ထိုင်းသို့တရားမဝင်သွားမည့် မြန်မာ၁၀၀ကျော်ကို နေအိမ်ထဲတွေ့ရှိမှုကြောင့်DKBAဗိုလ်မှူးကိုအမှုဖွင့်

0
154

(Unicode)

ထိုင်းသို့တရားမဝင်သွားမည့် မြန်မာ၁၀၀ကျော်ကို နေအိမ်ထဲတွေ့ရှိမှုကြောင့်DKBAဗိုလ်မှူးကိုအမှုဖွင့်

ထိုင်းနိုင်ငံသို့ သွားရောက်ကြမည့် မြန်မာ၁၁၆ဦးကို နေအိမ်ထဲတွေ့ရှိမှုကြောင့် DKBA အဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိ စောကျော်ဝါးဖိုးကို အမှုဖွင့်အရေးယူထားကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်တစ်ရပ်ကဖော်ပြသည်။

မကြာသေးမီက(၈-၁၀-၂၀၂၁) ရက်နေ့က သတင်းအရမြဝတီမြို့နယ်ရဲတပ်ဖွဲ့၊ အမှတ်(၁) လူကုန်ကူးမှု တားဆီးရေး ရဲတပ်ဖွဲ့ စိတ်၊ မြဝတီမြို့မ ရဲစခန်းတို့ ပူးပေါင်းအဖွဲ့တို့ DKBA အဖွဲ့က ဗိုလ်မှူးအဆင့်ရှိ စောကျော်ဝါးဖိုး၏ နေအိမ်ကို ဝင်ရောက် ရှာဖွေရာ၌ ထိုင်းနိုင်ငံသို့ တရားမဝင် လမ်းကြောင်းမှ သွားရောက်မည့် ကျား (၇၆) ၊ မ( ၄၀ )ပေါင်း (၁၁၆) ဦးတို့ကို တွေ့ရှိခဲ့သည့်အတွက် DKBA အဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိ စောကျော်ဝါးဖိုးကို အမှုဖွင့်အရေးယူထားခြင်းဖြစ်သည်။

 ၂၀၁၂ ခုနှစ်၊ ရပ်ကွက်( သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေး ဥပဒေပုဒ်မ ၁၇ အား ဖောက်ဖျက်ကျူးလွန်သည့်အတွက်ကြောင့်ဆိုပြီး မြဝတီ မြို့နယ် ရဲတပ်ဖွဲ့က ယင်းဥပဒေပုဒ်မ ၁၇ ဖြင့် အရေးယူဆောင်ရွက်ထားသည့်အပြင် ပြည်ပသို့ အလုပ်သမားစေလွှတ်ခြင်းကို ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင် မရှိဘဲ စေလွှတ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ကြောင်း စိစစ်တွေ့ရှိပါက ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေအရ ဌာနမှတရားလိုပြုလုပ်၍ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းလည်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနကပြောသည်။

ပြီးခဲ့သည့် လအနည်းငယ်ကလည်း ရန်ကုန်တွင် အလားတူမျိုး ပြည်ပသို့ လုပ်သားတရားမဝင်စေလွှတ်သည့်ကိစ္စဖြင့် အလုပ်သမားအေဂျင်စီအချို့ကို အမှုဖွင့်အရေးယူထားမှုလည်း ရှိထားသည်။

“တရားမဝင်လမ်းကြောင်းကနေ ထိုင်းကို လာလို့ လမ်းခုလတ်မှာ ဖမ်းခံရတဲ့ သတင်းတွေ အကုန်ကြားကြမှာပါ။သိကြမှာပါ။ဘယ်လောက်ဒုက္ခရောက်ကြလဲ ဆိုတာကိုလည်း အင်တာနက်ပေါ်မှာတွေ့ကြမှာပါ။ထိုင်းကို တရားမဝင်လမ်းကြောင်းကနေ လုံးဝမလာကြပါနဲ့။တရားဝင်လမ်းကြောင်းတွေကနေပဲ လာပါ”လို့ ထိုင်းရောက်မြန်မာတစ်ဦးက အကြံပြုသည်။

ပုံစာ-ထိုင်းသို့ တရားမဝင်လမ်းကြောင်းမှတဆင့်သွားရောက်သည့် မြန်မာလုပ်သားအချို့ အဖမ်းခံရစဉ်။

(Zawgyi)

ထိုင္းသို႔တရားမဝင္သြားမည့္ ျမန္မာ၁၀၀ေက်ာ္ကို ေနအိမ္ထဲေတြ႕ရွိမႈေၾကာင့္DKBAဗိုလ္မႉးကိုအမႈဖြင့္

