မင်္ဂလာဒုံမှာ အပူလွန်ကဲပြီး YBS တစ်စီးမီးလောင်

0
194

မင်္ဂလာဒုံမှာ အပူလွန်ကဲပြီး YBS တစ်စီးမီးလောင်

မင်္ဂလာဒုံမြို့နယ်၊ပတ္တမြားမှတ်တိုင်နားမှာ အင် ဂျင်အပူလွန်ကဲလို့ YBS ကားတစ်စီး ဒီနေ့မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်ကမီးလောင်ကျွမ်းခဲ့ပါတယ်။

အင်ဂျင်အပူလွန်ကဲပြီး ကားပေါ်မှာတင်ထားတဲ့ စက္ကူဂျပ်ဖာတွေကိုမီးစွဲပြီး လောင်သွားခြင်းဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့ကပြောပါတယ်။

“ကားတစ်စီးလုံးကတော့ အကုန်လုံးကုန်သွားတယ် ထိခိုက်ဒဏ်ရတာတော့မရှိခဲ့ပါဘူး”လို့ ပုလဲအရန်မီးသတ်စခန်းက တပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။

မီးလောင်တဲ့နေရာကို မင်္ဂလာဒုံမီးသတ်၊ပုလဲအရန်မီးသတ်စခန်းတို့က ဝိုင်းဝန်းငြိမ်းသတ်ခဲ့တာကြောင့် ၁၂ နာရီ ၂၅ မိနစ်မှာမီးငြိမ်းသွားခဲ့တယ်လို့ သိရပါတယ်။

မဂၤလာဒုံမွာ အပူလြန္ကဲၿပီး YBS တစ္စီးမီးေလာင္

မဂၤလာဒုံၿမိဳ႕နယ္၊ပတၱျမားမွတ္တိုင္နားမွာ အင္ ဂ်င္အပူလြန္ကဲလို႔ YBS ကားတစ္စီး ဒီေန႔မြန္းတည့္ ၁၂ နာရီ ၂၀ မိနစ္ကမီးေလာင္ကၽြမ္းခဲ့ပါတယ္။

အင္ဂ်င္အပူလြန္ကဲၿပီး ကားေပၚမွာတင္ထားတဲ့ စကၠဴဂ်ပ္ဖာေတြကိုမီးစြဲၿပီး ေလာင္သြားျခင္းျဖစ္တယ္လို႔ မီးသတ္တပ္ဖြဲ႕ကေျပာပါတယ္။

“ကားတစ္စီးလုံးကေတာ့ အကုန္လုံးကုန္သြားတယ္ ထိခိုက္ဒဏ္ရတာေတာ့မရွိခဲ့ပါဘူး”လို႔ ပုလဲအရန္မီးသတ္စခန္းက တပ္ဖြဲ႕ဝင္တစ္ေယာက္ကေျပာပါတယ္။

မီးေလာင္တဲ့ေနရာကို မဂၤလာဒုံမီးသတ္၊ပုလဲအရန္မီးသတ္စခန္းတို႔က ဝိုင္းဝန္းၿငိမ္းသတ္ခဲ့တာေၾကာင့္ ၁၂ နာရီ ၂၅ မိနစ္မွာမီးၿငိမ္းသြားခဲ့တယ္လို႔ သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here