မြန်မာလုပ်သား နှစ်သိန်းကျော်ကို MoU စနစ်နဲ့ထိုင်းကခေါ်ယူမယ်

0
75

(Unicode)

မြန်မာလုပ်သား နှစ်သိန်းကျော်ကို MoU စနစ်နဲ့ထိုင်းကခေါ်ယူမယ်

ထိုင်းနိုင်ငံမှာ လုပ်ငန်းသစ်တွေလုပ်ကိုင်နေတာကြောင့် လုပ်သားလိုအပ်မှုတွေရှိလာတဲ့အတွက် နိုင်ငံသုံးခုကလုပ်သား လေးသိန်းကျော်ကို MoU စနစ်နဲ့ခေါ်ယူသွားမှာဖြစ်ပါတယ်။

မြန်မာ၊ကမ္ဘောဒီးယားနဲ့လာအိုနိုင်ငံတို့က လုပ် သားတွေကိုခေါ်ယူသွားမှာဖြစ်ပါတယ်။

အဲဒီထဲကမှ မြန်မာလုပ်သား နှစ်သိန်းကျော်ကို နို ဝင်ဘာလကုန်မှာခေါ်ယူနိုင်ဖို့အတွက် သက်ဆိုင်ရာအလုပ်သမားအေဂျင်စီတွေ တာဝန်ရှိသူတွေနဲ့ညှိနှိင်းနေပါတယ်။

“အလုပ်အကိုင်အခွင့်အလမ်းကောင်းလာတဲ့အ တွက် မိသားစုစားဝတ်နေရေးအဆင်ပြေဖို့ အလုပ်ရမယ်ဆိုရင်သွားလုပ်မှာပါ အခုအနီးစပ်ဆုံး ထိုင်းကအလုပ်သမားတွေခေါ်မယ်ဆိုတော့ အဲဒီမှာအ လုပ်သွားလုပ်ဖို့ စီစဥ်နေတယ် လိုအပ်တဲ့စာရွက် စာတမ်းတွေလိုက်လုပ်နေပါတယ်”လို ထိုင်းနိုင်ငံမှာအလုပ်သွားလုပ်ဖို ပြင်ဆင်နေတဲ့ ကိုစိန်ဖြိုးကပြောပါတယ်။

ညှိနှိုင်းချက်တွေထဲမှာ MoU စနစ်နဲ့ထိုင်းနိုင်ငံကို အလုပ်သမားတွေရောက်ရှိချိန်မှာ ကိုဗစ်(၁၉) ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် Quarantine ဝင်ရမဲ့ရက်တွေအတွင်း ကုန်ကျစ ရိတ်တွေကို လုပ်ငန်းရှင်တွေဖက်ကကျခံရမယ်ဆိုတဲ့အချက်ကိုပါ ထည့်သွင်းညှိနှိုင်းနေကြပါတယ်။

(Zawgyi)








LEAVE A REPLY

Please enter your comment!
Please enter your name here