ထိုင္းႏိုင္ငံသို႔ သြားေရာက္ၾကမည့္ ျမန္မာ၁၁၆ဦးကို ေနအိမ္ထဲေတြ႕ရွိမႈေၾကာင့္ DKBA အဖြဲ႕မွ ဗိုလ္မႉးအဆင့္ရွိ ေစာေက်ာ္ဝါးဖိုးကို အမႈဖြင့္အေရးယူထားေၾကာင္း အလုပ္သမားၫႊန္ၾကားမႈဦးစီးဌာန၏ သတင္းထုတ္ျပန္ခ်က္တစ္ရပ္ကေဖာ္ျပသည္။

မၾကာေသးမီက(၈-၁၀-၂၀၂၁) ရက္ေန႔က သတင္းအရျမဝတီၿမိဳ႕နယ္ရဲတပ္ဖြဲ႕၊ အမွတ္(၁) လူကုန္ကူးမႈ တားဆီးေရး ရဲတပ္ဖြဲ႕ စိတ္၊ ျမဝတီၿမိဳ႕မ ရဲစခန္းတို႔ ပူးေပါင္းအဖြဲ႕တို႔ DKBA အဖြဲ႕က ဗိုလ္မႉးအဆင့္ရွိ ေစာေက်ာ္ဝါးဖိုး၏ ေနအိမ္ကို ဝင္ေရာက္ ရွာေဖြရာ၌ ထိုင္းႏိုင္ငံသို႔ တရားမဝင္ လမ္းေၾကာင္းမွ သြားေရာက္မည့္ က်ား (၇၆) ၊ မ( ၄၀ )ေပါင္း (၁၁၆) ဦးတို႔ကို ေတြ႕ရွိခဲ့သည့္အတြက္ DKBA အဖြဲ႕မွ ဗိုလ္မႉးအဆင့္ရွိ ေစာေက်ာ္ဝါးဖိုးကို အမႈဖြင့္အေရးယူထားျခင္းျဖစ္သည္။

 ၂၀၁၂ ခုႏွစ္၊ ရပ္ကြက္( သို႔မဟုတ္) ေက်း႐ြာအုပ္ခ်ဳပ္ေရး ဥပေဒပုဒ္မ ၁၇ အား ေဖာက္ဖ်က္က်ဴးလြန္သည့္အတြက္ေၾကာင့္ဆိုၿပီး ျမဝတီ ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕က ယင္းဥပေဒပုဒ္မ ၁၇ ျဖင့္ အေရးယူေဆာင္႐ြက္ထားသည့္အျပင္ ျပည္ပသို႔ အလုပ္သမားေစလႊတ္ျခင္းကို ျပည္ပအလုပ္အကိုင္ အက်ိဳးေဆာင္လိုင္စင္ မရွိဘဲ ေစလႊတ္ေရးလုပ္ငန္းစဥ္မ်ား ေဆာင္႐ြက္ေၾကာင္း စိစစ္ေတြ႕ရွိပါက ၁၉၉၉ ခုႏွစ္၊ ျပည္ပအလုပ္အကိုင္ဆိုင္ရာဥပေဒအရ ဌာနမွတရားလိုျပဳလုပ္၍ အမႈဖြင့္အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း အလုပ္သမားၫႊန္ၾကားမႈဦးစီးဌာနကေျပာသည္။

ၿပီးခဲ့သည့္ လအနည္းငယ္ကလည္း ရန္ကုန္တြင္ အလားတူမ်ိဳး ျပည္ပသို႔ လုပ္သားတရားမဝင္ေစလႊတ္သည့္ကိစၥျဖင့္ အလုပ္သမားေအဂ်င္စီအခ်ိဳ႕ကို အမႈဖြင့္အေရးယူထားမႈလည္း ရွိထားသည္။

“တရားမဝင္လမ္းေၾကာင္းကေန ထိုင္းကို လာလို႔ လမ္းခုလတ္မွာ ဖမ္းခံရတဲ့ သတင္းေတြ အကုန္ၾကားၾကမွာပါ။သိၾကမွာပါ။ဘယ္ေလာက္ဒုကၡေရာက္ၾကလဲ ဆိုတာကိုလည္း အင္တာနက္ေပၚမွာေတြ႕ၾကမွာပါ။ထိုင္းကို တရားမဝင္လမ္းေၾကာင္းကေန လုံးဝမလာၾကပါနဲ႔။တရားဝင္လမ္းေၾကာင္းေတြကေနပဲ လာပါ”လို႔ ထိုင္းေရာက္ျမန္မာတစ္ဦးက အႀကံျပဳသည္။

ပုံစာ-ထိုင္းသို႔ တရားမဝင္လမ္းေၾကာင္းမွတဆင့္သြားေရာက္သည့္ ျမန္မာလုပ္သားအခ်ိဳ႕ အဖမ္းခံရစဥ္။


LEAVE A REPLY

Please enter your comment!
Please enter your name here