ကာကွယ်ဆေးတွေ မြန်မြန်ဆန်ဆန်မျှဝေဖို့ အမေရိကန် သမ္မတတောင်းဆို

0
117

ကာကွယ်ဆေးတွေမြန်မြန်ဆန်ဆန်မျှဝေဖို့ အမေရိကန်သမ္မတတောင်းဆို

အမေရိကန်သမ္မတ Joe Biden က ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကာကွယ်ဆေးတွေလှူဒါန်းဖို့ နိုင်ငံတ ကာအသိုင်းအဝိုင်းကို တောင်းဆိုလိုက်ပါတယ်။

တောင်အာဖရိကမှာတွေ့ရှိရတဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲကို WHO မှ စိုးရိမ်မှုမျိုးကွဲအဖြစ် သတ် မှတ်ပြီး Omicron လို့နာမည်ပေးပြီးနောက်မှာအခုလို မေတ္တာရပ်ခံလိုက်တာပါ။

ပဏာမသက်သေအထောက်အထားတွေက အခြားစိုးရိမ််မှုမျိုးကွဲတွေနဲ့နှိုင်းယှဉ်ရင် Omicron က ပြန်လည်ကူးစက်နိုင်ခြေပိုများကြောင်း ညွှန်ပြနေတယ်လို့ WHO ကပြောပါတယ်။

သမ္မတJoe Biden က “တကမ္ဘာလုံးကာကွယ်ဆေးရရှိပြီးတာတောင် ဒီကပ်ရောဂါက ဘာကြောင့်မဆုံးနိုင်သေးလဲဆိုတာကို ငါတို့ရှင်းရှင်းလင်းလင်းသိဖို့လိုတယ်” လို့ သောကြာနေ့ကထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာပြောခဲ့ပါတယ်။

အိမ်ဖြူတော်ဆေးဘက်ဆိုင်ရာအကြံပေး အကြီးအကဲ Anthony Fauci က “အဆိုပါမျိုးကွဲဟာ လျင်မြန်တဲ့နှုန်းနဲ့ ပျံ့နှံ့နေပုံရပြီး သိပ္ပံပညာရှင်တွေဟာ ၄င်းမျိုးကွဲအကြောင်းကို ပိုပြီးရှာဖွေဖို့လိုအပ်တယ်” လို့ CNN ကို ပြောခဲ့ပါတယ်။

အမေရိကန်သိပ္ပံပညာရှင်တွေဟာ ၄င်းတို့ရဲ့ အာဖရိကက လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း အဆက်အသွယ်တွေရှိနေပါတယ်လို့ Anthony က ပြောပါတယ်။

အာဖရိကနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ဂျိုဟမ်နက်စ်ဘက်စ်အပါအဝင် ဂါတန်ပြည်နယ်မှာ ရောဂါဖြစ်ပွါးမှု ၇၇ခုတွေ့ခဲ့တယ်လို့ တောင်အာဖရိကကျန်းမာရေးအာဏာပိုင်တွေက ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။

၄င်းမျိုးစိတ်ကို ဘော့ဆွာနာ၊ဟောင်ကောင်၊အစ္စရေးနဲ့ ဘယ်လ်ဂျီယံနိုင်ငံတွေမှာပါ တွေ့ရှိနေရပါပြီ။

နိုင်ငံတွေဟာ မျိုးကွဲသစ်ကူးစက်မှုကို ရှောင်ရှားဖို့အတွက် နယ်နိမိတ်ကန့်သတ်ချက်တွေကို အလျင်အမြန်လုပ်ဆောင်နေကြပါတယ်။

အမေရိကန်ကတော့ တနင်္လာနေ့ကစပြီး အာဖရိကတောင်ပိုင်းက နိုင်ငံ (၈)နိုင်ငံသို့ ခရီးသွားလာမှုကို ကန့်သတ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

ဥရောပသမဂ္ဂအဖွဲ့ဝင်​တွေလည်း အာဖရိကတောင်ပိုင်း ၇နိုင်ငံကို ခရီသွားလာမှုမှုကန့်သတ် ဖို့ သဘောတူညီခဲ့ကြပါတယ်။
Source-NHK

 

Zaw Gyi

 

ကာကြယ္ေဆးေတြျမန္ျမန္ဆန္ဆန္မၽွေဝဖို႔ အေမရိကန္သမၼတေတာင္းဆို

အေမရိကန္သမၼတ Joe Biden က ဖြံ့ၿဖိဳးဆဲနိုင္ငံေတြကို ကာကြယ္ေဆးေတြလွူဒါန္းဖို႔ နိုင္ငံတ ကာအသိုင္းအဝိုင္းကို ေတာင္းဆိုလိုက္ပါတယ္။

