မူဆယ်က ကျင်စန်းကျော့ဂိတ်ပြန်ဖွင့် တော့မည်

0
258

(Unicode)

မူဆယ်က ကျင်စန်းကျော့ဂိတ်ပြန်ဖွင့် တော့မည်

 

 

ကိုဗစ်(၁၉)ရောဂါကြောင့် ယာယီပိတ်ထားတဲ့ မူဆယ်မြို့က ကျင်စန်းကျော့ဂိတ်ကို အခုရက်ထဲမှာပဲ ပြန်ဖွင့်ဖို့ ပြင်ဆင်နေပြီလို့ နစက စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အဆင့်မြင့်အရာရှိတစ်ဦးကပြောပါတယ်။

ကျင်စန်းကျော့ဂိတ်ဟာ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ ဂိတ်တစ်ခုဖြစ်ပြီး အဓိကနယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်တဲ့ မူဆယ်(၁၀၅)မိုင်ကုန် သွယ်ရေးဇုန်နားမှာ ရှိနေတာဖြစ်ပါတယ်။

တရုတ်ဘက်ကတော့ ကျင်စန်းကျော့နယ်စပ်ဂိတ်ကို နိုဝင်ဘာ ၂၂ ရက်နေ့လည် ကနေစပြီး စမ်းသပ်ပြန်ဖွင့်နေတယ်လို့ ဆိုထားပါတယ်။

မြန်မာ နစကဘက်ကတော့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်နေပြီး အမြန်ဆုံးပြန်ဖွင့်ဖို့ လုပ်နေတယ်လို့ ပြောဆိုပါတယ်။

“ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ရမယ်။နောက်ပြီး ကားတွေ အဝင်၊အထွက်နဲ့ ပတ်သတ်ပြီး လုပ်ဆောင်ရမယ့်ကိစ္စတွေလည်းရှိသေးတယ်။အထူးသဖြင့် ကိုဗစ်စစ်ဆေးတာနဲ့ ပတ်သတ်ပြီး လုပ်ဆောင်ရမယ့်အရာတွေ လုပ်ရအုံးမယ်”ဟု နစကစီးပွားကူးသန်းဝန်ကြီးဌာန အဆင့်မြင့်အရာရှိကပြောပါတယ်။

ပြောဆိုလို့ ရတာတစ်ခုကတော့ အမြန်ဆုံးပြန်ဖွင့်ဖို့ရှိတယ်ဆိုတာပါပဲ လို့ သူက ဆက်ပြောပါတယ်။

အခုရက်ထဲမှာပဲ မြန်မာ-တရုတ် တာဝန်ရှိသူတွေ နယ်စပ်ဂိတ်တွေ ကိစ္စနဲ့ ပတ်သတ်ပြီး တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့တာရှိပါတယ်။

မူဆယ် ဆန်စပါးအသင်းဒုတိယဥက္ကဌ ဦးမင်းသိန်းက နယ်စပ်ဂိတ်တွေ အမြန်ဆုံးပြန်ဖွင့်နိုင်ဖို့ကို ကုန်သည်တွေ မျှော်လင့်နေတယ်လို့ ပြောပါတယ်။

ကုန်သည်တစ်ဦးကတော့ အစောဆုံးသောကြာနေ့လောက်မှဖွင့်ဖြစ်လောက်တယ်လို့ ယူဆကြောင်း ပြောပါတယ်။

” လောလောဆယ်တော့ ကျွန် တော်တို့လည်း သေသေချာချာမသိရသေးဘူး စုံ စမ်းနေတုန်းပဲရှိသေးတယ် အားသာချက် အားနည်းချက်တွေကိုစောင့်ကြည့်မယ်ပြောတယ်”လို့ မူဆယ်က တရုတ်-မြန်မာကုန်စည်ပို့ဆောင်ရေးဂိတ်တစ်ခုရဲ့ တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

တရုတ်နိုင်ငံဖက်ကစပြီး ဖွင့်လှစ်ပေးခဲ့ပေမဲ့ နှစ်နိုင်ငံကုန်ပစ္စည်းအပြန်အလှန်တင်ပို့မှုမှာ အရင်ကသတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေအပြင် သတ်မှတ်ချက်အသစ်တစ်ခုဖြစ်တဲ့ ပိုကုန်၊သွင်း ကုန်တွေကို ကွန်တိန်နာထဲထည့်ပြီးမှတင်ပိုရမယ်ဆိုတဲ့အချက်ကို ထည့်သွင်းထားတာရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

