​တောင်ကြီးမြို့တွင် ငွေကျပ် ၂.၂၁ ဘီလီယံကျော်ရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

0
138

(Unicode)

​တောင်ကြီးမြို့တွင် ငွေကျပ် ၂.၂၁ ဘီလီယံကျော်ရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ငွေကျပ် ၂.၂၁ဘီလီယံကျော် တန်ဖိုးရှိတဲ့ မူးယစ် ဆေးဝါးများဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲ တပ်ဖွဲ့မှ သိရပါတယ်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၂ရက်နေ့ ညနေ ၄နာရီအချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဟာ သတင်းအရ အောင်ကျော်မင်း(ခ) အန်ဒြူး (၃၃)နှစ် မောင်းနှင်ပြီး စိုင်းဦးမောင် (ခ) စိုင်းမောင် (၁၉) နှစ်လိုက်ပါလာတဲ့ FUSO အမျိုးအစား ၆ဘီးယာဉ်ကိုရှာဖွေရာ ကာလ တန်ဖိုး ငွေကျပ် ၂.၂၁ ဘီလီယံကျော်တန်ဖိုးရှိတဲ့ အိုက်စ် ၁၁၂ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးဝါး ၄သိန်းတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

၄င်းတို့နှစ်ဦးကို ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်စစ်ဆေးဖော်ထုတ်နေကြောင်း သိရပါတယ်။

(Zawgyi)




၎င်းတို့နှစ်ဦးကို ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်စစ်ဆေးဖော်ထုတ်နေကြောင်း သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here