ေတာင္အာဖရိကမွာေတြ႕ရွိရတဲ့ ကိုရိုနာဗိုင္းရပ္စ္
မ်ိဳးကြဲကို WHO မွ စိုးရိမ္မွုမ်ိဳးကြဲအျဖစ္ သတ္ မွတ္ၿပီး Omicron လို႔နာမည္ေပးၿပီးေနာက္မွာ
အခုလို ေမတၱာရပ္ခံလိုက္တာပါ။

ပဏာမသက္ေသအေထာက္အထားေတြက အျခားစိုးရိမ္္မွုမ်ိဳးကြဲေတြနဲ႔ႏွိုင္းယွဥ္ရင္ Omicron က ျပန္လည္ကူးစက္နိုင္ေျခပိုမ်ားေၾကာင္း ညႊန္ျပေနတယ္လို႔ WHO ကေျပာပါတယ္။

သမၼတJoe Biden က “တကမၻာလုံးကာကြယ္ေဆးရရွိၿပီးတာေတာင္ ဒီကပ္ေရာဂါက ဘာေၾကာင့္မဆုံးနိုင္ေသးလဲဆိုတာကို ငါတို႔ရွင္းရွင္းလင္းလင္းသိဖို႔လိုတယ္” လို႔ ေသာၾကာေန႔ကထုတ္ျပန္ခဲ့တဲ့ ေၾကညာခ်က္မွာေျပာခဲ့ပါတယ္။

အိမ္ျဖဴေတာ္ေဆးဘက္ဆိုင္ရာအႀကံေပး အႀကီးအကဲ Anthony Fauci က “အဆိုပါမ်ိဳးကြဲဟာ လ်င္ျမန္တဲ့ႏွုန္းနဲ႔ ပ်ံ႕ႏွံ့ေနပုံရၿပီး သိပၸံပညာရွင္ေတြဟာ ၄င္းမ်ိဳးကြဲအေၾကာင္းကို ပိုၿပီးရွာေဖြဖို႔လိုအပ္တယ္” လို႔ CNN ကို ေျပာခဲ့ပါတယ္။

အေမရိကန္သိပၸံပညာရွင္ေတြဟာ ၄င္းတို႔ရဲ့ အာဖရိကက လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔လည္း အဆက္အသြယ္ေတြရွိေနပါတယ္လို႔ Anthony က ေျပာပါတယ္။

အာဖရိကနိုင္ငံရဲ့ အႀကီးဆုံးၿမိဳ႕ျဖစ္တဲ့ ဂ်ိဳဟမ္နက္စ္ဘက္စ္အပါအဝင္ ဂါတန္ျပည္နယ္မွာ ေရာဂါျဖစ္ပြါးမွု ၇၇ခုေတြ႕ခဲ့တယ္လို႔ ေတာင္အာဖရိကက်န္းမာေရးအာဏာပိုင္ေတြက ၾကာသပေတးေန႔က ေၾကညာခဲ့ပါတယ္။

၄င္းမ်ိဳးစိတ္ကို ေဘာ့ဆြာနာ၊ေဟာင္ေကာင္၊အစၥေရးနဲ႔ ဘယ္လ္ဂ်ီယံနိုင္ငံေတြမွာပါ ေတြ႕ရွိေနရပါၿပီ။

နိုင္ငံေတြဟာ မ်ိဳးကြဲသစ္ကူးစက္မွုကို ေရွာင္ရွားဖို႔အတြက္ နယ္နိမိတ္ကန္႔သတ္ခ်က္ေတြကို အလ်င္အျမန္လုပ္ေဆာင္ေနၾကပါတယ္။

အေမရိကန္ကေတာ့ တနလၤာေန႔ကစၿပီး အာဖရိကေတာင္ပိုင္းက နိုင္ငံ (၈)နိုင္ငံသို႔ ခရီးသြားလာမွုကို ကန္႔သတ္သြားမယ္လို႔ ေၾကညာခဲ့ပါတယ္။

ဥေရာပသမဂၢအဖြဲ႕ဝင္​ေတြလည္း အာဖရိကေတာင္ပိုင္း ၇နိုင္ငံကို ခရီသြားလာမွုမွုကန္႔သတ္ ဖို႔ သေဘာတူညီခဲ့ၾကပါတယ္။
Source-NHK


LEAVE A REPLY

Please enter your comment!
Please enter your name here