“တရုတ်ဖက်က အဲ့လိုသတ်မှတ်လိုက်တော့ကျွန် တော်တိုအတွက် အခက်အခဲတွေရှိတာပေါ့ အရင်ကဆိုရင် ကျွန်တော်တိုကားတွေနဲ့တရုတ်ဖက်ကို ဝင်ထွက်ပြီးကုန်တွေပို့တယ် ပြန်တင်လာတယ် အခုသူတို့က ကွန်တိန်နာနဲ့မှဆိုတော့ ကျွန်တော်တို့ကားတွေနဲ့ ကုန်တွေတင်လို့မရတော့ဘူး ကုန်ပို့နေတဲ့ကားတွေကအစုံပဲ ၂၂ ဘီးကားတွေ တွဲကားကြီးတွေကအစရှိတယ်”လို့ကုန်ကားမောင်းသူ ကိုအောင်လွင်ကပြောပါတယ်။

အခုလို သတ်မှတ်ချက်အသစ်ဖြစ်တဲ့ ကုန်ပစ္စည်းတွေကို ကွန်တိန်နာထဲထည့်ပြီးမှတင်ပို့ရမယ်ဆိုတာကြောင့် ကုန်သည်တွေအနေနဲ့အခက်အခဲတွေဖြစ်လာပါတယ်။

မြန်မာငွေတန်ဖိုးကျဆင်းလာတာကြောင့် ကုန်ပ စ္စည်းဝယ်ယူရင်းနှီးရာမှာ အရင်ကထက်ပိုပြီးကုန် ကျတာတွေရှိသလို မူဆယ်ကိုရောက်လို့ တရုတ်နိုင်ငံဖက်ကို ပိုတော့မယ်ဆိုရင်လည်း အရင်လိုမ ဟုတ်ဘဲ ကွန်တိန်နာကားဌားပြီးတော့မှပို့ရတော့မှာဖြစ်တာကြောင့် ကုန်ကျစရိတ်တွေက အရင်ထက်ပိုများလာတော့မှာပါ။

“အရင်ကဆိုရင် ကုန်တင်လာတဲ့ကားနဲ့စစ်ဆေးတာတွေလုပ်ပြီး နယ်စပ်ရောက်ရင် တရုတ်ကကားသမားက ကားသမားချင်းချိန်းပြီး ကုန်တွေချစရာမလိုပဲသူတို့နိုင်ငံကကုန်ချမဲ့ဝင်းကိုမောင်းသွားတယ် ပြီးရင်သူတို့ဆီက ကုန်ပစ္စည်းတွေတင်ပြန်မောင်းလာတယ် နယ်စပ်မှာမြန်မာကားသမားနဲ့ချိန်းတယ် အခုကြတော့ကုန်တွေတင်လာတဲ့ကားကိုမူဆယ်အထိဌား မူဆယ်မှာကုန်တွေချ ကွန်တိန်နာထပ်ဌား ကုန်တွေပြန်တင်နဲ့ ကုန်ကျ စရိတ်တွေကပိုများလာပြီ ကုန်တင်ကုန်ချအလုပ် သမားခ ကွန်တိန်နာဌားခနဲ့ ရေရှည်မှာအဲ့အတိုင်းဆိုရင်တော့မလွယ်ဘူး”လို့ တရုတ်နိုင်ငံဖက်ကို မြန်မာနိုင်ငံကထွက်ကုန်တွေတင်ပို့နေတဲ့ ကုန်သည်ဦးသောင်းထိုက်ကပြောပါတယ်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပိတ်ထားတာရှည်ကြာလာတာနဲ့အမျှ နှစ်နိုင်ငံကုန်သွယ်မှုဝင်ငွေတွေ ထိခိုက်နေတာရှိပါတယ်။ယခင်ကာလတူနဲ့ နှိုင်းယှဉ်မယ်ဆိုရင် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဝင်ငွေဟာ ယခင်ကထက် အမေရိကန်ဒေါ်လာ သန်း၆၀၀ကျော် လျှော့နည်းသွားတာတွေ့ရပါတယ်။

(Zawgyi)

မူဆယ္က က်င္စန္းေက်ာ့ဂိတ္ျပန္ဖြင့္ ေတာ့မည္

ကိုဗစ္(၁၉)ေရာဂါေၾကာင့္ ယာယီပိတ္ထားတဲ့ မူဆယ္ၿမိဳ႕က က်င္စန္းေက်ာ့ဂိတ္ကို အခုရက္ထဲမွာပဲ ျပန္ဖြင့္ဖို႔ ျပင္ဆင္ေနၿပီလို႔ နစက စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက အဆင့္ျမင့္အရာရွိတစ္ဦးကေျပာပါတယ္။

