မန္တလေးမြို့မှာ တစ်နေ့တည်း ဗုံး ၁၀ လုံးကျော်ပေါက်ကွဲခဲ့

0
194

(Unicode)

မန္တလေးမြို့မှာ တစ်နေ့တည်း ဗုံး ၁၀ လုံးကျော်ပေါက်ကွဲခဲ့

မန္တလေးမြို့မှာ မြို့တော်စည်ပင်ရုံးနားက တစ်မြို့လုံးက မီးပွိုင့်တွေကိုထိန်းချုပ်တဲ့ CCTV Link တွေရဲ့ CCTV Cabel Box ကိုဗုံးခွဲဖျက်ဆီးခံရတာအပြင် နေရာအနှံ့အပြားမှာ ဒီနေ့တစ်နေ့တည်းနဲ့ ဗုံး ၁၀ လုံးကျော်ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

“CCTV Link Cabel Box ဗုံးခွဲခံရတဲ့အချိန်က မနက် ၆ နာရီလောက်မှာဖြစ်ခဲ့တာပါ လူထိခိုက်ဒဏ်ရာရတာတော့မရှိပါဘူး Cabel Box ကအတော်ပျက်စီးသွားတယ်”လို့ မြို့ခံတစ်ယောက်ကပြောပါတယ်။

ဒါ့အပြင် ချမ်းအေးသာစံမြို့နယ်မှာရှိတဲ့ စုပေါင်းရုံးဝင်းအတွင်းမှာလည်း ဒီနေ့ နေ့လည် ၁ နာရီခွဲလောက်က ဗုံးတစ်လုံးပေါက်ကွဲခဲ့တာကြောင့် လုံခြုံရေးအဖွဲ့ဝင်နှစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အလားတူပဲ ချမ်းမြသာစည်မြို့နယ်၊ ၆၂ လမ်းနဲ့ ၁၀၇ လမ်းထောင့်မှာလည်း နေ့လည် ၁ နာရီ ၄၅ မိနစ်လောက်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရှိတာတော့မရှိခဲ့ပါဘူး။

“မန္တလေးစျေးချိုနားမှာလည်း မပေါက်ကွဲသေးတဲ့ဗုံးတစ်လုံးတွေ့တယ်”လို့ မြို့ခံတစ်ယောက်ကပြောပါတယ်။

အမရပူရမြို့နယ်က မှန်တန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနားမှာလည်း မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့သလိို ဆည်တဲရပ်နဲ့ မှန်တန်းရပ်မှာရှိတဲ့ မြဝတီထရွန်ဇေးရှင်းကုမ္ပဏီခြံနားမှာလည်း ဒီနေ့မှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။

ဖြစ်စဥ်တွေဖြစ်ပွားတဲ့နေရာကို လုံခြုံရေးအဖွဲ့တွေက စစ်ဆေးခဲ့ကြပြီး အနီးနားရပ်ကွက်အတွင်းတွေ လမ်းသွားလမ်းလာတွေ ဖြတ်သန်းသွားလာနေတဲ့ ကားတွေကိုလည်းစစ်ဆေးတာတွေလုပ်ခဲ့ကြပါတယ်။

(Zawgyi)

မႏၲေလးၿမိဳ႕မွာ တစ္ေန႔တည္း ဗုံး ၁၀ လုံးေက်ာ္ေပါက္ကြဲခဲ့

မႏၲေလးၿမိဳ႕မွာ ၿမိဳ႕ေတာ္စည္ပင္႐ုံးနားက တစ္ၿမိဳ႕လုံးက မီးပြိဳင့္ေတြကိုထိန္းခ်ဳပ္တဲ့ CCTV Link ေတြရဲ႕ CCTV Cabel Box ကိုဗုံးခြဲဖ်က္ဆီးခံရတာအျပင္ ေနရာအႏွံ႔အျပားမွာ ဒီေန႔တစ္ေန႔တည္းနဲ႔ ဗုံး ၁၀ လုံးေက်ာ္ေပါက္ကြဲခဲ့တယ္လို႔ ၿမိဳ႕ခံေတြဆီကသိရပါတယ္။

“CCTV Link Cabel Box ဗုံးခြဲခံရတဲ့အခ်ိန္က မနက္ ၆ နာရီေလာက္မွာျဖစ္ခဲ့တာပါ လူထိခိုက္ဒဏ္ရာရတာေတာ့မရွိပါဘူး Cabel Box ကအေတာ္ပ်က္စီးသြားတယ္”လို႔ ၿမိဳ႕ခံတစ္ေယာက္ကေျပာပါတယ္။

ဒါ့အျပင္ ခ်မ္းေအးသာစံၿမိဳ႕နယ္မွာရွိတဲ့ စုေပါင္း႐ုံးဝင္းအတြင္းမွာလည္း ဒီေန႔ ေန႔လည္ ၁ နာရီခြဲေလာက္က ဗုံးတစ္လုံးေပါက္ကြဲခဲ့တာေၾကာင့္ လုံၿခဳံေရးအဖြဲ႕ဝင္ႏွစ္ေယာက္ ထိခိုက္ဒဏ္ရာရခဲ့တယ္လို႔ ၿမိဳ႕ခံေတြဆီက သိရပါတယ္။

အလားတူပဲ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ၆၂ လမ္းနဲ႔ ၁၀၇ လမ္းေထာင့္မွာလည္း ေန႔လည္ ၁ နာရီ ၄၅ မိနစ္ေလာက္က ဗုံးတစ္လုံးေပါက္ကြဲခဲ့ေပမဲ့ ထိခိုက္ဒဏ္ရာရွိတာေတာ့မရွိခဲ့ပါဘူး။

“မႏၲေလးေစ်းခ်ိဳနားမွာလည္း မေပါက္ကြဲေသးတဲ့ဗုံးတစ္လုံးေတြ႕တယ္”လို႔ ၿမိဳ႕ခံတစ္ေယာက္ကေျပာပါတယ္။

အမရပူရၿမိဳ႕နယ္က မွန္တန္းရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးနားမွာလည္း မနက္ပိုင္းက ဗုံးေပါက္ကြဲမႈျဖစ္ခဲ့သလိို ဆည္တဲရပ္နဲ႔ မွန္တန္းရပ္မွာရွိတဲ့ ျမဝတီထ႐ြန္ေဇးရွင္းကုမၸဏီၿခံနားမွာလည္း ဒီေန႔မွာ ဗုံးေပါက္ကြဲမႈေတြျဖစ္ခဲ့ပါတယ္။

ျဖစ္စဥ္ေတြျဖစ္ပြားတဲ့ေနရာကို လုံၿခဳံေရးအဖြဲ႕ေတြက စစ္ေဆးခဲ့ၾကၿပီး အနီးနားရပ္ကြက္အတြင္းေတြ လမ္းသြားလမ္းလာေတြ ျဖတ္သန္းသြားလာေနတဲ့ ကားေတြကိုလည္းစစ္ေဆးတာေတြလုပ္ခဲ့ၾကပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here