ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး(ဟောင်း) ဦးသောင်းထွန်းအား အမှုဖွင့်

0
96

(Unicode)

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး(ဟောင်း) ဦးသောင်းထွန်းအား အမှုဖွင့်

 

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ဟောင်း)ဦးသောင်းထွန်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီးစစ်ဆေးကာ နိုဝင်ဘာ ၂၃ ရက်တွင် နေပြည်တော် ဘုရားကုန်းမြို့မရဲစခန်းမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၅ နဲ့အမှုဖွင့်ခဲ့ပါတယ်။

ဦးသောင်းထွန်းဟာ ပြည်ထောင်စုဝန်ကြီးတာဝန်ထမ်းဆောင်စဥ်က စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာနပိုင် မင်္ဂလာတောင်ညွှန့်မြို့နယ်၊အထက်ပုဇွန်တောင်လမ်းပေါ်က မြေဧက ၉ ဒသမ ၂၂၀ ပေရှိတဲ့ မြေနေရာကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုဆီ နှစ် (၃၀) ငှားရမ်းပေးခဲ့ပါတယ်။

အဲဒီလိုငှားရမ်းရာမှာ “ဌားရမ်းခသတ်မှတ်ရာတွင် နိုင်ငံပိုင်မြေ အဆောက်အအုံများတည်ရှိရာဒေသ ၏ ကာလပေါက်စျေးအတိုင်း သတ်မှတ်ရမည်”ဆိုတဲ့ပြဌာန်းချက်ကိုမလိုက်နာတာ တင်ဒါလုပ်ထုံး လုပ်နည်းတွေနဲ့အညီ လိုက်နာဆောင်ရွက်မှုမရှိဘဲ ကာလပေါက်စျေး တစ်စုရန်းမီတာကို အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာနဲ့ ၁၅ ဒေါ်လာကြားရှိတဲ့နေရာအား တစ်စတုရမ်းမီတာကို အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ ဒေါ်လာနဲ့ တစ်နှစ်စာ မြေငှားရမ်းခ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ သိန်းကျော်ကိုသာပေးသွင်းစေခဲ့လို့ မြေငှားရမ်းခတစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သိန်းကျော်နစ်နာခဲ့ရပါတယ်။

အလားတူပဲ အမေရိကန်ဒေါ်လာ ၉ ဒသမ ၂၂ သန်းအနည်းဆုံးရရှိနိုင်တဲ့ ရန်ကုန်မြို့တွင်းက စီး ပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပိုင်မြေ ၉ ဒသမ ၂၂ ဧကကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုကိုငှားရာမှာလည်း မြေအသုံးချမှုပရီမီယံကြေး အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ သိန်းကျော်သာပေးသွင်းစေခဲ့တာကြောင့် အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ သန်းကျော်နစ်နာဆုံးရှုံးခဲ့ရတာတွေကို ဖော်ထုတ်သိရှိခဲ့ရတာကြောင့် အခုလိုအမှုဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

(Zawgyi)


 


ဦးသောင်းထွန်းဟာ ပြည်ထောင်စုဝန်ကြီးတာဝန်ထမ်းဆောင်စဉ်က စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာနပိုင် မင်္ဂလာတောင်ညွှန့်မြို့နယ်၊အထက်ပုဇွန်တောင်လမ်းပေါ်က မြေဧက ၉ ဒသမ ၂၂၀ ပေရှိတဲ့ မြေနေရာကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုဆီ နှစ် (၃၀)ဌားရမ်းပေးခဲ့ပါတယ်။

အဲဒီလိုဌားရမ်းရာမှာ “ဌားရမ်းခသတ်မှတ်ရာတွင် နိုင်ငံပိုင်မြေ အဆောက်အအုံများတည်ရှိရာဒေသ ၏ ကာလပေါက်ဈေးအတိုင်း သတ်မှတ်ရမည်”ဆိုတဲ့ပြဌာန်းချက်ကိုမလိုက်နာတာ တင်ဒါလုပ်ထုံး လုပ်နည်းတွေနဲ့အညီ လိုက်နာဆောင်ရွက်မှုမရှိဘဲ ကာလပေါက်ဈေး တစ်စုရန်းမီတာကို အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာနဲ့ ၁၅ ဒေါ်လာကြားရှိတဲ့နေရာအား တစ်စတုရမ်းမီတာကို အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ ဒေါ်လာနဲ့ တစ်နှစ်စာ မြေဌားရမ်းခ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ သိန်းကျော်ကိုသာပေးသွင်းစေခဲ့လို့ မြေဌားရမ်းခတစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သိန်းကျော်နစ်နာခဲ့ရပါတယ်။

အလားတူပဲ အမေရိကန်ဒေါ်လာ ၉ ဒသမ ၂၂ သန်းအနည်းဆုံးရရှိနိုင်တဲ့ ရန်ကုန်မြို့တွင်းက စီး ပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပိုင်မြေ ၉ ဒသမ ၂၂ ဧကကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုကိုဌားရာမှာလည်း မြေအသုံးချမှုပရီမီယံကြေး အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ သိန်းကျော်သာပေးသွင်းစေခဲ့တာကြောင့် အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ သန်းကျော်နစ်နာဆုံးရှုံးခဲ့ရတာတွေကို ဖော်ထုတ်သိရှိခဲ့ရတာကြောင့် အခုလိုအမှုဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here