စစ်ကိုင်း PDF အဖွဲဆီပို့မည့် လက်နက်၊ခဲယမ်းတွေများအား သယ်လာသူ ၇ ယောက်နဲ့အတူဖမ်းမိဟု နစက ထုတ်ပြန်

0
137

စစ်ကိုင်း PDF အဖွဲဆီပို့မည့် လက်နက်၊ခဲယမ်းတွေများအား သယ်လာသူ ၇ ယောက်နဲ့အတူဖမ်းမိဟု နစက ထုတ်ပြန်

မြဝတီမြို့နယ်၊ဝှေ့ရှမ်းရွာအဝင်က စားသောက် ဆိုင်တစ်ခုမှာ PDF အဖွဲဝင်များဖြစ်သောကျော်ဇေယျာလင်း(၄၁)နှစ်နဲ့ဝေဖြိုးသန့်(၂၄)နှစ်တိုကိုလက် နက်၊ခဲယမ်းတွေနဲ့အတူ နိုဝင်ဘာ ၂၆ ရက်မှာ လုံ ခြုံရေးအဖွဲတွေကဖမ်းမိခဲ့တယ်လို နစက ကထုတ်ပြန်ခဲ့ပါတယ်။

ဖမ်းမိသူနှစ်ယောက်ရဲ့ထွက်ဆိုချက်အရ လက် နက်၊ခဲယမ်းတွေသယ်လာတဲ့ စိုးမင်းထွန်း(၃၉)နှစ်နဲ့သက်မောင်မောင်စိုး(၃၆)နှစ်တို့ကို မြဝတီမြို့က သီရိမြဝတီဟိုတယ်မှာဖမ်းမိခဲ့ပါတယ်။သူတိုမောင်းလာတဲ့ Super Custom ကားရဲ့တံခါးနဲ့ဆီတိုင်ကီထဲကနေ လက်နက်၊ခဲယမ်းတွေကိုရှာဖွေဖမ်းဆီးရမိခဲ့ပါတယ်။

ပြစ်မှုကျူးလွန်သူတွေရဲ့ထွက်ဆိုချက်အရ မုံရွာမြို့၊ဘုန်းစိုးရပ်ကွက်မှာ သီဟ(၃၀)နှစ်၊တနိုင်းကို ကို(၂၂)နှစ်နဲ့အိတုန်(၁၉)နှစ်တို့ကို လက်နက်၊ခဲယမ်းတွေနဲ့အတူ ထပ်ဖမ်းမိခဲ့ပါတယ်။နိုဝင်ဘာ ၂၇ ရက်နေ့လည်ပိုင်းမှာ မုံရွာမြိုနယ်၊နဂါးပိုကျေး ရွာနားက ယာခင်းတွေထဲကနေ လက်လုပ်သေ နတ် ၂၃ လက်ကိုထပ်ပြီးသိမ်းဆီးရမိခဲ့ပါတယ်။

ဖြစ်စဥ်မှာ လက်နက်ခဲယမ်းတွေသယ်လာတဲ့ ၇ ယောက်ကို လက်နက်ငယ်မျိုးစုံ ၂၅ လက်၊လက် လုပ်သေနတ် ၂၃ လက်၊ကျည်မျိုးစုံ ၈၁၅ တောင့်၊လက်လုပ်ဗုံးနှစ်လုံးတိုနဲ့အတူဖမ်းမိခဲ့တာပါ။အဲဒီလက်နက်၊ခဲယမ်းတွေကို စစ်ကိုင်းတိုင်း၊မကျီးပုတ်ရွာက PDF အဖွဲ့တွေဆီပို့ပေးရမှာလို့ ဖော် ထုတ်ရရှိခဲ့ပါတယ်။

ဖြစ်စဥ်မှာဖမ်းမိသူတွေကို ဥပဒေအရအရေးယူဆောင်ရွက်သွားမှာဖြစ်သလို ဖမ်းဆီးဖို့ကျန်နေသူတွေကိုလည်း ထပ်ပြီးဖမ်းမိဖိုအတွက် လုံခြုံရေးအဖွဲတွေက စုံစမ်းစစ်ဆေးနေပါတယ် လို့ နစက က သတင်း ထုတ်ပြန် ကြေညာခဲ့ ပါတယ်။

 

