ဒဂုံဆိပ်ကမ်းမှာ WFP ကအိမ်ထောင်စုတစ်စုကို ဆန်တစ်အိတ်စီထောက်ပံ့

0
283

(Unicode)

ဒဂုံဆိပ်ကမ်းမှာ WFP ကအိမ်ထောင်စုတစ်စုကို ဆန်တစ်အိတ်စီထောက်ပံ့

ဒဂုံဆိပ်ကမ်းက စားနပ်ရိက္ခာလိုအပ်ချက်ရှိတဲ့ သ ရက်ပင်ချောင်ရွာက အိမ်ထောင်စု ၁၀၃၅ စု၊ညောင်ပင်ရွာက အိမ်ထောင်စု ၃၆၂၅ စု၊ဒလဘန်းရွာက အိမ်ထောင်စု ၃၁၁ စု(စုစုပေါင်း ၄၉၇၅ စု) ကို ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် WFP က နိုဝင်ဘာ ၂၆ ရက်မှာ တစ်အိမ်ထောင်ကို ၂၄ ပြည်ပါဆန်တစ်အိတ်စီထောက်ပံ့ပေးခဲ့ပါတယ်။

“ကမ္ဘာ့စားနပ်ရိက္ခာကနေလာလှူတဲ့အတွက် ကျေး ရွာပြည်သူတွေလည်း ဒုက္ခအမျိုးမျိုးနဲ့စားဝတ်နေရေးအခက်အခဲဖြစ်နေချိန်မှာ ဝမ်းသာတယ် ဒါ့ကြောင့် စနစ်တကျနဲ့ဆောင်ရွက်ပြီးတော့ အိမ်စေ့ရအောင်ကြိုးစားပြီးဆောင်ရွက်ပေးခဲ့ပါတယ် အခုကြိမ်ကနှစ်ကြိမ်မြောက်ပါ”လို့ သရက်ပင်ချောင်ကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။

ပထမအကြိမ်ထောက်ပံ့တုန်းက နှစ်အိမ်ထောင်ကို ၂၄ ပြည် တစ်အိတ်နှုန်းထောက်ပံ့ ပေးခဲ့ပြီး ယခုဒုတိယအကြိမ်မှာ တစ်အိမ်ထောင်ကိုတစ်အိတ်နှုန်းထောက်ပံ့ပေးခဲ့ပါတယ်။

“စားဝတ်နေရေးကြပ်တည်းနေတဲ့အချိန် အခုလိုလာလှူတာကိုအရမ်းဝမ်းသာတယ် ခေတ်ကာလကမကောင်းတော့ အလုပ်လုပ်ဖို့သွားရလာရတာလည်းမလွယ်ဘူးလေ အလုပ်တွေကလည်းရပ်ထားရတော့ ဝင်ငွေကမရှိ မစားလို့ကလည်းမရဖြစ်နေချိန်မှာ လာလှူပေးတော့ အထိုက်အလျှောက်တော့အဆက်ပြေသွားတာပေါ့”လို့ ညောင်ပင်ရွာသားကိုအောင်နိုင်ကပြောပါတယ်။

WFP ကထောက်ပံ့တဲ့ဆန်တွေကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက(MRCS)ကကူညီဖြန့်ဝေပေးခဲ့ခြင်းဖြစ်ပါတယ်။

(Zawgyi)

ဒဂုံဆိပ္ကမ္းမွာ WFP ကအိမ္ေထာင္စုတစ္စုကို ဆန္တစ္အိတ္စီေထာက္ပံ့

ဒဂုံဆိပ္ကမ္းက စားနပ္ရိကၡာလိုအပ္ခ်က္ရွိတဲ့ သ ရက္ပင္ေခ်ာင္႐ြာက အိမ္ေထာင္စု ၁၀၃၅ စု၊ေညာင္ပင္႐ြာက အိမ္ေထာင္စု ၃၆၂၅ စု၊ဒလဘန္း႐ြာက အိမ္ေထာင္စု ၃၁၁ စု(စုစုေပါင္း ၄၉၇၅ စု) ကို ကုလသမဂၢကမာၻ႔စားနပ္ရိကၡာအစီအစဥ္ WFP က ႏိုဝင္ဘာ ၂၆ ရက္မွာ တစ္အိမ္ေထာင္ကို ၂၄ ျပည္ပါဆန္တစ္အိတ္စီေထာက္ပံ့ေပးခဲ့ပါတယ္။

“ကမာၻ႔စားနပ္ရိကၡာကေနလာလႉတဲ့အတြက္ ေက်း ႐ြာျပည္သူေတြလည္း ဒုကၡအမ်ိဳးမ်ိဳးနဲ႔စားဝတ္ေနေရးအခက္အခဲျဖစ္ေနခ်ိန္မွာ ဝမ္းသာတယ္ ဒါ့ေၾကာင့္ စနစ္တက်နဲ႔ေဆာင္႐ြက္ၿပီးေတာ့ အိမ္ေစ့ရေအာင္ႀကိဳးစားၿပီးေဆာင္႐ြက္ေပးခဲ့ပါတယ္ အခုႀကိမ္ကႏွစ္ႀကိမ္ေျမာက္ပါ”လို႔ သရက္ပင္ေခ်ာင္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးကေျပာပါတယ္။

ပထမအႀကိမ္ေထာက္ပံ့တုန္းက ႏွစ္အိမ္ေထာင္ကို ၂၄ ျပည္ တစ္အိတ္ႏႈန္းေထာက္ပံ့ ေပးခဲ့ၿပီး ယခုဒုတိယအႀကိမ္မွာ တစ္အိမ္ေထာင္ကိုတစ္အိတ္ႏႈန္းေထာက္ပံ့ေပးခဲ့ပါတယ္။

“စားဝတ္ေနေရးၾကပ္တည္းေနတဲ့အခ်ိန္ အခုလိုလာလႉတာကိုအရမ္းဝမ္းသာတယ္ ေခတ္ကာလကမေကာင္းေတာ့ အလုပ္လုပ္ဖို႔သြားရလာရတာလည္းမလြယ္ဘူးေလ အလုပ္ေတြကလည္းရပ္ထားရေတာ့ ဝင္ေငြကမရွိ မစားလို႔ကလည္းမရျဖစ္ေနခ်ိန္မွာ လာလႉေပးေတာ့ အထိုက္အေလွ်ာက္ေတာ့အဆက္ေျပသြားတာေပါ့”လို႔ ေညာင္ပင္႐ြာသားကိုေအာင္ႏိုင္ကေျပာပါတယ္။

WFP ကေထာက္ပံ့တဲ့ဆန္ေတြကို ျမန္မာႏိုင္ငံၾကက္ေျခနီအသင္းက(MRCS)ကကူညီျဖန္႔ေဝေပးခဲ့ျခင္းျဖစ္ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here