က်င္စန္းေက်ာ့ဂိတ္ဟာ ျမန္မာ-တ႐ုတ္နယ္စပ္ကုန္သြယ္ေရးမွာ အေရးပါတဲ့ ဂိတ္တစ္ခုျဖစ္ၿပီး အဓိကနယ္စပ္ကုန္သြယ္ေရးစခန္းျဖစ္တဲ့ မူဆယ္(၁၀၅)မိုင္ကုန္ သြယ္ေရးဇုန္နားမွာ ရွိေနတာျဖစ္ပါတယ္။

တ႐ုတ္ဘက္ကေတာ့ က်င္စန္းေက်ာ့နယ္စပ္ဂိတ္ကို ႏိုဝင္ဘာ ၂၂ ရက္ေန႔လည္ ကေနစၿပီး စမ္းသပ္ျပန္ဖြင့္ေနတယ္လို႔ ဆိုထားပါတယ္။

ျမန္မာ နစကဘက္ကေတာ့ ျပင္ဆင္စရာရွိတာေတြ ျပင္ဆင္ေနၿပီး အျမန္ဆုံးျပန္ဖြင့္ဖို႔ လုပ္ေနတယ္လို႔ ေျပာဆိုပါတယ္။

“ျပင္ဆင္စရာရွိတာေတြ ျပင္ဆင္ရမယ္။ေနာက္ၿပီး ကားေတြ အဝင္၊အထြက္နဲ႔ ပတ္သတ္ၿပီး လုပ္ေဆာင္ရမယ့္ကိစၥေတြလည္းရွိေသးတယ္။အထူးသျဖင့္ ကိုဗစ္စစ္ေဆးတာနဲ႔ ပတ္သတ္ၿပီး လုပ္ေဆာင္ရမယ့္အရာေတြ လုပ္ရအုံးမယ္”ဟု နစကစီးပြားကူးသန္းဝန္ႀကီးဌာန အဆင့္ျမင့္အရာရွိကေျပာပါတယ္။

ေျပာဆိုလို႔ ရတာတစ္ခုကေတာ့ အျမန္ဆုံးျပန္ဖြင့္ဖို႔ရွိတယ္ဆိုတာပါပဲ လို႔ သူက ဆက္ေျပာပါတယ္။

အခုရက္ထဲမွာပဲ ျမန္မာ-တ႐ုတ္ တာဝန္ရွိသူေတြ နယ္စပ္ဂိတ္ေတြ ကိစၥနဲ႔ ပတ္သတ္ၿပီး ေတြ႕ဆုံေဆြးေႏြးမႈေတြ လုပ္ခဲ့တာရွိပါတယ္။

မူဆယ္ ဆန္စပါးအသင္းဒုတိယဥကၠဌ ဦးမင္းသိန္းက နယ္စပ္ဂိတ္ေတြ အျမန္ဆုံးျပန္ဖြင့္ႏိုင္ဖို႔ကို ကုန္သည္ေတြ ေမွ်ာ္လင့္ေနတယ္လို႔ ေျပာပါတယ္။

ကုန္သည္တစ္ဦးကေတာ့ အေစာဆုံးေသာၾကာေန႔ေလာက္မွဖြင့္ျဖစ္ေလာက္တယ္လို႔ ယူဆေၾကာင္း ေျပာပါတယ္။

” ေလာေလာဆယ္ေတာ့ ကြၽန္ ေတာ္တို႔လည္း ေသေသခ်ာခ်ာမသိရေသးဘူး စုံ စမ္းေနတုန္းပဲရွိေသးတယ္ အားသာခ်က္ အားနည္းခ်က္ေတြကိုေစာင့္ၾကည့္မယ္ေျပာတယ္”လို႔ မူဆယ္က တ႐ုတ္-ျမန္မာကုန္စည္ပို႔ေဆာင္ေရးဂိတ္တစ္ခုရဲ႕ တာဝန္ရွိသူတစ္ေယာက္ကေျပာပါတယ္။

တ႐ုတ္ႏိုင္ငံဖက္ကစၿပီး ဖြင့္လွစ္ေပးခဲ့ေပမဲ့ ႏွစ္ႏိုင္ငံကုန္ပစၥည္းအျပန္အလွန္တင္ပို႔မႈမွာ အရင္ကသတ္မွတ္ထားတဲ့ သတ္မွတ္ခ်က္ေတြအျပင္ သတ္မွတ္ခ်က္အသစ္တစ္ခုျဖစ္တဲ့ ပိုကုန္၊သြင္း ကုန္ေတြကို ကြန္တိန္နာထဲထည့္ၿပီးမွတင္ပိုရမယ္ဆိုတဲ့အခ်က္ကို ထည့္သြင္းထားတာရွိတယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚေနပါတယ္။

