တောင်ကိုရီးယားတွင် ကိုဗစ်ပိုးတွေ့မှုနှုန်း စံချိန်တင်မြင့်တက်

0
118

(Unicode)

တောင်ကိုရီးယားတွင် ကိုဗစ်ပိုးတွေ့မှုနှုန်း စံချိန်တင်မြင့်တက်

တောင်ကိုရီးယားရဲ့ နေ့စဉ်ကိုရိုနာဗိုင်းရက်စ်ကူးစက်မှုအရေအတွက်ဟာ ပထမဆုံးအကြိမ်အဖြစ် ၄၀၀၀ ကိုရောက်ရှိခဲ့ပါတယ်။

ဝန်ကြီးချုပ်ကတော့ အရေးပေါ်ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးကန့်သတ်ချက်များကို ပြန် လည်ချမှတ်ဖို့ အကြံပြုထားပြီး အင်္ဂါနေ့တနေ့တည်းနဲ့ ကူးစက်မှုအသစ် ၄၁၁၆ ရှိတယ်လို့ တောင်ကိုရီးယားအစိုးရက အတည်ပြုထားပါတယ်။

အဆိုပါကိန်းဂဏန်းဟာ နိုဝင်ဘာ၁၇ရက်နေ့က နေ့စဉ်မှတ်တမ်းထက် ၈၀၀ကျော် တိုးလာတာပါ။

ကူးစက်မှုတွေတိုးလာသလို အသက်အန္တရာယ် စိုးရိမ်ရတဲ့ လူနာအရေအတွက်မှာလည်း ၅၈၆ ဦးထိ မြင့်တက်လာပါတယ်။

ဆိုလ်းမြို့မှာတော့ ဆေးရုံအထူးကြပ်မတ်ကုသဆောင်တွေမှာ ကုသမှုခံယူနေသူ ၈၀%ကျော်ထိ ရှိနေပြီး ဆိုလ်းနဲ့အနီးတဝိုက်ဒေသတွေမှာလည်း ကူးစက်မှုတွေမြင့်တက်နေပါတယ်။

ဆိုးလ်ရဲ့အန္တရာယ်အဆင့်မှာ အဆင့်၅ဆင့်ရဲ့ ထိပါဆုံးမှာရှိနေတယ်လို့ အစိုးရကဖော်ပြထားပါတယ်။

တောင်ကိုရီးယားအစိုးရဟာ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး ကန့်သတ်ချက်တွေကို ဖြေလျှော့ပြီးတဲ့နောက် နိုင်ငံသားတွေဟာ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပြန်စတင်ခဲ့ကြပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ ကာကွယ်ဆေးထိုးနှံမှုနှုန်းဟာ ၇၉.၁% ရှိပါတယ်။

ကျွမ်းကျင်သူတွေကတော့ အစောပိုင်းဆေးထိုရထားတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ဆေးမထိုးရသေးတဲ့ကလေးတွေမှာ ဖြစ်ပွါးမှုအရေအတွက်တိုးလာတယ်လို့ ယူဆနေကြပါတယ်။

မြို့တော်တဝှမ်းနဲ့ ဒေသတွေမှာ အရေးပေါ်စီမံချက်ကို ချက်ချင်းအကောင်အထည်ဖော်ရန် စဉ်းစားရလောက်အောင်ပင် အခြေအနေမှာ စိုးရိမ်ရကြောင်း တောင်ကိုရီးယားဝန်ကြီးချုပ် Kim Boo-kyum က ဗုဒ္ဓဟူးနေ့က ပြောခဲ့ပါတယ်

Source-NHK

(Zawgyi)

ေတာင္ကိုရီးယားတြင္ ကိုဗစ္ပိုးေတြ႕မႈႏႈန္း စံခ်ိန္တင္ျမင့္တက္

ေတာင္ကိုရီးယားရဲ႕ ေန႔စဥ္ကို႐ိုနာဗိုင္းရက္စ္ကူးစက္မႈအေရအတြက္ဟာ ပထမဆုံးအႀကိမ္အျဖစ္ ၄၀၀၀ ကိုေရာက္ရွိခဲ့ပါတယ္။

