မြန်မာ-အိန္ဒိယနယ်စပ် ဆိုက်ရောက် (Arrival) ဗီဇာ စစ်ဆေးရေးရုံး မီးလောင်

0
136

(Unicode)

မြန်မာ-အိန္ဒိယနယ်စပ် ဆိုက်ရောက် (Arrival) ဗီဇာ စစ်ဆေးရေးရုံး မီးလောင်

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ ရှိ မြန်မာ-အိန္ဒိယနယ်စပ် ဆိုက်ရောက်(Arrival)ဗီဇာ စစ်ဆေးရေး ရုံး နိုဝင်ဘာ၂၂ရက် မနက်ပိုင်းက မီးလောင်သွားသည်။

အဆိုပါ ဆိုက်ရောက်ဗီဇာစစ်ဆေးရေးရုံးသည် တမူးမြို့ ဈေးတန်းရပ်ကွက်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးရှေ့ အာရှလမ်းမ ကြီးပေါ်တွင် တည်ရှိသည်။

ယင်း စစ်ဆေးရေးရုံးသည် ကိုဗစ်ကြောင့် မတ် ၁၀ ရက်မှစ၍ ယာယီပိတ်သိမ်းထားသည့် ရုံးလည်းဖြစ်သည်။

မီးလောင်မှုကို ရှို့မီးဟု ရဲပြန်ကြားက ပြောကာ နိုဝင်ဘာ ၂၂ရက် မနက် ၅နာရီခွဲအချိန်ခန့်က မီးရှိခံရကာ ရုံးမှန်များ၊ ရုံးအတွင်း တပ်ဆင် ထားသည့် ဝိုင်ယာကြိုးများ၊ ဖိုက်ဘာထိုင်ခုံ လေးလုံးနှင့် ဗီနိုင်း ဆိုင်းဘုတ်တစ်ခုတို မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ရဲပြန်ကြားက နိုင်ငံတော်ပိုင် မြန်မာ-အိန္ဒိယနယ်စပ်ရှိ ဆိုက် ရောက် (Arrival) ဗီဇာစစ်ဆေး ရေးရုံးအား မီးရှို့ဖျက်ဆီးခဲ့သည့် သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံ ရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်နေကြောင်းပြောသည်။

(Zawgyi)

ျမန္မာ-အိႏၵိယနယ္စပ္ ဆိုက္ေရာက္ (Arrival) ဗီဇာ စစ္ေဆးေရး႐ုံး မီးေလာင္

စစ္ကိုင္းတိုင္းေဒသႀကီး တမူးၿမိဳ႕ ရွိ ျမန္မာ-အိႏၵိယနယ္စပ္ ဆိုက္ေရာက္(Arrival)ဗီဇာ စစ္ေဆးေရး ႐ုံး ႏိုဝင္ဘာ၂၂ရက္ မနက္ပိုင္းက မီးေလာင္သြားသည္။

အဆိုပါ ဆိုက္ေရာက္ဗီဇာစစ္ေဆးေရး႐ုံးသည္ တမူးၿမိဳ႕ ေဈးတန္းရပ္ကြက္ရွိ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာန ခ႐ိုင္ဦးစီးမႉး႐ုံးေရွ႕ အာရွလမ္းမ ႀကီးေပၚတြင္ တည္ရွိသည္။

ယင္း စစ္ေဆးေရး႐ုံးသည္ ကိုဗစ္ေၾကာင့္ မတ္ ၁၀ ရက္မွစ၍ ယာယီပိတ္သိမ္းထားသည့္ ႐ုံးလည္းျဖစ္သည္။

မီးေလာင္မႈကို ရႈိ႕မီးဟု ရဲျပန္ၾကားက ေျပာကာ ႏိုဝင္ဘာ ၂၂ရက္ မနက္ ၅နာရီခြဲအခ်ိန္ခန႔္က မီးရွိခံရကာ ႐ုံးမွန္မ်ား၊ ႐ုံးအတြင္း တပ္ဆင္ ထားသည့္ ဝိုင္ယာႀကိဳးမ်ား၊ ဖိုက္ဘာထိုင္ခုံ ေလးလုံးႏွင့္ ဗီႏိုင္း ဆိုင္းဘုတ္တစ္ခုတို မီးေလာင္ပ်က္စီးဆုံးရႈံးခဲ့သည္ဟု ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

ရဲျပန္ၾကားက ႏိုင္ငံေတာ္ပိုင္ ျမန္မာ-အိႏၵိယနယ္စပ္ရွိ ဆိုက္ ေရာက္ (Arrival) ဗီဇာစစ္ေဆး ေရး႐ုံးအား မီးရႈိ႕ဖ်က္ဆီးခဲ့သည့္ သူမ်ားအား ဥပေဒႏွင့္အညီ အေရးယူႏိုင္ေရး လုံၿခဳံ ေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းေဖာ္ထုတ္ေနေၾကာင္းေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here