ဖားအောက်တောရဆရာတော်ကြီး၏ နှလုံးသွေးကြောကျဥ်းတဲ့နေရာကို Stent တစ်ချောင်းထည့်

0
526

(Unicode)

ဖားအောက်တောရဆရာတော်ကြီး၏ နှလုံးသွေးကြောကျဥ်းတဲ့နေရာကို Stent တစ်ချောင်းထည့်

ကမာရွတ်မြို့နယ်က ဂရန်းဒ်ဟံသာဆေးရုံမှာ ကျန်းမာရေးစစ်ဆေးမှုခံယူနေတဲ့ ဖားအောက်တောရဆရာတော်ကြီး ဘဒ္ဒန္တ ဒေါက်တာ အာစိဏ္ဏရဲ့ နှလုံးသွေးကြောကျဥ်းတဲ့နေရာကို နိုဝင်ဘာ ၂၂ ရက်မနက်ပိုင်းက Stent တစ်ချောင်း အောင်မြင်စွာထည့်နိုင်ခဲ့ပါတယ်။

ဆရာတော်ကြီးဟာ ကျန်းမာရေးစစ်ဆေးမှုခံယူနေချိန်အတွင်းမှာ နေမကောင်းဖြစ်ပြီး ရင်ကြပ်ရောဂါခံစားရတာကြောင့် စစ်ဆေးကြည့်တဲ့အခါမှာ အခုလို နှလုံးသွေးကြောတစ်ချောင်းကျဥ်းနေတာကို စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်ပါတယ်။

“ဆရာတော်ကြီးကို ဆေးရုံကသမားတော်ကြီးတွေ ဆရာဝန် ဆရာမတွေကသေချာဂရုစိုက်ပြီးကုသပေးနေကြသလို ဆရာတော်ကြီးရဲ့ကျန်းမာရေးအရ ပြင်ပကလာဖူးတဲ့သူတွေကိုလည်း ခွင့်ပြု့မထားပါဘူး”လိုဆရာတော်ကြီးနဲ့နီးစပ်တဲ့ ဒကာတစ်ယောက်ကပြောပါတယ်။

ဆရာတော်ကြီးရဲ့ ကျဥ်းနေတဲ့နှလုံးသွေးကြောနေရာမှာ Stent ထည့်ထားပေမဲ့လည်း ဆရာတော်ကြီးဟာကျန်းကျန်းမာမာရှိနေပါတယ်။

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here