“တ႐ုတ္ဖက္က အဲ့လိုသတ္မွတ္လိုက္ေတာ့ကြၽန္ ေတာ္တိုအတြက္ အခက္အခဲေတြရွိတာေပါ့ အရင္ကဆိုရင္ ကြၽန္ေတာ္တိုကားေတြနဲ႔တ႐ုတ္ဖက္ကို ဝင္ထြက္ၿပီးကုန္ေတြပို႔တယ္ ျပန္တင္လာတယ္ အခုသူတို႔က ကြန္တိန္နာနဲ႔မွဆိုေတာ့ ကြၽန္ေတာ္တို႔ကားေတြနဲ႔ ကုန္ေတြတင္လို႔မရေတာ့ဘူး ကုန္ပို႔ေနတဲ့ကားေတြကအစုံပဲ ၂၂ ဘီးကားေတြ တြဲကားႀကီးေတြကအစရွိတယ္”လို႔ကုန္ကားေမာင္းသူ ကိုေအာင္လြင္ကေျပာပါတယ္။

အခုလို သတ္မွတ္ခ်က္အသစ္ျဖစ္တဲ့ ကုန္ပစၥည္းေတြကို ကြန္တိန္နာထဲထည့္ၿပီးမွတင္ပို႔ရမယ္ဆိုတာေၾကာင့္ ကုန္သည္ေတြအေနနဲ႔အခက္အခဲေတြျဖစ္လာပါတယ္။

ျမန္မာေငြတန္ဖိုးက်ဆင္းလာတာေၾကာင့္ ကုန္ပ စၥည္းဝယ္ယူရင္းႏွီးရာမွာ အရင္ကထက္ပိုၿပီးကုန္ က်တာေတြရွိသလို မူဆယ္ကိုေရာက္လို႔ တ႐ုတ္ႏိုင္ငံဖက္ကို ပိုေတာ့မယ္ဆိုရင္လည္း အရင္လိုမ ဟုတ္ဘဲ ကြန္တိန္နာကားဌားၿပီးေတာ့မွပို႔ရေတာ့မွာျဖစ္တာေၾကာင့္ ကုန္က်စရိတ္ေတြက အရင္ထက္ပိုမ်ားလာေတာ့မွာပါ။

“အရင္ကဆိုရင္ ကုန္တင္လာတဲ့ကားနဲ႔စစ္ေဆးတာေတြလုပ္ၿပီး နယ္စပ္ေရာက္ရင္ တ႐ုတ္ကကားသမားက ကားသမားခ်င္းခ်ိန္းၿပီး ကုန္ေတြခ်စရာမလိုပဲသူတို႔ႏိုင္ငံကကုန္ခ်မဲ့ဝင္းကိုေမာင္းသြားတယ္ ၿပီးရင္သူတို႔ဆီက ကုန္ပစၥည္းေတြတင္ျပန္ေမာင္းလာတယ္ နယ္စပ္မွာျမန္မာကားသမားနဲ႔ခ်ိန္းတယ္ အခုၾကေတာ့ကုန္ေတြတင္လာတဲ့ကားကိုမူဆယ္အထိဌား မူဆယ္မွာကုန္ေတြခ် ကြန္တိန္နာထပ္ဌား ကုန္ေတြျပန္တင္နဲ႔ ကုန္က် စရိတ္ေတြကပိုမ်ားလာၿပီ ကုန္တင္ကုန္ခ်အလုပ္ သမားခ ကြန္တိန္နာဌားခနဲ႔ ေရရွည္မွာအဲ့အတိုင္းဆိုရင္ေတာ့မလြယ္ဘူး”လို႔ တ႐ုတ္ႏိုင္ငံဖက္ကို ျမန္မာႏိုင္ငံကထြက္ကုန္ေတြတင္ပို႔ေနတဲ့ ကုန္သည္ဦးေသာင္းထိုက္ကေျပာပါတယ္။

ျမန္မာ-တ႐ုတ္ နယ္စပ္ကုန္သြယ္ေရးဂိတ္ေတြ ပိတ္ထားတာရွည္ၾကာလာတာနဲ႔အမွ် ႏွစ္ႏိုင္ငံကုန္သြယ္မႈဝင္ေငြေတြ ထိခိုက္ေနတာရွိပါတယ္။ယခင္ကာလတူနဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ ျမန္မာ-တ႐ုတ္ နယ္စပ္ကုန္သြယ္ေရးဝင္ေငြဟာ ယခင္ကထက္ အေမရိကန္ေဒၚလာ သန္း၆၀၀ေက်ာ္ ေလွ်ာ့နည္းသြားတာေတြ႕ရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here