အာဆီယံဆူဇူကီးဖလားပြိုင်ပွဲမှာ မြန်မာလက် ရွေးစင်ဘောလုံးအသင်း အိမ်ရှင်စင်ကာပူနဲ့စပြီးကစားရမယ်

0
129

(Unicode)

အာဆီယံဆူဇူကီးဖလားပြိုင်ပွဲမှာ မြန်မာလက် ရွေးစင်ဘောလုံးအသင်း အိမ်ရှင်စင်ကာပူနဲ့စပြီးကစားရမယ်

ကိုဗစ်(၁၉)ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်က မကျင်းပဖြစ်ခဲ့တဲ့ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို စင်ကာပူနိုင်ငံက ၂၀၂၁ ခုနှစ်၊ဒီဇင်ဘာ ၅ ရက်ကနေ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ အိမ်ရှင်အ ဖြစ်လက်ခံကျင်းပသွားမှာပါ။

အာဆီယံဆူဇူကီးဖလားပြိုင်ပွဲမှာပါဝင်ယှဥ်ပြိုင်မဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ တူရကီနိုင်ငံမှာနေထိုင်လေ့ကျင့်နေပြီး ပြိုင်ပွဲစတင်တဲ့အ ချိန် ဒီဇင်ဘာ ၅ ရက်မှာတော့ အိမ်ရှင်စင်ကာပူအ သင်းနဲ့စတင်ယှဥ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

မြန်မာအသင်းဟာ အိမ်ရှင်စင်ကာပူ၊ထိုင်း၊ဖိလစ်ပိုင်၊တီမောတို့နဲ့တစ်အုပ်စုထဲကျရောက်ခဲ့ပြီး ဒီဇင် ဘာ ၅ ရက်မှာစင်ကာပူ၊ ဒီဇင်ဘာ ၈ ရက်မှာတီမော၊ ဒီဇင်ဘာ ၁၁ ရက်မှာထိုင်း၊ ဒီဇင်ဘာ ၁၈ ရက်မှာဖီလစ်ပိုင်အသင်းတွေနဲ့ယှဥ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ဘောလုံးပြိုင်ပွဲရဲ့အုပ်စုပွဲစဥ်တွေကို ဒီဇင်ဘာ ၅ ရက်ကနေ ၁၉ ရက်အထိ ဆီမီးဖိုင်နယ် ပထမအကျော့ကို ဒီဇင်ဘာ ၂၂ ရက်နဲ့ ၂၆ ရက် ဒုတိယအကျော့ကို ဒီဇင်ဘာ ၂၅ ရက်နဲ့ ၂၆ ရက် ဗိုလ်လုပွဒစဥ် ပထမအကျော့ကို ဒီဇင်ဘာ ၂၉ ရက်နဲ့ ဒုတိယအကျော့ကို ဇန်နဝါရီ ၁ ရက်တို့မှာကျင်းပသွားမှာပါ။

လက်ရှိ အာဆီယံဆူဇူကီးဖလား ချန်ပီယံကတော့ ဗီယက်နမ်နိုင်ငံဖြစ်ပါတယ်။

ဘောလုံးပြိုင်ပွဲတွေကို ယခင်နှစ်တွေကလို အိမ်ကွင်း၊အဝေးကွင်းပုံစံမျိုးနဲ့မကျင်းပနိုင်တာကြောင့် ပွဲစဥ်အားလုံးကို စင်ကာပူနိုင်ငံမှာပဲပြုလုပ်သွားမှာပါ။

(Zawgyi)

အာဆီယံဆူဇူကီးဖလားၿပိဳင္ပြဲမွာ ျမန္မာလက္ ေ႐ြးစင္ေဘာလုံးအသင္း အိမ္ရွင္စင္ကာပူနဲ႔စၿပီးကစားရမယ္

ကိုဗစ္(၁၉)ေရာဂါေၾကာင့္ ၂၀၂၀ ျပည့္ႏွစ္က မက်င္းပျဖစ္ခဲ့တဲ့ အာဆီယံဆူဇူကီးဖလားၿပိဳင္ပြဲကို စင္ကာပူႏိုင္ငံက ၂၀၂၁ ခုႏွစ္၊ဒီဇင္ဘာ ၅ ရက္ကေန ၂၀၂၂ ခုႏွစ္ ဇန္နဝါရီ ၁ ရက္အထိ အိမ္ရွင္အ ျဖစ္လက္ခံက်င္းပသြားမွာပါ။

အာဆီယံဆူဇူကီးဖလားၿပိဳင္ပြဲမွာပါဝင္ယွဥ္ၿပိဳင္မဲ့ ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္းဟာ တူရကီႏိုင္ငံမွာေနထိုင္ေလ့က်င့္ေနၿပီး ၿပိဳင္ပြဲစတင္တဲ့အ ခ်ိန္ ဒီဇင္ဘာ ၅ ရက္မွာေတာ့ အိမ္ရွင္စင္ကာပူအ သင္းနဲ႔စတင္ယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။

ျမန္မာအသင္းဟာ အိမ္ရွင္စင္ကာပူ၊ထိုင္း၊ဖိလစ္ပိုင္၊တီေမာတို႔နဲ႔တစ္အုပ္စုထဲက်ေရာက္ခဲ့ၿပီး ဒီဇင္ ဘာ ၅ ရက္မွာစင္ကာပူ၊ ဒီဇင္ဘာ ၈ ရက္မွာတီေမာ၊ ဒီဇင္ဘာ ၁၁ ရက္မွာထိုင္း၊ ဒီဇင္ဘာ ၁၈ ရက္မွာဖီလစ္ပိုင္အသင္းေတြနဲ႔ယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။

ေဘာလုံးၿပိဳင္ပြဲရဲ႕အုပ္စုပြဲစဥ္ေတြကို ဒီဇင္ဘာ ၅ ရက္ကေန ၁၉ ရက္အထိ ဆီမီးဖိုင္နယ္ ပထမအေက်ာ့ကို ဒီဇင္ဘာ ၂၂ ရက္နဲ႔ ၂၆ ရက္ ဒုတိယအေက်ာ့ကို ဒီဇင္ဘာ ၂၅ ရက္နဲ႔ ၂၆ ရက္ ဗိုလ္လုပြဒစဥ္ ပထမအေက်ာ့ကို ဒီဇင္ဘာ ၂၉ ရက္နဲ႔ ဒုတိယအေက်ာ့ကို ဇန္နဝါရီ ၁ ရက္တို႔မွာက်င္းပသြားမွာပါ။

လက္ရွိ အာဆီယံဆူဇူကီးဖလား ခ်န္ပီယံကေတာ့ ဗီယက္နမ္ႏိုင္ငံျဖစ္ပါတယ္။

ေဘာလုံးၿပိဳင္ပြဲေတြကို ယခင္ႏွစ္ေတြကလို အိမ္ကြင္း၊အေဝးကြင္းပုံစံမ်ိဳးနဲ႔မက်င္းပႏိုင္တာေၾကာင့္ ပြဲစဥ္အားလုံးကို စင္ကာပူႏိုင္ငံမွာပဲျပဳလုပ္သြားမွာပါ။


LEAVE A REPLY

Please enter your comment!
Please enter your name here