အခြေခံပညာ နှစ်ဆုံးစာမေးပွဲများအား မတ်လတွင် စစ်ဆေးမည်

0
195

(Unicode)

အခြေခံပညာ နှစ်ဆုံးစာမေးပွဲများအား မတ်လတွင် စစ်ဆေးမည်

ယခုနှစ် ပညာသင်နှစ် အခြေခံပညာစာသင်နှစ်၏ ပထမ နှစ်ဝက်စစ်ဆေးခြင်းကို လာမည့် ဇန်နဝါရီလထဲ ပြုလုပ်မည်ဟု နစကပြန်ကြားရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ဇွန်လ၁ရက်နေတွင် ဖွင့်လှစ်ပြီး ဇူလိုင်လတွင် ကိုဗစ်ကြောင့် ပြန်ပိတ်ကာ နိုဝင်ဘာ ၁ရက်တွင် ပြန်ဖွင့်သည့် အခြေခံပညာကျောင်းများ၏ စာမေးပွဲများအား ၂ကြိမ်ဆောင်ရွက်မည်ဖြစ်ကာ နှစ်ဆုံးစစ်ဆေးခြင်းအား မတ်လထဲတွင် ဆောင်ရွက်မည်ဟု ဆိုသည်။

လက်ရှိတွင် ကျောင်းအပ်သူ ၄၇သိန်းကျော်ရှိပြီး ကျောင်းတက်သူ ၃၃သိန်းရှိသည်ဟု နစကပညာရေးဝန်ကြီးဌာန၏ အချက်အလက်ကို ကိုးကားပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ယခုပညာသင်နှစ်၏ စာသင်နှစ်သည် အချိန်ကာလအားဖြင့် ၆လသာ ရှိပြီး ပညာရေးဝန်ကြီးဌာနက သင်ခန်းစာများအား ပြင်ဆင်ရေးဆွဲထားသည်ဟု သိရသည်။

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here