Song Ji Hyo ကိုရေးသားထားတဲ့ အမုန်းစကား မှတ်ချက် ပေါ် Pin ထားခြင်းကြောင့် SBS ဝေဖန်ခံရ
0
329
(Unicode)
Song Ji Hyo ကိုရေးသားထားတဲ့ အမုန်းစကား မှတ်ချက် ပေါ် Pin ထားခြင်းကြောင့် SBS ဝေဖန်ခံရ
Song Ji Hyo ကို ပစ်မှတ်ထားတဲ့ မကောင်းတဲ့မှတ်ချက်အပေါ် Pin ထားတာကြောင့် SBS ကုမ္ပဏီဟာ ဝေဖန်ခံနေရပါပြီ။
Song Ji Hyo ဟာ Runing Man မှာပါဝင်ခဲ့တာဟာ ၁၁နှစ်ကျော်ကြာခဲ့ပြီဖြစ်ပြီး Running Man မိသာရစုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေပါပြီ။
Ji Hyo ဟာ ရသစုံလင်ရှိုးတွေမှာ သူမရဲ့ အမျိုးမျိုးသော စွမ်းရည်ကို ကိုရီးယားနဲ့နိုင်ငံတကာပရိသတ်တွေကို သက်သေပြခဲ့ပြီးဖြစ်ပါတယ်။
အပတ်စဉ်တိုင်း ကြိုးကြိုးစားစားနဲ့ ရသစုံရှိုးမှာ ၁၁နှစ်ကြာအောင် တင်ဆက်ခဲ့တဲ့ Ji Hyo ဟာ သူမကိုမလိုလားတဲ့ မှတ်ချက်တစ်ခုကို ရရှိခဲ့ပါတယ်။
အင်တာနက်အသုံးပြုသူတစ်ဦးက SBSရဲ့ YouTube ဗီဒီယိုအောက်မှာ Ji Hyo ရဲ့ တင်ဆက်ပုံနဲ့ပတ်သက်ပြီး ၄င်းရဲ့အမြင်ကို ရေးသားကာ မ ကောင်းတဲ့မှတ်ချက်ရေးသားခဲ့ပါတယ်။
SBS ရဲ့ You Tube Channel ဟာ ၄င်းမှတ်ချက်ကို တခြားမှတ်ချက်တွေအောက်မှာ ဖုံးထားရမယ့်အစား pin လုပ်ခဲ့ပါတယ်။
အင်တာနက်အသုံးပြုသူတွေကတော့ SBSရဲ့လုပ်ရပ်ကို ဝေဖန်ကာ Ji Hyo ဘက်ကရပ်တည်ပြီး အားပေးခဲ့ကြပါတယ်။
မကောင်းတဲ့မှတ်ချက်အပေါ် pin ထားတဲ့ SBS ကို ပရိသတ်တွေမှတ်ချက်ရေးထားကြတာကတော့-
“သူတို့ရဲ့ ရည်ရွယ်ချက်က ဘယ်လိုပဲဖြစ်နေပါစေ ပြည်သူကိုထုတ်လွှင့်နေတဲ့ You Tube Channel က ဘာကြောင့် ဒီလိုမှတ်ချက်မျိုးကို
Pin လုပ်ရလဲဆိုတာ နားမလည်ဘူး။ သူတို့ရူးနေကြတာလား???”
” မှတ်ချက်ကို သဘောတူတဲ့အတွက် သူတို့ Pin လုပ်ထားတာလား?? ကျွန်တော်တော့ မတွေးတတ်တော့ဘူး”
“မှတ်ချက်ကို Pin မလုပ်ပဲ ဖျက်သင့်တယ်။ဒါက ဘယ်လိုအခြေအနေလဲ ??”
“သူတို့ရဲ့ ရည်ရွယ်ချက်ကအရေးမကြီးပါဘူး။မှတ်ချက်ကို Pin လုပ်တာကတော့ မှားသွားပြီ”
ဒီအခြေအနေနဲ့ပတ်သက်ပြီး SBS ကတော့ ရှင်းလင်းချက်မထုတ်ပြန်သေးပါဘူး။
(Zawgyi)
LEAVE A REPLY
Please enter your comment!
Please enter your name here