မန္တလေးမြို့ ကုန်စိမ်းဈေးတွင် ဈေးလာဝယ်သည့် စစ်ကားတစ်စီး လက်ပစ်ဗုံးပစ်ခံရ

0
202

(Unicode)

မန္တလေးမြို့ ကုန်စိမ်းဈေးတွင် ဈေးလာဝယ်သည့် စစ်ကားတစ်စီး လက်ပစ်ဗုံးပစ်ခံရ

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊၄၁လမ်းအနောက်ထိပ်နှင့်ကမ်းနားလမ်းပေါ်ရှိ ၄၁လမ်းကုန်စိမ်ဈေးတွင် ယနေ့နံနက်ပိုင်း၇နာရီဝန်းကျင်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်။

ပေါက်ကွဲမှုဖြစ်စဥ်တွင် ဒဏ်ရာရသူတစ်ချို့ရှိခဲ့သည်ဟု ဒေသခံအချို့က ပြောပြသည်။

ကုန်စိမ်းဈေးတွင် ဈေးလာဝယ်သော စစ်တပ် မော်တော်ယာဉ်ကို လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ရာမှ ပေါက်ကွဲ မှု ဖြစ်ခဲ့ခြင်းဖြစ်ကာ စစ်သားများကလည်း လိုက်လံဖမ်းဆီးခဲ့ရာတွင် ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း ဒေသခံဈေးဝယ်တချို့က ပြောပြသည်။

“ရုတ်တရက် အုံးဆိုတဲ့အသံကြောင့် ဈေးထဲ ရုတ်ရုတ်သဲသဲတော့ ဖြစ်သွားတယ်။သေနတ်ပစ်သံလည်း ကြားမိတယ်။ကိုယ်လည်း ကြောက်ကြောက်လန့်လန့် ဈေးက အမြန်ပြန်လာရတယ်။စစ်တပ်ကတော့ လမ်းပိတ်ပြီးတားဆီးစစ်ဆေးနေတာမြင်ခဲ့ရတယ်”ဟု ဈေးဝယ်လာသူတစ်ဦးကပြောသည်။

GZP (Mandalay) ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားအဖွဲ့က မန္တလေး၊ အနောက် ၄၁ လမ်း၊ မိုးကောင်းညဈေးအနီး လာရောက်ဈေးဝယ်သော စစ်ကား ၁ စီးအား ဗုံးပစ်တိုက်ခိုက်မှုမှာ ၎င်းတို့ လက်ချက်ဖြစ်ပြီး စစ်သား ၂ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာပြင်းထန်ကြောင်းပြောဆိုထားမှုရှိသည်။

နစကဘက်က ယခုသတင်းနှင့် ပတ်သတ်ပြီး သတင်းမထုတ်ပြန်သေးပေ။

(Zawgyi)

မႏၲေလးၿမိဳ႕ ကုန္စိမ္းေဈးတြင္ ေဈးလာဝယ္သည့္ စစ္ကားတစ္စီး လက္ပစ္ဗုံးပစ္ခံရ

မႏၲေလးၿမိဳ႕၊မဟာေအာင္ေျမၿမိဳ႕နယ္၊၄၁လမ္းအေနာက္ထိပ္ႏွင့္ကမ္းနားလမ္းေပၚရွိ ၄၁လမ္းကုန္စိမ္ေဈးတြင္ ယေန႔နံနက္ပိုင္း၇နာရီဝန္းက်င္က ေပါက္ကြဲမႈတစ္ခုျဖစ္ပြားခဲ့သည္။

ေပါက္ကြဲမႈျဖစ္စဥ္တြင္ ဒဏ္ရာရသူတစ္ခ်ိဳ႕ရွိခဲ့သည္ဟု ေဒသခံအခ်ိဳ႕က ေျပာျပသည္။

ကုန္စိမ္းေဈးတြင္ ေဈးလာဝယ္ေသာ စစ္တပ္ ေမာ္ေတာ္ယာဥ္ကို လက္ပစ္ဗုံးျဖင့္ ပစ္ေပါက္ခဲ့ရာမွ ေပါက္ကြဲ မႈ ျဖစ္ခဲ့ျခင္းျဖစ္ကာ စစ္သားမ်ားကလည္း လိုက္လံဖမ္းဆီးခဲ့ရာတြင္ ပစ္ခတ္မႈျပဳလုပ္ခဲ့ေၾကာင္း ေဒသခံေဈးဝယ္တခ်ိဳ႕က ေျပာျပသည္။

“႐ုတ္တရက္ အုံးဆိုတဲ့အသံေၾကာင့္ ေဈးထဲ ႐ုတ္႐ုတ္သဲသဲေတာ့ ျဖစ္သြားတယ္။ေသနတ္ပစ္သံလည္း ၾကားမိတယ္။ကိုယ္လည္း ေၾကာက္ေၾကာက္လန႔္လန႔္ ေဈးက အျမန္ျပန္လာရတယ္။စစ္တပ္ကေတာ့ လမ္းပိတ္ၿပီးတားဆီးစစ္ေဆးေနတာျမင္ခဲ့ရတယ္”ဟု ေဈးဝယ္လာသူတစ္ဦးကေျပာသည္။

GZP (Mandalay) ျပည္သူ႔ကာကြယ္ေရးၿမိဳ႕ျပေျပာက္က်ားအဖြဲ႕က မႏၲေလး၊ အေနာက္ ၄၁ လမ္း၊ မိုးေကာင္းညေဈးအနီး လာေရာက္ေဈးဝယ္ေသာ စစ္ကား ၁ စီးအား ဗုံးပစ္တိုက္ခိုက္မႈမွာ ၎တို႔ လက္ခ်က္ျဖစ္ၿပီး စစ္သား ၂ ဦး ေသဆုံးကာ ၃ ဦး ဒဏ္ရာျပင္းထန္ေၾကာင္းေျပာဆိုထားမႈရွိသည္။

နစကဘက္က ယခုသတင္းႏွင့္ ပတ္သတ္ၿပီး သတင္းမထုတ္ျပန္ေသးေပ။


LEAVE A REPLY

Please enter your comment!
Please enter your name here