မန္တလေးတိုင်းက မြို့နယ်နှစ်ခုမှာ ၂ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေမိ

0
95

(Unicode)

မန္တလေးတိုင်းက မြို့နယ်နှစ်ခုမှာ ၂ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေမိ

ရှမ်း(မြောက်)ကနေ စစ်ကိုင်းတိုင်းကိုပို့မဲ့ ၂ ဒသမ ၄ ဘီလီယံတန်ဖိုးရှိတဲ့ ဘိန်းဖြူနဲ့စိတ်ကြွဆေးပြားတွေကို မနွလေးတိုင်းက မြို့နယ်နှစ်ခုမှာ နိုဝင်ဘာ ၁၈ ရက်နဲ့ ၁၉ ရက်တို့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

နိုဝင်ဘာ ၁၈ ရက်နေ့လည် ၁ နာရီခွဲမှာ အမရပူရမြို့နယ်၊ရွှေကြက်ယက်ဆိပ်ကမ်းမှာ သဲကိုကိုဦး (ခ)သဲကို(၂၅)နှစ်မောင်းပြီး အောင်မျိုးသန့်(ခ) နှင်းဝေ(၄၁)နှစ်လိုက်လာတဲ့ ခြောက်ဘီးဆီဘောက်ဆာကားပေါ်ကနေ ဖမ်းမိခဲ့တာလို့ ရဲကပြောပါတယ်။

ဆပ်ပြာခွက် ၃၃၀၀ ခွက်ထဲထည့်ထားတဲ့ ဘိန်း ဖြူ ၃၃ ကီလိုနဲ့စိတ်ကြွဆေး ၂၅၈၀၀၀ သိန်းပြားဖြစ်ပါတယ်။

စစ်ဆေးဖော်ထုတ်ချက်အရ နိုဝင်ဘာ ၁၉ ရက်မှာ မူးယစ်ဆေးဝါးတွေသယ်ရာမှာပူးပေါင်းပါဝင်တဲ့ ဇော်တင့်အောင်(ခ)ထော်ကြီး(၃၅)နှစ်၊ရဲစောနောင် (ခ)ပြူးပြူး(ခ)ငပြူး(၂၉)နှစ်နဲ့စောမွှေး(ခ)ထွန်းထွန်းဝင်း(ခ)မွှေးနီတို့ကို နိုဝင်ဘာ ၁၉ ရက်မှာဖမ်း မိခဲ့ပါတယ်။

ဖမ်းမိသူတွေကို စစ်ဆေးချက်အရ ပြင်ဦးလွင်မြို့ နယ်၊မိုးကြိုးပစ်ရွာနားမှာရပ်ထားတဲ့ ၂၂ ဘီးတွဲကားပေါ်မှာ ဆပ်ပြာခွက် ၄၆၀၀ ခွက်ထဲထည့်ထားတဲ့ ဘိန်းဖြူ ၄၆ ကီလိုနဲ့စိတ်ကြွဆေး ၂၀၀၀၀ ပြားကို နိုဝင်ဘာ ၁၉ ရက်မှာ သိမ်းဆီးရ မိခဲ့တယ်လို့ ရဲကပြောပါတယ်။

ဘိန်းဖြူ၊စိတ်ကြွဆေးပြားတွေနဲ့အတူ ဖမ်းမိထားတဲ့ ငါးယောက်ကို မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်း လဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေး ယူပြီး ကွင်းဆက်တွေဖော်ထုတ်ဖို့စစ်ဆေးနေပါတယ်။

(Zawgyi)

မႏၲေလးတိုင္းက ၿမိဳ႕နယ္ႏွစ္ခုမွာ ၂ ဒသမ ၄ ဘီလီယံေက်ာ္တန္ဖိုးရွိတဲ့ မူးယစ္ေဆးဝါးေတြမိ

ရွမ္း(ေျမာက္)ကေန စစ္ကိုင္းတိုင္းကိုပို႔မဲ့ ၂ ဒသမ ၄ ဘီလီယံတန္ဖိုးရွိတဲ့ ဘိန္းျဖဴနဲ႔စိတ္ႂကြေဆးျပားေတြကို မႏြေလးတိုင္းက ၿမိဳ႕နယ္ႏွစ္ခုမွာ ႏိုဝင္ဘာ ၁၈ ရက္နဲ႔ ၁၉ ရက္တို႔မွာ ဖမ္းဆီးရမိခဲ့ပါတယ္။

ႏိုဝင္ဘာ ၁၈ ရက္ေန႔လည္ ၁ နာရီခြဲမွာ အမရပူရၿမိဳ႕နယ္၊ေ႐ႊၾကက္ယက္ဆိပ္ကမ္းမွာ သဲကိုကိုဦး (ခ)သဲကို(၂၅)ႏွစ္ေမာင္းၿပီး ေအာင္မ်ိဳးသန္႔(ခ) ႏွင္းေဝ(၄၁)ႏွစ္လိုက္လာတဲ့ ေျခာက္ဘီးဆီေဘာက္ဆာကားေပၚကေန ဖမ္းမိခဲ့တာလို႔ ရဲကေျပာပါတယ္။

ဆပ္ျပာခြက္ ၃၃၀၀ ခြက္ထဲထည့္ထားတဲ့ ဘိန္း ျဖဴ ၃၃ ကီလိုနဲ႔စိတ္ႂကြေဆး ၂၅၈၀၀၀ သိန္းျပားျဖစ္ပါတယ္။

စစ္ေဆးေဖာ္ထုတ္ခ်က္အရ ႏိုဝင္ဘာ ၁၉ ရက္မွာ မူးယစ္ေဆးဝါးေတြသယ္ရာမွာပူးေပါင္းပါဝင္တဲ့ ေဇာ္တင့္ေအာင္(ခ)ေထာ္ႀကီး(၃၅)ႏွစ္၊ရဲေစာေနာင္ (ခ)ျပဴးျပဴး(ခ)ငျပဴး(၂၉)ႏွစ္နဲ႔ေစာေမႊး(ခ)ထြန္းထြန္းဝင္း(ခ)ေမႊးနီတို႔ကို ႏိုဝင္ဘာ ၁၉ ရက္မွာဖမ္း မိခဲ့ပါတယ္။

ဖမ္းမိသူေတြကို စစ္ေဆးခ်က္အရ ျပင္ဦးလြင္ၿမိဳ႕ နယ္၊မိုးႀကိဳးပစ္႐ြာနားမွာရပ္ထားတဲ့ ၂၂ ဘီးတြဲကားေပၚမွာ ဆပ္ျပာခြက္ ၄၆၀၀ ခြက္ထဲထည့္ထားတဲ့ ဘိန္းျဖဴ ၄၆ ကီလိုနဲ႔စိတ္ႂကြေဆး ၂၀၀၀၀ ျပားကို ႏိုဝင္ဘာ ၁၉ ရက္မွာ သိမ္းဆီးရ မိခဲ့တယ္လို႔ ရဲကေျပာပါတယ္။

ဘိန္းျဖဴ၊စိတ္ႂကြေဆးျပားေတြနဲ႔အတူ ဖမ္းမိထားတဲ့ ငါးေယာက္ကို မူးယစ္ေဆးဝါးနဲ႔စိတ္ကိုေျပာင္း လဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရအေရး ယူၿပီး ကြင္းဆက္ေတြေဖာ္ထုတ္ဖို႔စစ္ေဆးေနပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here