ဒေသကာကွယ်ရေးအဖွဲ့များထံရောင်းချမည့် လက်နက်များ နမ့်ဆန်တွင်ဖမ်းမိဟု နစကထုတ်ပြန်

0
294

(Unicode)

ဒေသကာကွယ်ရေးအဖွဲ့များထံရောင်းချမည့် လက်နက်များ နမ့်ဆန်တွင်ဖမ်းမိဟု နစကထုတ်ပြန်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ် မန်မိုင်မုန်းကွမ်း ကျေးရွာအတွင်း မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများရှိ PDFအဖွဲများထံ ရောင်းချမည့် လက်နက်ခဲယမ်းများအား ဖမ်းမိခဲ့ကြောင်း နစကက သတင်းထုတ်ပြန်သည်။

သတင်းအရ ဖော်ထုတ်ရှင်းလင်းခြင်းများကို နိုဝင်ဘာ ၁၀ ရက်မှ ၁၄ ရက်အထိ ဆောင်ရွက်ခဲ့ရာတွင် နိုဝင်ဘာ ၁၃ ရက် ည ၉ နာရီ ၅၀ မိနစ်ခန့်က အဆိုပါ ကျေးရွာအတွင်းရှိ နေအိမ်တစ်ခုအတွင်း မြေအောက်ခန်းမှ Type-56 သေနတ် ၁ လက်၊ ကေ(၁၂)သေနတ် ၁ လက်၊ Type-81 သေနတ် ၃ လက်၊ ဘီအေ(၆၃)သေနတ် ၇ လက်၊ ဘီအေ(၉၄)သေနတ် ၄ လက်၊ အမ် ၂၂ ကျည်အိမ် ၂၀ ခု၊ ကျည်အိမ်အဝိုင်း ၁ ခု၊ ကျည်မျိုးစုံ ၁၉၄၅ တောင့်၊ ဒီတိုနေတာ ၁၃ ခုနှင့် ယမ်းကြိုးခွေ ၄ ခွေ ကိုလည်းကောင်း၊ ည ၁၁ နာရီခန့်တွင် ၎င်းနေအိမ်၏ မြင်းတင်းကုပ်အတွင်းမှ Type-56 သေနတ် ၃၄ လက်နှင့် အမ် ၂၂ ကျည်အိမ် ၁၀၅ ခုကိုလည်းကောင်း စုစုပေါင်း လက်နက်မျိုးစုံ ၅၀ လက်၊ ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်ဟု နစကက ဆိုသည်။

အဆိုပါ လက်နက်များက မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများရှိ PDFအဖွဲများထံ ရောင်းချမည့် လက်နက်ခဲယမ်းများဟုလည်း ဖော်ပြရေးသားထားသည်ကိုတွေ့ရသည်။

ယခုဖော်ထုတ်ရှင်း လင်းရရှိသည့် မန်မိုင်မုန်းကွမ်း ကျေးရွာ၏ မြောက်ဘက် ၇ ကီလိုမီတာအကွာရှိ ဟိုမိန်း ကျေးရွာအတွင်းမှလည်း ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၂ ရက်တွင် လေယာဉ်ပစ် ပခုံးထမ်းဒုံး (FN-6) တစ်လက်အပါအဝင် လက်နက်ကြီးနှင့် လက်နက်ငယ်မျိုးစုံ ၁၇၀ လက်နှင့် ခဲယမ်း၊ ဆက်စပ်ပစ္စည်းများကိုလည်း သတင်းပေးမှု ကြောင့် ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ချက်ထဲ ဖော်ပြထားသည်။

(Zawgyi)

ေဒသကာကြယ္ေရးအဖြဲ႕မ်ားထံေရာင္းခ်မည့္ လက္နက္မ်ား နမ့္ဆန္တြင္ဖမ္းမိဟု နစကထုတ္ျပန္

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ နမ့္ဆန္ၿမိဳ႕နယ္ မန္မိုင္မုန္းကြမ္း ေက်း႐ြာအတြင္း မႏၲေလး၊ မေကြးႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးမ်ားရွိ PDFအဖြဲမ်ားထံ ေရာင္းခ်မည့္ လက္နက္ခဲယမ္းမ်ားအား ဖမ္းမိခဲ့ေၾကာင္း နစကက သတင္းထုတ္ျပန္သည္။

သတင္းအရ ေဖာ္ထုတ္ရွင္းလင္းျခင္းမ်ားကို ႏိုဝင္ဘာ ၁၀ ရက္မွ ၁၄ ရက္အထိ ေဆာင္႐ြက္ခဲ့ရာတြင္ ႏိုဝင္ဘာ ၁၃ ရက္ ည ၉ နာရီ ၅၀ မိနစ္ခန႔္က အဆိုပါ ေက်း႐ြာအတြင္းရွိ ေနအိမ္တစ္ခုအတြင္း ေျမေအာက္ခန္းမွ Type-56 ေသနတ္ ၁ လက္၊ ေက(၁၂)ေသနတ္ ၁ လက္၊ Type-81 ေသနတ္ ၃ လက္၊ ဘီေအ(၆၃)ေသနတ္ ၇ လက္၊ ဘီေအ(၉၄)ေသနတ္ ၄ လက္၊ အမ္ ၂၂ က်ည္အိမ္ ၂၀ ခု၊ က်ည္အိမ္အဝိုင္း ၁ ခု၊ က်ည္မ်ိဳးစုံ ၁၉၄၅ ေတာင့္၊ ဒီတိုေနတာ ၁၃ ခုႏွင့္ ယမ္းႀကိဳးေခြ ၄ ေခြ ကိုလည္းေကာင္း၊ ည ၁၁ နာရီခန႔္တြင္ ၎ေနအိမ္၏ ျမင္းတင္းကုပ္အတြင္းမွ Type-56 ေသနတ္ ၃၄ လက္ႏွင့္ အမ္ ၂၂ က်ည္အိမ္ ၁၀၅ ခုကိုလည္းေကာင္း စုစုေပါင္း လက္နက္မ်ိဳးစုံ ၅၀ လက္၊ ခဲယမ္းႏွင့္ဆက္စပ္ပစၥည္းမ်ားအား သိမ္းဆည္းရမိခဲ့သည္ဟု နစကက ဆိုသည္။

အဆိုပါ လက္နက္မ်ားက မႏၲေလး၊ မေကြးႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးမ်ားရွိ PDFအဖြဲမ်ားထံ ေရာင္းခ်မည့္ လက္နက္ခဲယမ္းမ်ားဟုလည္း ေဖာ္ျပေရးသားထားသည္ကိုေတြ႕ရသည္။

ယခုေဖာ္ထုတ္ရွင္း လင္းရရွိသည့္ မန္မိုင္မုန္းကြမ္း ေက်း႐ြာ၏ ေျမာက္ဘက္ ၇ ကီလိုမီတာအကြာရွိ ဟိုမိန္း ေက်း႐ြာအတြင္းမွလည္း ၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာ ၂၂ ရက္တြင္ ေလယာဥ္ပစ္ ပခုံးထမ္းဒုံး (FN-6) တစ္လက္အပါအဝင္ လက္နက္ႀကီးႏွင့္ လက္နက္ငယ္မ်ိဳးစုံ ၁၇၀ လက္ႏွင့္ ခဲယမ္း၊ ဆက္စပ္ပစၥည္းမ်ားကိုလည္း သတင္းေပးမႈ ေၾကာင့္ ေဖာ္ထုတ္ရွင္းလင္းႏိုင္ခဲ့ေၾကာင္းလည္း သတင္းထုတ္ျပန္ခ်က္ထဲ ေဖာ္ျပထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here