၂၀၂၂ ခုနှစ်တွင် သံဃနာယက အဖွဲ့အဆင့်ဆင့် အနားယူ အစားထိုး ရွေးချယ်ပွဲများကို ဆောင်ရွက်ကြမည်

0
255

၂၀၂၂ ခုနှစ်တွင် သံဃနာယကအဖွဲ့အဆင့်ဆင့် အနားယူအစားထိုးရွေးချယ်ပွဲများကို ဆောင်ရွက်ကြမည်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ နဝမအစည်းအဝေး ပထမနေ့ကို နိုဝင်ဘာ၂၆ရက်ကစပြီး ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသံဂါယနာမဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပလျှက်ရှိသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်ဆရာတော်ကြီးများ တက်ရောက်ခဲ့ကြပြီး သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီးက အစည်းအဝေးဖွင့် သာရဏီယ ဩဝါဒကထာမိန့်ကြားရာတွင်“ လာမည့် ၂၀၂၂ ခုနှစ်တွင်လည်း သံဃနာယကအဖွဲ့အဆင့်ဆင့် အနားယူအစားထိုးရွေးချယ်ပွဲ များကို မဖြစ်မနေ ဆောင်ရွက်ကြရမည်ဖြစ်ရာ ၁၃-၇-၂၀၂၁ရက်နေ့တွင် ကျင်းပသော အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ အဋ္ဌမအစည်း အဝေးက သံဃနာယကအဖွဲ့ အဆင့်ဆင့် အနားယူအစားထိုးလုပ်ငန်းများ
ဆောင်ရွက်ရာတွင် လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် “၂၀၂၂ ခုနှစ် သံဃနာယကအဆင့်ဆင့် အနားယူအစားထိုး လုပ်ငန်းစီမံချက်ရေးဆွဲရေးအဖွဲ့”ကို ဖွဲ့စည်းတာဝန်ပေး ဆောင်ရွက်ခဲ့ပါသည်ဘုရား“ဟု ထည့်သွင်း မိန့်ကြားခဲ့သည်။

ကျင်းပရာအစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလည်း တက်ရောက်ကာ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီး များအား အလှူရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)+ ဒေါ်ကြိုင်ကြိုင် မိသားစုနှင့် ဓမ္မမိတ်ဆွေများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်ဟု နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဓါတ်ပုံ- နိုင်ငံတော်သံဃမဟာနာယကအဖွဲ့

Zaw Gyi

၂၀၂၂ ခုႏွစ္တြင္ သံဃနာယကအဖြဲ႕အဆင့္ဆင့္ အနားယူအစားထိုးေရြးခ်ယ္ပြဲမ်ားကို ေဆာင္ရြက္ၾကမည္

ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံေတာ္ အ႒မအႀကိမ္နိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕(၄၇)ပါးစုံညီ နဝမအစည္းအေဝး ပထမေန႔ကို နိုဝင္ဘာ၂၆ရက္ကစၿပီး ရန္ကုန္ၿမိဳ႕၊ သီရိမဂၤလာကမၻာေအးကုန္းေျမရွိ ဆ႒သံဂါယနာမဟာပါသာဏလိုဏ္ဂူသိမ္ေတာ္ႀကီး၌ က်င္းပလၽွက္ရွိသည္။

နိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ ဥကၠ႒၊ မႏၲေလးၿမိဳ႕၊ ဗန္းေမာ္ေက်ာင္းတိုက္ ဆရာေတာ္ အဘိဓဇမဟာရ႒ဂု႐ု အဘိဓဇအဂၢမဟာသဒၶမၼေဇာတိက ေဒါက္တာဘဒၵႏၲကုမာရာဘိဝံသ အမွူးျပဳသည့္ နိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ဝင္ဆရာေတာ္ႀကီးမ်ား တက္ေရာက္ခဲ့ၾကၿပီး သံဃမဟာနာယကအဖြဲ႕ ဥကၠ႒ဆရာေတာ္ႀကီးက အစည္းအေဝးဖြင့္ သာရဏီယ ဩဝါဒကထာမိန႔္ၾကားရာတြင္“ လာမည့္ ၂၀၂၂ ခုႏွစ္တြင္လည္း သံဃနာယကအဖြဲ႕အဆင့္ဆင့္ အနားယူအစားထိုးေရြးခ်ယ္ပြဲ မ်ားကို မျဖစ္မေန ေဆာင္ရြက္ၾကရမည္ျဖစ္ရာ ၁၃-၇-၂၀၂၁ရက္ေန႔တြင္ က်င္းပေသာ အ႒မအႀကိမ္ နိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ (၄၇) ပါးစုံညီ အ႒မအစည္း အေဝးက သံဃနာယကအဖြဲ႕ အဆင့္ဆင့္ အနားယူအစားထိုးလုပ္ငန္းမ်ား
ေဆာင္ရြက္ရာတြင္ လုပ္ငန္းမ်ား အဆင္ေျပေခ်ာေမြ႕ေစေရးအတြက္ “၂၀၂၂ ခုႏွစ္ သံဃနာယကအဆင့္ဆင့္ အနားယူအစားထိုး လုပ္ငန္းစီမံခ်က္ေရးဆြဲေရးအဖြဲ႕”ကို ဖြဲ႕စည္းတာဝန္ေပး ေဆာင္ရြက္ခဲ့ပါသည္ဘုရား“ဟု ထည့္သြင္း မိန႔္ၾကားခဲ့သည္။

က်င္းပရာအစည္းအေဝးသို႔ သာသနာေရးႏွင့္ယဥ္ေက်းမွုဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလည္း တက္ေရာက္ကာ သာသနာေရးဆိုင္ရာမ်ား ေလၽွာက္ထားသည္။

အစည္းအေဝးသို႔ ႂကြေရာက္ေတာ္မူလာၾကေသာ နိုင္ငံေတာ္သံဃမဟာနာယကဆရာေတာ္ႀကီး မ်ားအား အလွူရွင္ ဗိုလ္ခ်ဳပ္မွူးႀကီးသန္းေရႊ(ၿငိမ္း)+ ေဒၚႀကိဳင္ႀကိဳင္ မိသားစုႏွင့္ ဓမၼမိတ္ေဆြမ်ားက ေန႔ဆြမ္းဆက္ကပ္လွူဒါန္းခဲ့ၾကသည္ဟု နိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

ဓါတ္ပုံ- နိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕


LEAVE A REPLY

Please enter your comment!
Please enter your name here