Hidden Face မှာ Song Seung Heon ပါဝင်မယ်လို့ သတင်းတွေထွက်ပေါ်

0
299

(Unicode)

Hidden Face မှာ Song Seung Heon ပါဝင်မယ်လို့ သတင်းတွေထွက်ပေါ်

နိုဝင်ဘာ ၂၅ရက်နေ့မှာ ဖျော်ဖြေနယ်ပယ်ထဲမှ သတင်းရင်းမြစ်တခုကမင်းသား Song Seung Heon နဲ့မင်းသမီး Jo Bo Ah တို့ဟာ Hidden face ဇာတ်ကားထဲမှာ အတူတွဲသရုပ်ဆောင်ကြမယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒီသတင်းအပေါ် Song Seung Heon ရဲ့ အေ ဂျင်စီ King Kong by Starship နဲ့ Jo Bo Ah ရဲ့အေဂျင်စီ KeyEast တို့ကသရုပ်ဆောင်တွေဟာ ရုပ်ရှင်မှာပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းမှုတွေလက်ခံရရှိပြီး သုံးသပ်နေတယ်လို့ ပြန်လည်ဖြေရှင်းထားပါတယ်။

Hidden Face ဟာ ချစ်သူရဲ့အိမ်က လျှို့ဝှက်ခန်းမှာ ပိတ်မိနေတဲ့ လူတယောက်အကြောင်းကို ရိုက်ကူးထားတဲ့ လျှို့ဝှက်ဆန်းကြယ်သည်းထိတ်ရင်ဖို ဇာတ်လမ်းဖြစ်ပါတယ်။

Martina Garcic နဲ့ Quin Gutierrez တို့သရုပ်ဆောင်ထားတဲ့ Spanish-Columbian ဇာတ်ကား Hidden Face ကို ပြန်လည်ဖန်တီးထားတဲ့ ဇာတ်လမ်းပါ။

ဒီဇာတ်လမ်းကိုတော့ မင်းသား Song Seung Heon ခေါင်းဆောင်ပါဝင်ထားတဲ့ Obsessed ကားကိုရိုက်ကူးတဲ့ဒါရိုက်တာ Kim Dae Woo ကရိုက်ကူးမှာပါ။

တကယ်လို့သာ ဒီဇာတ်ကားကို Song Seung Heon ကသာ လက်ခံခဲ့မယ်ဆိုရင် ဒါရိုက်တာ Kim Dae Woo နဲ့ Song Seung Heon ဟာ ၇ နှစ်မြောက်အကြာမှာ ပြန်လည်ပေါင်းစည်းမှုဖြစ်လာမှာပါ။

မင်းသား Song Seung Heon က လတ်တလောမှာတော့ Delivery Knight မှာပါဝင်ဖို့ စကားပြောဆိုထားတာရှိပြီး Jo Bo Ah ကတော့ tvN ရဲ့ ဒရာမာအသစ် Military Prosecutor Doberman မှာ သရုပ်ဆောင်ဖို့ ရှိပါတယ်။

(Zawgyi)

Hidden Face မွာ Song Seung Heon ပါဝင္မယ္လို႔ သတင္းေတြထြက္ေပၚ

ႏိုဝင္ဘာ ၂၅ရက္ေန႔မွာ ေဖ်ာ္ေျဖနယ္ပယ္ထဲမွ သတင္းရင္းျမစ္တခုကမင္းသား Song Seung Heon နဲ႔မင္းသမီး Jo Bo Ah တို႔ဟာ Hidden face ဇာတ္ကားထဲမွာ အတူတြဲသ႐ုပ္ေဆာင္ၾကမယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

ဒီသတင္းအေပၚ Song Seung Heon ရဲ႕ ေအ ဂ်င္စီ King Kong by Starship နဲ႔ Jo Bo Ah ရဲ႕ေအဂ်င္စီ KeyEast တို႔ကသ႐ုပ္ေဆာင္ေတြဟာ ႐ုပ္ရွင္မွာပါဝင္သ႐ုပ္ေဆာင္ဖို႔ ကမ္းလွမ္းမႈေတြလက္ခံရရွိၿပီး သုံးသပ္ေနတယ္လို႔ ျပန္လည္ေျဖရွင္းထားပါတယ္။

Hidden Face ဟာ ခ်စ္သူရဲ႕အိမ္က လွ်ိဳ႕ဝွက္ခန္းမွာ ပိတ္မိေနတဲ့ လူတေယာက္အေၾကာင္းကို ႐ိုက္ကူးထားတဲ့ လွ်ိဳ႕ဝွက္ဆန္းၾကယ္သည္းထိတ္ရင္ဖို ဇာတ္လမ္းျဖစ္ပါတယ္။

Martina Garcic နဲ႔ Quin Gutierrez တို႔သ႐ုပ္ေဆာင္ထားတဲ့ Spanish-Columbian ဇာတ္ကား Hidden Face ကို ျပန္လည္ဖန္တီးထားတဲ့ ဇာတ္လမ္းပါ။

ဒီဇာတ္လမ္းကိုေတာ့ မင္းသား Song Seung Heon ေခါင္းေဆာင္ပါဝင္ထားတဲ့ Obsessed ကားကို႐ိုက္ကူးတဲ့ဒါ႐ိုက္တာ Kim Dae Woo က႐ိုက္ကူးမွာပါ။

တကယ္လို႔သာ ဒီဇာတ္ကားကို Song Seung Heon ကသာ လက္ခံခဲ့မယ္ဆိုရင္ ဒါ႐ိုက္တာ Kim Dae Woo နဲ႔ Song Seung Heon ဟာ ၇ ႏွစ္ေျမာက္အၾကာမွာ ျပန္လည္ေပါင္းစည္းမႈျဖစ္လာမွာပါ။

မင္းသား Song Seung Heon က လတ္တေလာမွာေတာ့ Delivery Knight မွာပါဝင္ဖို႔ စကားေျပာဆိုထားတာရွိၿပီး Jo Bo Ah ကေတာ့ tvN ရဲ႕ ဒရာမာအသစ္ Military Prosecutor Doberman မွာ သ႐ုပ္ေဆာင္ဖို႔ ရွိပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here