ထီးခီးနယ်စပ်ဂိတ်ကနေ သုံးလအတွင်းပို့ကုန် အမေရိကန်ဒေါ်လာ ၂ ဒသမ ၀၅၈ သန်းရရှိခဲ့

0
81

(Unicode)

ထီးခီးနယ်စပ်ဂိတ်ကနေ သုံးလအတွင်းပို့ကုန် အမေရိကန်ဒေါ်လာ ၂ ဒသမ ၀၅၈ သန်းရရှိခဲ့

တနင်္သာရီတိုင်းက ထားဝယ်ခရိုင်၊မေတ္တာမြို့မှာရှိတဲ့ ထီးခီးနယ်စပ်ဂိတ်ကနေ တစ်ဖက်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို ကိုဗစ်(၁၉)ရောဂါစည်းမျဥ်းစည်း ကမ်းတွေနဲ့စတင်ဖွင့်လှစ်ပေးခဲ့တဲ့ စက်တင်ဘာ ၁ ရက်ကနေ နိုဝင်ဘာလအထိ သုံးလတာအတွင်း မြန်မာ့ရေထွက်ကုန်ပစ္စည်းတွေနဲ့လယ်ယာထွက်ကုန်ပစ္စည်းတွေတင်ပို့မှုကနေ ၂ ဒသမ ၀၅၈ သန်းရရှိခဲ့တယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနရဲ့စာရင်းတွေအရသိရပါတယ်။

“ထီးခီးနယ်စပ်ဂိတ်ကနေ ရေထွက်ကုန်တွေကိုအ ဓိက တင်ပို့ပေးပြီး ဒုတိယအနေနဲ့ကတော့ လယ် ယာထွက်ကုန်ပစ္စည်းဖြစ်တဲ့ ကြက်သွန်နီကိုတင်ပို့ပါတယ် ဂိတ်ကိုလည်းနေ့စဥ်ပိတ်ရက်မရှိ မနက် ၆ နာရီကနေ ည ၆ နာရီအထိဖွင့်ပေးထားပါတယ်”လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ န၊ကုန်သွယ်ရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူးတစ်ယောက်ကပြောပါတယ်။

ကုန်ပစ္စည်းတွေတင်ပို့ရာမှာ အကောက်ခွန်ဆိုင်ရာလုပ်ငန်းတွေ ကူးသွယ်ရေးဆိုင်ရာလုပ်ငန်းတွေကို စနစ်တကျလုပ်ထုံးလုပ်နည်းနဲ့အညီဆောင်ရွက်ပြီး တစ်ဖက်နိုင်ငံကိုလျင်လျင်မြန်မြန်ရောက်အောင်ဆောင်ရွက်ပေးလျက်ရှိပါတယ်။

ထီးခီးနယ်စပ်ဂိတ်ကနေ တစ်ဖက်နိုင်ငံကသွင်း ကုန်အနေနဲ့ အမေရိကန်ဒေါ်လာ ၀ ဒသမ ၀၂၇ သန်းရှိခဲ့ပါတယ်။

“မိုးတွင်းကာလဖြစ်တဲ့အတွက် ပို့ကုန်တန်ဖိုးက တော့အနည်းငယ်ကျတယ် လမ်းပန်းဆက်သွယ် ရေးက မိုးအဆက်မပြတ်ကြီးတဲ့ဒေသတစ်ခုဖြစ်တာကြောင့် လမ်းပိုင်းဆိုင်ရာအခက်အခဲရှိခဲ့တယ် မျှော်မှန်းထားတာက ပွင့်လင်းရာသီရောက်ပြီဆိုရင် တစ်ဖက်နိုင်ငံကို ကျွန်တော်တို့နိုင်ငံရဲ့ အဓိကအားထားရတဲ့ ရေထွက်ကုန်ပစ္စည်းနဲ့လယ်ယာထွက်ကုန်ပစ္စည်းတွေကို လွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်နဲ့တင်ပို့နိုင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ကုန်သွယ်မှုတန်ဖိုးတွေ တိုးတက်လာမှာပါ”လို့ လက်ထောက်ညွှန်ကြားရေးမှူးကပြောပါတယ်။

(Zawgyi)