Zaw gyi

စစ္ကိုင္း PDF အဖြဲဆီပို႔မည့္ လက္နက္၊ခဲယမ္းေတြမ်ားအား သယ္လာသူ ၇ ေယာက္နဲ႔အတူဖမ္းမိဟု နစက ထုတ္ျပန္

ျမဝတီၿမိဳ႕နယ္၊ေဝွ႕ရွမ္းရြာအဝင္က စားေသာက္ ဆိုင္တစ္ခုမွာ PDF အဖြဲဝင္မ်ားျဖစ္ေသာေက်ာ္ေဇယ်ာလင္း(၄၁)ႏွစ္နဲ႔ေဝၿဖိဳးသန္႔(၂၄)ႏွစ္တိုကိုလက္ နက္၊ခဲယမ္းေတြနဲ႔အတူ နိုဝင္ဘာ ၂၆ ရက္မွာ လုံ ျခဳံေရးအဖြဲေတြကဖမ္းမိခဲ့တယ္လို နစက ကထုတ္ျပန္ခဲ့ပါတယ္။

ဖမ္းမိသူႏွစ္ေယာက္ရဲ့ထြက္ဆိုခ်က္အရ လက္ နက္၊ခဲယမ္းေတြသယ္လာတဲ့ စိုးမင္းထြန္း(၃၉)ႏွစ္နဲ႔သက္ေမာင္ေမာင္စိုး(၃၆)ႏွစ္တို႔ကို ျမဝတီၿမိဳ႕က သီရိျမဝတီဟိုတယ္မွာဖမ္းမိခဲ့ပါတယ္။သူတိုေမာင္းလာတဲ့ Super Custom ကားရဲ့တံခါးနဲ႔ဆီတိုင္ကီထဲကေန လက္နက္၊ခဲယမ္းေတြကိုရွာေဖြဖမ္းဆီးရမိခဲ့ပါတယ္။

ျပစ္မွုက်ဴးလြန္သူေတြရဲ့ထြက္ဆိုခ်က္အရ မုံရြာၿမိဳ႕၊ဘုန္းစိုးရပ္ကြက္မွာ သီဟ(၃၀)ႏွစ္၊တနိုင္းကို ကို(၂၂)ႏွစ္နဲ႔အိတုန္(၁၉)ႏွစ္တို႔ကို လက္နက္၊ခဲယမ္းေတြနဲ႔အတူ ထပ္ဖမ္းမိခဲ့ပါတယ္။နိုဝင္ဘာ ၂၇ ရက္ေန႔လည္ပိုင္းမွာ မုံရြာၿမိဳနယ္၊နဂါးပိုေက်း ရြာနားက ယာခင္းေတြထဲကေန လက္လုပ္ေသ နတ္ ၂၃ လက္ကိုထပ္ၿပီးသိမ္းဆီးရမိခဲ့ပါတယ္။

ျဖစ္စဥ္မွာ လက္နက္ခဲယမ္းေတြသယ္လာတဲ့ ၇ ေယာက္ကို လက္နက္ငယ္မ်ိဳးစုံ ၂၅ လက္၊လက္ လုပ္ေသနတ္ ၂၃ လက္၊က်ည္မ်ိဳးစုံ ၈၁၅ ေတာင့္၊လက္လုပ္ဗုံးႏွစ္လုံးတိုနဲ႔အတူဖမ္းမိခဲ့တာပါ။အဲဒီလက္နက္၊ခဲယမ္းေတြကို စစ္ကိုင္းတိုင္း၊မက်ီးပုတ္ရြာက PDF အဖြဲ႕ေတြဆီပို႔ေပးရမွာလို႔ ေဖာ္ ထုတ္ရရွိခဲ့ပါတယ္။

ျဖစ္စဥ္မွာဖမ္းမိသူေတြကို ဥပေဒအရအေရးယူေဆာင္ရြက္သြားမွာျဖစ္သလို ဖမ္းဆီးဖို႔က်န္ေနသူေတြကိုလည္း ထပ္ၿပီးဖမ္းမိဖိုအတြက္ လုံျခဳံေရးအဖြဲေတြက စုံစမ္းစစ္ေဆးေနပါတယ္ လို႔ နစက က သတင္း ထုတ္ျပန္ ေၾကညာခဲ့ ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here