ဒေါ်အောင်ဆန်းစုကြည်အမှု ဒေါက်တာဇော်မြင့်မောင် ယနေ့သက်သေမထွက်ဖြစ်

0
133

(Unicode)

ဒေါ်အောင်ဆန်းစုကြည်အမှု ဒေါက်တာဇော်မြင့်မောင် ယနေ့သက်သေမထွက်ဖြစ်

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့် အမှုများထဲက သဘာဝဘေးအမှုနှင့် ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်မှ နေ၍ သက်သေထွက်ဆိုရန်ရှိသည့် ဒေါက်တာဇော်မြင့်မောင်သည် ရုံးတော်သို့ ယနေ့ လာရောက်သက်သေမထွက်ဆိုဖြစ်ခဲ့ဟု ရှေ့နေအသိုင်းအဝိုင်းကသိရသည်။

ဦးညီညီဆိုသူက တရားလိုလုပ်ပြီး တရားစွဲဆိုထားသော သဘာဝဘေးအမှုနှင့် ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်ဆိုရန် သူမ၏ရှေ့နေများက ဒေါက်တာဇော်မြင့်မောင်ကို သက်သေအဖြစ် တင်သွင်းခဲ့သည်။

ရုံးတော်က သက်သေအဖြစ်လက်ခံခဲ့သော်လည်း ကျန်းမာရေးအ​ခြေအ​နေ​အရဆိုသည့် ဆရာဝန်မှတ်ချက်​​ကြောင့် ရုံးတော်သို့ မလာရခြင်းဖြစ်သည်ဟုသိရသည်။

မန္တလေးအိုးဘိုအကျဉ်းထောင်ထဲ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါက်တာဇော်မြင့်မောင်ကို ထောင်ဆရာဝန်က ဒေါက်တာဇော်မြင့်မောင်၏ ကျန်းမာရေးအခြေအနေအရ ပြင်ပသို့ခရီးထွက်ခွာခွင့်မသင့်ဆိုသည့် မှတ်ချက်ပြုခဲ့သည့်အတွက် သက်သေလာမထွက်ဖြစ်ခြင်းဖြစ်သည်ဟု ရှေ့နေအသိုင်းအဝိုင်းကသိရသည်။

ဒေါက်တာဇော်မြင့်မောင်၏ သက်သေထွက်ဆိုချက်အား မည်သည့်နည်းလမ်းဖြင့် ဆောင်ရွက်မည်ဆိုသည်ကို နိုဝင်ဘာ ၃၀ရက်တွင် ဆုံးဖြတ်ကြရန်လည်းရှိနေသည်။

ဒေါက်တာဇော်မြင့်မောင်၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သတ်ပြီး အခြေအနေမဆိုး ဟု ဒေါက်တာဇော်မြင့်မောင်၏ ရှေ့နေများက ပြောဆိုထားမှုလည်းရှိနေသည်။

(Zawgyi)

ေဒၚေအာင္ဆန္းစုၾကည္အမႈ ေဒါက္တာေဇာ္ျမင့္ေမာင္ ယေန႔သက္ေသမထြက္ျဖစ္

ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္အေပၚ စြဲဆိုထားသည့္ အမႈမ်ားထဲက သဘာဝေဘးအမႈႏွင့္ ပတ္သတ္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ဘက္မွ ေန၍ သက္ေသထြက္ဆိုရန္ရွိသည့္ ေဒါက္တာေဇာ္ျမင့္ေမာင္သည္ ႐ုံးေတာ္သို႔ ယေန႔ လာေရာက္သက္ေသမထြက္ဆိုျဖစ္ခဲ့ဟု ေရွ႕ေနအသိုင္းအဝိုင္းကသိရသည္။

ဦးညီညီဆိုသူက တရားလိုလုပ္ၿပီး တရားစြဲဆိုထားေသာ သဘာဝေဘးအမႈႏွင့္ ပတ္သတ္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ဘက္မွ သက္ေသထြက္ဆိုရန္ သူမ၏ေရွ႕ေနမ်ားက ေဒါက္တာေဇာ္ျမင့္ေမာင္ကို သက္ေသအျဖစ္ တင္သြင္းခဲ့သည္။

႐ုံးေတာ္က သက္ေသအျဖစ္လက္ခံခဲ့ေသာ္လည္း က်န္းမာေရးအ​ေျခအ​ေန​အရဆိုသည့္ ဆရာဝန္မွတ္ခ်က္​​ေၾကာင့္ ႐ုံးေတာ္သို႔ မလာရျခင္းျဖစ္သည္ဟုသိရသည္။

မႏၲေလးအိုးဘိုအက်ဥ္းေထာင္ထဲ ဖမ္းဆီးထိန္းသိမ္းခံထားရသည့္ ေဒါက္တာေဇာ္ျမင့္ေမာင္ကို ေထာင္ဆရာဝန္က ေဒါက္တာေဇာ္ျမင့္ေမာင္၏ က်န္းမာေရးအေျခအေနအရ ျပင္ပသို႔ခရီးထြက္ခြာခြင့္မသင့္ဆိုသည့္ မွတ္ခ်က္ျပဳခဲ့သည့္အတြက္ သက္ေသလာမထြက္ျဖစ္ျခင္းျဖစ္သည္ဟု ေရွ႕ေနအသိုင္းအဝိုင္းကသိရသည္။

ေဒါက္တာေဇာ္ျမင့္ေမာင္၏ သက္ေသထြက္ဆိုခ်က္အား မည္သည့္နည္းလမ္းျဖင့္ ေဆာင္႐ြက္မည္ဆိုသည္ကို ႏိုဝင္ဘာ ၃၀ရက္တြင္ ဆုံးျဖတ္ၾကရန္လည္းရွိေနသည္။

ေဒါက္တာေဇာ္ျမင့္ေမာင္၏ က်န္းမာေရးအေျခအေနႏွင့္ ပတ္သတ္ၿပီး အေျခအေနမဆိုး ဟု ေဒါက္တာေဇာ္ျမင့္ေမာင္၏ ေရွ႕ေနမ်ားက ေျပာဆိုထားမႈလည္းရွိေနသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here