ထီးခီးနယ္စပ္ဂိတ္ကေန သုံးလအတြင္းပို႔ကုန္ အေမရိကန္ေဒၚလာ ၂ ဒသမ ၀၅၈ သန္းရရွိခဲ့

တနသၤာရီတိုင္းက ထားဝယ္ခရိုင္၊ေမတၱာၿမိဳ႕မွာရွိတဲ့ ထီးခီးနယ္စပ္ဂိတ္ကေန တစ္ဖက္နိုင္ငံျဖစ္တဲ့ ထိုင္းနိုင္ငံကို ကိုဗစ္(၁၉)ေရာဂါစည္းမ်ဥ္းစည္း ကမ္းေတြနဲ႔စတင္ဖြင့္လွစ္ေပးခဲ့တဲ့ စက္တင္ဘာ ၁ ရက္ကေန နိုဝင္ဘာလအထိ သုံးလတာအတြင္း ျမန္မာ့ေရထြက္ကုန္ပစၥည္းေတြနဲ႔လယ္ယာထြက္ကုန္ပစၥည္းေတြတင္ပို႔မွုကေန ၂ ဒသမ ၀၅၈ သန္းရရွိခဲ့တယ္လို႔ စီးပြားေရးနဲ႔ကူးသန္းေရာင္းဝယ္ေရးဝန္ ႀကီးဌာနရဲ့စာရင္းေတြအရသိရပါတယ္။

“ထီးခီးနယ္စပ္ဂိတ္ကေန ေရထြက္ကုန္ေတြကိုအ ဓိက တင္ပို႔ေပးၿပီး ဒုတိယအေနနဲ႔ကေတာ့ လယ္ ယာထြက္ကုန္ပစၥည္းျဖစ္တဲ့ ၾကက္သြန္နီကိုတင္ပို႔ပါတယ္ ဂိတ္ကိုလည္းေန႔စဥ္ပိတ္ရက္မရွိ မနက္ ၆ နာရီကေန ည ၆ နာရီအထိဖြင့္ေပးထားပါတယ္”လို႔ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာ န၊ကုန္သြယ္ေရးဦးစီးဌာနက လက္ေထာက္ညႊန္ၾကားေရးမွူးတစ္ေယာက္ကေျပာပါတယ္။

ကုန္ပစၥည္းေတြတင္ပို႔ရာမွာ အေကာက္ခြန္ဆိုင္ရာလုပ္ငန္းေတြ ကူးသြယ္ေရးဆိုင္ရာလုပ္ငန္းေတြကို စနစ္တက်လုပ္ထုံးလုပ္နည္းနဲ႔အညီေဆာင္ရြက္ၿပီး တစ္ဖက္နိုင္ငံကိုလ်င္လ်င္ျမန္ျမန္ေရာက္ေအာင္ေဆာင္ရြက္ေပးလ်က္ရွိပါတယ္။

ထီးခီးနယ္စပ္ဂိတ္ကေန တစ္ဖက္နိုင္ငံကသြင္း ကုန္အေနနဲ႔ အေမရိကန္ေဒၚလာ ၀ ဒသမ ၀၂၇ သန္းရွိခဲ့ပါတယ္။

“မိုးတြင္းကာလျဖစ္တဲ့အတြက္ ပို႔ကုန္တန္ဖိုးက ေတာ့အနည္းငယ္က်တယ္ လမ္းပန္းဆက္သြယ္ ေရးက မိုးအဆက္မျပတ္ႀကီးတဲ့ေဒသတစ္ခုျဖစ္တာေၾကာင့္ လမ္းပိုင္းဆိုင္ရာအခက္အခဲရွိခဲ့တယ္ ေမၽွာ္မွန္းထားတာက ပြင့္လင္းရာသီေရာက္ၿပီဆိုရင္ တစ္ဖက္နိုင္ငံကို ကၽြန္ေတာ္တို႔နိုင္ငံရဲ့ အဓိကအားထားရတဲ့ ေရထြက္ကုန္ပစၥည္းနဲ႔လယ္ယာထြက္ကုန္ပစၥည္းေတြကို လြယ္လြယ္ကူကူျမန္ျမန္ဆန္ဆန္နဲ႔တင္ပို႔နိုင္မယ္ဆိုရင္ ကၽြန္ေတာ္တို႔ရဲ့ကုန္သြယ္မွုတန္ဖိုးေတြ တိုးတက္လာမွာပါ”လို႔ လက္ေထာက္ညႊန္ၾကားေရးမွူးကေျပာပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here