နေပြည်တော်က (၈)မြို့နယ်လုံး Stay at home မှပယ်ဖျက်ကာ စျေးများအကုန်ပြန်ဖွင့်ခွင့်ရ

0
335

(Unicode)

နေပြည်တော်က (၈)မြို့နယ်လုံး Stay at home မှပယ်ဖျက်ကာ စျေးများအကုန်ပြန်ဖွင့်ခွင့်ရ

နေပြည်တော် နိုဝင်ဘာ ၂၆

နေပြည်တော် ကောင်စီရဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ (၈)မြို့နယ်အနက်က ဇဗ္မူသီရိ၊ပျဉ်းမနား၊လယ်ဝေးနဲ့ တပ်ကုန်း မြို့နယ်တွေကို ကူးစက်နှုန်း ထိန်းချုပ်နိုင်ဖို့ stay at home အဖြစ်သတ်မှတ်ထားရာက နေ ပယ်ဖျက်ပေးလိုက်တာကြောင့် နေပြည်တော်ကောင်စီအတွင်းမှာ stay at home အဖြစ်သတ်မှတ်ထားတဲ့မြို့တွေ မရှိတော့ဘူး လို့သိရပါတယ်။

ဇဗ္မူသီရိမြို့နယ်မှာ နေ့စဉ်ကူးစက်သူ အရေအတွက်ဆယ်ဂဏန်းဝန်းကျင်ရှိနေပေမယ့်လည်း မြို့မစျေး၊သပြေကုန်းစျေးတို့ရှိ ယခင်ပိတ်ထားတဲ့ စျေးဆိုင်တွေကိုလည်း ပြန်ဖွင့်ခွင့်ပေးကာ ဆိုင်ထိုင်စားစနစ်ကိုပါ ကိုဗစ်၁၉စည်းကမ်းနှင့်အညီ ခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။

ကျန်စျေးများအားလုံးနှင့် ညဈေးများကိုလည်းကိုဗစ်စည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်ခွင့်ပြုထားပါတယ်။

နေပြည်‌တော်က မြို့နယ်(၈)မြို့နယ်အနက် ဇဗ္မူသီရိကလွဲလို့ ကျန်မြို့နယ်တွေမှာ ကူးစက်သူ တွေ့ရှိမှုက မရှိသလောက် ဖြစ်နေခဲ့တာ နှစ်ပတ်ကျော်ခဲ့ပြီလို့သိရပါတယ်။

နေပြည်တော်ဟာ အစိုးရရုံးစိုက်ရာ မြို့ဖြစ်တာကြောင့် နေပြည်တော်အဝင်မှာ stay at home ကမြို့တွေဆိုရင် ကွာရာတင်းမဖြစ်မနေဝင်ဖို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

နေပြည်တော်ကောင်စီအတွင်းမှာ လက်ရှိအချိန်ထိ ကိုဗစ်ကြောင့် ဆေးရုံတက်ရောက်ကုသနေသူ ငါးရာကျော်သာကျန်ရှိတော့ပြီး သေဆုံးနှုန်းအရေအတွက်ကလည်း ကူးစက်ခံရဖူးသူ (၁၆၀၀၀)ကျော်အနက် ‌(၆၀၀)ကျော် ရှိခဲ့ပါတယ်။

ယခုဖော်ပြထားသောပုံများမှာ ယခင်ပုံဟောင်းများဖြစ်ပါသည်။

(Zawgyi)

ေနျပည္ေတာ္က (၈)ၿမိဳ႕နယ္လုံး Stay at home မွပယ္ဖ်က္ကာ ေစ်းမ်ားအကုန္ျပန္ဖြင့္ခြင့္ရ

ေနျပည္ေတာ္ နိုဝင္ဘာ ၂၆

ေနျပည္ေတာ္ ေကာင္စီရဲ့ ပါဝင္ဖြဲ႕စည္းထားတဲ့ (၈)ၿမိဳ႕နယ္အနက္က ဇဗၼဴသီရိ၊ပ်ဥ္းမနား၊လယ္ေဝးနဲ႔ တပ္ကုန္း ၿမိဳ႕နယ္ေတြကို ကူးစက္ႏွုန္း ထိန္းခ်ဳပ္နိုင္ဖို႔ stay at home အျဖစ္သတ္မွတ္ထားရာက ေန ပယ္ဖ်က္ေပးလိုက္တာေၾကာင့္ ေနျပည္ေတာ္ေကာင္စီအတြင္းမွာ stay at home အျဖစ္သတ္မွတ္ထားတဲ့ၿမိဳ႕ေတြ မရွိေတာ့ဘူး လို႔သိရပါတယ္။

ဇဗၼဴသီရိၿမိဳ႕နယ္မွာ ေန႔စဥ္ကူးစက္သူ အေရအတြက္ဆယ္ဂဏန္းဝန္းက်င္ရွိေနေပမယ့္လည္း ၿမိဳ႕မေစ်း၊သေျပကုန္းေစ်းတို႔ရွိ ယခင္ပိတ္ထားတဲ့ ေစ်းဆိုင္ေတြကိုလည္း ျပန္ဖြင့္ခြင့္ေပးကာ ဆိုင္ထိုင္စားစနစ္ကိုပါ ကိုဗစ္၁၉စည္းကမ္းႏွင့္အညီ ခြင့္ျပဳေပးထားတယ္လို႔ သိရပါတယ္။

က်န္ေစ်းမ်ားအားလုံးႏွင့္ ညေဈးမ်ားကိုလည္းကိုဗစ္စည္းကမ္းမ်ားႏွင့္အညီ ျပန္လည္ဖြင့္ခြင့္ျပဳထားပါတယ္။

ေနျပည္‌ေတာ္က ၿမိဳ႕နယ္(၈)ၿမိဳ႕နယ္အနက္ ဇဗၼဴသီရိကလြဲလို႔ က်န္ၿမိဳ႕နယ္ေတြမွာ ကူးစက္သူ ေတြ႕ရွိမွုက မရွိသေလာက္ ျဖစ္ေနခဲ့တာ ႏွစ္ပတ္ေက်ာ္ခဲ့ၿပီလို႔သိရပါတယ္။

ေနျပည္ေတာ္ဟာ အစိုးရ႐ုံးစိုက္ရာ ၿမိဳ႕ျဖစ္တာေၾကာင့္ ေနျပည္ေတာ္အဝင္မွာ stay at home ကၿမိဳ႕ေတြဆိုရင္ ကြာရာတင္းမျဖစ္မေနဝင္ဖို႔ သတ္မွတ္ထားတာျဖစ္ပါတယ္။

ေနျပည္ေတာ္ေကာင္စီအတြင္းမွာ လက္ရွိအခ်ိန္ထိ ကိုဗစ္ေၾကာင့္ ေဆး႐ုံတက္ေရာက္ကုသေနသူ ငါးရာေက်ာ္သာက်န္ရွိေတာ့ၿပီး ေသဆုံးႏွုန္းအေရအတြက္ကလည္း ကူးစက္ခံရဖူးသူ (၁၆၀၀၀)ေက်ာ္အနက္ ‌(၆၀၀)ေက်ာ္ ရွိခဲ့ပါတယ္။

ယခုေဖာ္ျပထားေသာပုံမ်ားမွာ ယခင္ပုံေဟာင္းမ်ားျဖစ္ပါသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here