မောင်တောမြို့နယ်မှာ အုတ်သယ်ကားပေါ်က ငွေကျပ် ၁ ဒသမ ၂၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွ ဆေးပြားတွေဖမ်းမိ

0
111

မောင်တောမြို့နယ်မှာ အုတ်သယ်ကားပေါ်က ငွေကျပ် ၁ ဒသမ ၂၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွ ဆေးပြားတွေဖမ်းမိ

ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်၊ကျီးကန်းပြင်စစ်ဆေးရေးဂိတ်မှာ နိုဝင်ဘာ ၂၆ ရက်မနက် ၉ နာရီခွဲလောက်က ခင်မောင်အေး(၂၅)နှစ်မောင်းလာတဲ့ Lifan ခြောက်ဘီးအုတ်သယ်ကားပေါ်ကနေ ငွေကျပ် ၁ ဒသမ ၂၄ ဘီလီယံကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေဖမ်းမိခဲ့ပါတယ်။

ဖမ်းမိတဲ့စိတ်ကြွဆေးအရေအတွက်က ၈ ဒသမ ၂၈ သိန်းပြားဖြစ်တယ်လို့ ရဲကပြောပါတယ်။

ခင်မောင်အေးရဲ့ထွက်ဆိုချက်အရ စိတ်ကြွဆေးပြားတွေသယ်ရာမှာပူးပေါင်းပါဝင်ကြတဲ့ ထွန်းထွန်းလှိုင်(၃၂)နှစ်နဲ့ညီညီထွန်း(၄၂)နှစ်တို့ကိုလည်း အောင်မင်္ဂလာရွာနားမှာ မနက် ၁၀ နာရီလောက်ကထပ်ဖမ်းမိခဲ့တယ်လို့ ရဲကပြောပါတယ်။

သူတို့ သုံးယောက်ကိုတော့ သက်ဆိုင်ရာရဲစခန်းက မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူထားပြီး ဆက်စပ်ပြစ်မှုကျူးလွန်သူတွေကိုထပ်ဖမ်းမိဖို့အတွက် စစ်ဆေးနေပါတယ်။

 

Zaw Gyi

ေမာင္ေတာၿမိဳ႕နယ္မွာ အုတ္သယ္ကားေပၚက ေငြက်ပ္ ၁ ဒသမ ၂၄ ဘီလီယံေက်ာ္တန္ဖိုးရွိ စိတ္ႂကြ ေဆးျပားေတြဖမ္းမိ

ရခိုင္ျပည္နယ္၊ေမာင္ေတာၿမိဳ႕နယ္၊က်ီးကန္းျပင္စစ္ေဆးေရးဂိတ္မွာ နိုဝင္ဘာ ၂၆ ရက္မနက္ ၉ နာရီခြဲေလာက္က ခင္ေမာင္ေအး(၂၅)ႏွစ္ေမာင္းလာတဲ့ Lifan ေျခာက္ဘီးအုတ္သယ္ကားေပၚကေန ေငြက်ပ္ ၁ ဒသမ ၂၄ ဘီလီယံေက်ာ္တန္ဖိုးရွိတဲ့ စိတ္ႂကြေဆးျပားေတြဖမ္းမိခဲ့ပါတယ္။

ဖမ္းမိတဲ့စိတ္ႂကြေဆးအေရအတြက္က ၈ ဒသမ ၂၈ သိန္းျပားျဖစ္တယ္လို႔ ရဲကေျပာပါတယ္။

ခင္ေမာင္ေအးရဲ့ထြက္ဆိုခ်က္အရ စိတ္ႂကြေဆးျပားေတြသယ္ရာမွာပူးေပါင္းပါဝင္ၾကတဲ့ ထြန္းထြန္းလွိုင္(၃၂)ႏွစ္နဲ႔ညီညီထြန္း(၄၂)ႏွစ္တို႔ကိုလည္း ေအာင္မဂၤလာရြာနားမွာ မနက္ ၁၀ နာရီေလာက္ကထပ္ဖမ္းမိခဲ့တယ္လို႔ ရဲကေျပာပါတယ္။

သူတို႔ သုံးေယာက္ကိုေတာ့ သက္ဆိုင္ရာရဲစခန္းက မူးယစ္ေဆးဝါးနဲ႔စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရအေရးယူထားၿပီး ဆက္စပ္ျပစ္မွုက်ဴးလြန္သူေတြကိုထပ္ဖမ္းမိဖို႔အတြက္ စစ္ေဆးေနပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here