရာခိုင်နှုန်းလောက် ဈေးပြန်တက်သွားတယ်လို့သိရပါတယ်။

Zaw Gyi

“အခု ႏွစ္ကုန္ကစတင္ၿပီး ကားအသစ္သာ တင္သြင္းခြင့္ျပဳမယ္ဆိုတဲ့သတင္းေၾကာင့္ ကားအေဟာင္းေဈးႏွုန္းေတြျမင့္တက္လာ”

(ရန္ကုန္၊ နိုဝင္ဘာ ၂၁)

အခု ႏွစ္ကုန္ကစၿပီး ကားတင္သြင္းခြင့္မူဝါဒအရ ကားအသစ္ေတြဘဲတင္သြင္းခြင့္ျပဳေတာ့မယ္ဆိုတဲ့သတင္းေတြေၾကာင့္ ေဈးကြက္အတြင္းက ကားအေဟာင္းေတြ ေဈးႏွုန္းျမင့္တက္လာေနတယ္လို႔သိရပါတယ္။

ကားမူဝါဒအေပၚမွာ ကားေဈးကြက္က အျမဲလွုပ္ခတ္ေလ့ရွိၿပီး လတ္တေလာမွာလည္း ကားအေဟာင္းေတြက သိန္းဆယ္ဂဏန္းနီးပါး ျမင့္တက္သြားတာျဖစ္ပါတယ္။

“Honda fit လိုလူႀကိဳက္မ်ားတဲ့ကားေတြက အကၡရာ နိမ့္ေမာ္ဒယ္နိမ့္ေတာင္ သိန္း(၁၅၀)နီးပါးျဖစ္လာတယ္။SKD ကားေတြကလည္း ဘဏ္စနစ္ေၾကာင့္ အရစ္က်မေရာင္းနိုင္ေတာ့ ဂ်ပန္တစ္ပတ္ရစ္ေတြဘဲ အဝယ္လိုက္ေနတာ” လို႔ ဝါရင့္ကားဝယ္ေရာင္း ဦးနီက သုံးသပ္ထားပါတယ္။

ေမာ္ေတာ္ကားေဈးကြက္အတြင္းမွာဂ်ပန္ညာေမာင္းကားေတြ တင္သြင္းခြင့္ပိတ္လိုက္ထဲက တေျဖးေျဖးခ်င္း ကားေဈးႏွုန္း ကျပန္လည္ျမင့္တက္လာတာျဖစ္ၿပီး လြန္ခဲ့တဲ့ ငါးႏွစ္က ထက္အခုဆိုရင္ သုံးဆယ္ရာခိုင္ႏွုန္းေလာက္ ေဈးျပန္တက္သြားတယ္လို႔သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here