(Unicode)
ရွှေတိဂုံစေတီတော်ဖူးမြှော်ချိန်ထပ်တိုး
ရွှေတိဂုံစေတီတော်မြတ်ကြီးကို လာရောက်ဖူးမြော်သူတွေအတွက် အဆင်ပြေစေဖို့ ဖူးမြော်ချိန်ထပ်တိုးပေးခဲ့တယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြေ ညာခဲ့ပါတယ်။
အခုထပ်တိုးလိုက်တဲ့ဖူးမြော်ချိန်ဟာ စနေ၊တနင်္ဂ နွေနဲ့အများပြည်သူရုံးပိတ်ရက်တွေအတွက် ထပ်တိုးလိုက်တာဖြစ်ပြီး အဲဒီနေ့တွေမှာ မနက် ၅ နာရီကနေ ည ၇ နာရီအထိ ဖူးမြော်နိုင်မှာဖြစ်ပါတယ်။
ကျန်တဲ့ရုံးဖွင့်ရက်တွေမှာတော့ ယခင်အတိုင်းမနက် ၅ ရီကနေ ည ၆ နာရီအထိဖြစ်ပါတယ်။
(Zawgyi)