ဆောင်းအငွေ့အသက်ခံစားဖို့ ကျိုတိုကို ခရီးသည်ဝင်ရောက်မှုများပြား

0
166

(Unicode)

ဆောင်းအငွေ့အသက်ခံစားဖို့ ကျိုတိုကို ခရီးသည်ဝင်ရောက်မှုများပြား

ဆောင်းရာသီကိုယ်စားပြုတဲ့ ဆောင်းဦးအရွက် တွေကို ဂျပန်နိုင်ငံရဲ့ နေရာအနှံ့အပြားမှာ မြင် နေရပါပြီ။

ဧည့်သည်တွေဟာ ဆောင်းရဲ့အငွေ့အသက်နှင့် လှပတဲ့အရောင်တွေကို ခံစားဖို့အတွက် ရှေးဟောင်းမြို့တော် ကျိုတိုကို လာရောက်လည်ပတ်နေကြပါတယ်။

အများစုဟာ ကျေးဇူးတော်နေ့အလုပ်ပိတ်ရက် ဖြစ်တဲ့ အင်္ဂါနေ့ကစပြီး သဘာဝအလှတွေရှိတဲ့ Arashiyama ဧရိယာကို သွားရောက်လည်ပတ် နေကြပါပြီ။

တိုကျိုမှလာရောက်လည်ပတ်တဲ့ အသက် ၆၀ အရွယ်အမျိုးသမီးတစ်ဦးက “ကျိုတိုကို မရောက်တာကြာပြီဆိုတော့ ပျော်နေတာပေါ့” လို့ ပြောပါတယ်။

Arashiyama ရဲ့ အဓိကလမ်းမကြီးဟာ ခရီး သွားတွေနဲ့ပြည့်နှက်နေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာလှည့်ခရီးသည်အရေအတွက်ဟာ ကျဆင်းသွားခဲ့ပြီး အခု ပြန်လည်ကောင်းမွန်လာတယ်လို့ ဆိုရမှာပါ။

Arashiyama ရဲ့ စျေးသည်များအသင်းအကြီးအကဲကတော့ “ကျိုတိုကို အဝေးကဧည့်သည် တွေ ပိုပြီးလာရောက်လည်ပတ်ဖို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

ဂျပန်အစိုးရဟာ ကိုရိုနာဗိုင်းရပ်စ်အရေးပေါ်အခြေအနေကြေညာမှုကို ရုပ်သိမ်းခဲ့တာဟာ တစ်လကျော် ရှိနေပါပြီ။

ဧည့်သည်တွေဝင်ရောက်မှုများရလာတဲ့အခါ ရောဂါကူးစက်မှုတွေ မြင့်တက်လာမှာကို စိုးရိမ် တယ်လို့ ဆိုင်ရှင်အချို့က ပြောဆိုနေကြပါတယ်။

Source – NHK

(Zawgyi)







Arashiyama ရဲ့ ဈေးသည်များအသင်းအကြီးအကဲကတော့ “ကျိုတိုကို အဝေးကဧည့်သည် တွေ ပိုပြီးလာရောက်လည်ပတ်ဖို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။



Source – NHK


LEAVE A REPLY

Please enter your comment!
Please enter your name here