မှတ်ပုံမတင်ထားတဲ့ ပရဟိတအသင်းတွေ မှတ်ပုံတင်ဖို့ ရန်ကုန်အစိုးရညွှန်ကြား

0
192

(Unicode)

မှတ်ပုံမတင်ထားတဲ့ ပရဟိတအသင်းတွေ မှတ်ပုံတင်ဖို့ ရန်ကုန်အစိုးရညွှန်ကြား

လိုင်စင်မဲ့ကားတွေကို ပရဟိတအသင်းတွေ မသုံးကြဖို့ နဲ့ မှတ်ပုံမတင်ထားတဲ့ ပရဟိတအသင်းတွေ မှတ်ပုံတင်ဖို့ ရန်ကုန်တိုင်းအစိုးရက အခုရက်ထဲ ညွှန်ကြားစာတစ်စောင်ထုတ်လိုက်ပါတယ်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဝင် တစ်ဦးက ညွှန်ကြားစာထုတ်လိုက်တာဟုတ်တယ်လို့ ပြောပြီး လိုင်စင်မဲ့ကားတွေအသုံးပြုတာက တရားမဝင်ဘူးလို့ ပြောပါတယ်။

“ညွှန်ကြားစာထွက်ထားတာကဟုတ်တယ် ဖြစ်လည်းဖြစ်သင့်ပါတယ် နာမည်ရှိနေတဲ့ပရဟိတအ သင်းတွေကများနေပြီး တကယ်အလုပ်လုပ်တဲ့အ သင်းတွေကအနည်းအကျဥ်းပဲရှိတယ် အဲဒါတွေကိုစီစစ်လိုက်တာပါ ပိုကောင်းသွားတယ် တစ်ချို့ပရဟိတအသင်းတွေကြတော့ နာမည်ပဲရှိနေပြီး ဦးဆောင်မဲ့သူမရှိတာရယ် အသက်တွေကြီးသွားကြတာရယ်ကြောင့် မလုပ်ကြတော့ဘူး လိုင်စင်မရှိတဲ့ ပရဟိတကားတွေကိုလည်း မြို့နယ်လိုင်စင်ထုတ်ပေးမယ် တိုင်းလိုင်စင်ကိုတော့ပြန်လျှောက်ပေါ့ လိုင်စင်မဲ့ ပရဟိတကားတွေက YRO လိုင်စင်နဲ့ပဲလက်တလောကူညီတာတွေလုပ်ပေးနေကြရတယ်”လို့ ရှင်သန်ရေးလူမှုကူညီရေးအသင်း ဥက္ကဋ္ဌဦးထွန်းထွန်းဦးကပြောပါတယ်။

မှတ်ပုံမတင်တဲ့ ပရဟိတအသင်းတွေကို ဖျက်သိမ်းဖို့လည်း ညွှန်ကြားစာထဲ ဖော်ပြထားတာတွေ့ရပါတယ်။

“အချို့တွေရဲ့ ပရဟိတဗန်းပြပြီး လူကုန်ကူးမှုအပါအဝင် ဒုစရိုက်မှုတွေကို ကျူးလွန်နေတဲ့ မှတ်တမ်းတွေရထားတာကြောင့် အခုလိုမျိုး စီစစ်လုပ်ဆောင်ရတာဖြစ်တယ်”လို့လည်း ပြောပြပါတယ်။

ကိုဗစ်ကပ်ရောဂါကာလအတွင်းမှာ ပရဟိတအသင်းတွေများစွာပေါ်ပေါက်လာခဲ့ပါတယ်။

(Zawgyi)

မွတ္ပုံမတင္ထားတဲ့ ပရဟတိအသင္းေတြ မွတ္ပုံတင္ဖို႔ ရန္ကုန္အစိုးရၫႊန္ၾကား

လိုင္စင္မဲ့ကားေတြကို ပရဟတိတအသင္းေတြ မသုံးၾကဖို႔ နဲ႔ မွတ္ပုံမတင္ထားတဲ့ ပရဟိတအသင္းေတြ မွတ္ပုံတင္ဖို႔ ရန္ကုန္တိုင္းအစိုးရက အခုရက္ထဲ ၫႊန္ၾကားစာတစ္ေစာင္ထုတ္လိုက္ပါတယ္။

ရန္ကုန္တိုင္းအစိုးရအဖြဲ႕ ဝင္ တစ္ဦးက ၫႊန္ၾကားစာထုတ္လိုက္တာဟုတ္တယ္လို႔ ေျပာၿပီး လိုင္စင္မဲ့ကားေတြအသုံးျပဳတာက တရားမဝင္ဘူးလို႔ ေျပာပါတယ္။

“ၫႊန္ၾကားစာထြက္ထားတာကဟုတ္တယ္ ျဖစ္လည္းျဖစ္သင့္ပါတယ္ နာမည္ရွိေနတဲ့ပရဟိတအ သင္းေတြကမ်ားေနၿပီး တကယ္အလုပ္လုပ္တဲ့အ သင္းေတြကအနည္းအက်ဥ္းပဲရွိတယ္ အဲဒါေတြကိုစီစစ္လိုက္တာပါ ပိုေကာင္းသြားတယ္ တစ္ခ်ိဳ႕ပရဟိတအသင္းေတြၾကေတာ့ နာမည္ပဲရွိေနၿပီး ဦးေဆာင္မဲ့သူမရွိတာရယ္ အသက္ေတြႀကီးသြားၾကတာရယ္ေၾကာင့္ မလုပ္ၾကေတာ့ဘူး လိုင္စင္မရွိတဲ့ ပရဟိတကားေတြကိုလည္း ၿမိဳ႕နယ္လိုင္စင္ထုတ္ေပးမယ္ တိုင္းလိုင္စင္ကိုေတာ့ျပန္ေလွ်ာက္ေပါ့ လိုင္စင္မဲ့ ပရဟိတကားေတြက YRO လိုင္စင္နဲ႔ပဲလက္တေလာကူညီတာေတြလုပ္ေပးေနၾကရတယ္”လို႔ ရွင္သန္ေရးလူမႈကူညီေရးအသင္း ဥကၠ႒ဦးထြန္းထြန္းဦးကေျပာပါတယ္။

မွတ္ပုံမတင္တဲ့ ပရဟိတအသင္းေတြကို ဖ်က္သိမ္းဖို႔လည္း ၫႊန္ၾကားစာထဲ ေဖာ္ျပထားတာေတြ႕ရပါတယ္။

“အခ်ိဳ႕ေတြရဲ႕ ပရဟိတဗန္းျပၿပီး လူကုန္ကူးမႈအပါအဝင္ ဒုစ႐ိုက္မႈေတြကို က်ဴးလြန္ေနတဲ့ မွတ္တမ္းေတြရထားတာေၾကာင့္ အခုလိုမ်ိဳး စီစစ္လုပ္ေဆာင္ရတာျဖစ္တယ္”လို႔လည္း ေျပာျပပါတယ္။

ကိုဗစ္ကပ္ေရာဂါကာလအတြင္းမွာ ပရဟိတအသင္းေတြမ်ားစြာေပၚေပါက္လာခဲ့ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here