ဝန္ႀကီးခ်ဳပ္ကေတာ့ အေရးေပၚကို႐ိုနာဗိုင္းရပ္စ္တိုက္ဖ်က္ေရးကန္႔သတ္ခ်က္မ်ားကို ျပန္ လည္ခ်မွတ္ဖို႔ အႀကံျပဳထားၿပီး အဂၤါေန႔တေန႔တည္းနဲ႔ ကူးစက္မႈအသစ္ ၄၁၁၆ ရွိတယ္လို႔ ေတာင္ကိုရီးယားအစိုးရက အတည္ျပဳထားပါတယ္။

အဆိုပါကိန္းဂဏန္းဟာ ႏိုဝင္ဘာ၁၇ရက္ေန႔က ေန႔စဥ္မွတ္တမ္းထက္ ၈၀၀ေက်ာ္ တိုးလာတာပါ။

ကူးစက္မႈေတြတိုးလာသလို အသက္အႏၲရာယ္ စိုးရိမ္ရတဲ့ လူနာအေရအတြက္မွာလည္း ၅၈၆ ဦးထိ ျမင့္တက္လာပါတယ္။

ဆိုလ္းၿမိဳ႕မွာေတာ့ ေဆး႐ုံအထူးၾကပ္မတ္ကုသေဆာင္ေတြမွာ ကုသမႈခံယူေနသူ ၈၀%ေက်ာ္ထိ ရွိေနၿပီး ဆိုလ္းနဲ႔အနီးတဝိုက္ေဒသေတြမွာလည္း ကူးစက္မႈေတြျမင့္တက္ေနပါတယ္။

ဆိုးလ္ရဲ႕အႏၲရာယ္အဆင့္မွာ အဆင့္၅ဆင့္ရဲ႕ ထိပါဆုံးမွာရွိေနတယ္လို႔ အစိုးရကေဖာ္ျပထားပါတယ္။

ေတာင္ကိုရီးယားအစိုးရဟာ ကို႐ိုနာဗိုင္းရပ္စ္တိုက္ဖ်က္ေရး ကန္႔သတ္ခ်က္ေတြကို ေျဖေလွ်ာ့ၿပီးတဲ့ေနာက္ ႏိုင္ငံသားေတြဟာ ေန႔စဥ္လုပ္ငန္းေဆာင္တာေတြကို ျပန္စတင္ခဲ့ၾကပါတယ္။

ေတာင္ကိုရီးယားႏိုင္ငံရဲ႕ ကာကြယ္ေဆးထိုးႏွံမႈႏႈန္းဟာ ၇၉.၁% ရွိပါတယ္။

ကြၽမ္းက်င္သူေတြကေတာ့ အေစာပိုင္းေဆးထိုရထားတဲ့ သက္ႀကီး႐ြယ္အိုေတြနဲ႔ ေဆးမထိုးရေသးတဲ့ကေလးေတြမွာ ျဖစ္ပြါးမႈအေရအတြက္တိုးလာတယ္လို႔ ယူဆေနၾကပါတယ္။

ၿမိဳ႕ေတာ္တဝွမ္းနဲ႔ ေဒသေတြမွာ အေရးေပၚစီမံခ်က္ကို ခ်က္ခ်င္းအေကာင္အထည္ေဖာ္ရန္ စဥ္းစားရေလာက္ေအာင္ပင္ အေျခအေနမွာ စိုးရိမ္ရေၾကာင္း ေတာင္ကိုရီးယားဝန္ႀကီးခ်ဳပ္ Kim Boo-kyum က ဗုဒၶဟူးေန႔က ေျပာခဲ့ပါတယ္

Source-NHK


LEAVE A REPLY

Please enter your comment!
Please enter your name here