မန္တလေးက ချမ်းမြရွှေပြည်ယာဥ်ရပ်နားစခန်း ယာ ယီရွှေ့ပြောင်း

0
154

(Unicode)

မန္တလေးက ချမ်းမြရွှေပြည်ယာဥ်ရပ်နားစခန်း ယာ ယီရွှေ့ပြောင်း

မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၄ လမ်းနဲ့ ၁၁၅ လမ်းကြား၊ ၇၄ လမ်းနဲ့ကိုလံဘိုမြောင်းကြားက ချမ်းမြရွှေပြည်ယာဥ်ရပ်နားစခန်းကို အဆင့်မြှင့်တင်တည်ဆောင်မှာဖြစ်တဲ့အတွက် နိုဝင်ဘာ ၃၀ ရက်ည ၁၂ နာရီကစပြီးယာယီပိတ်သိမ်းသွားမှာဖြစ်တယ်လို့ မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီက ကြေညာခဲ့ပါတယ်။

ဒါ့ကြောင့် ခရီးသည်သယ်ယူပို့ဆောင်ရေးလုပ် ငန်းတွေအတွက် ပြည်ကြီးတံခွန်မြို့နယ်၊တံခွန် တိုင်အဝိုင်းရဲ့အရှေ့မြောက်ဖက် ၇၃ လမ်းရဲ့အ ရှေ့ဖက်က DENKO စက်သုံးဆီအရောင်းဆိုင်နားက ချမ်းမြရွှေပြည်ယာယီယာဥ်ရပ်နားစခန်းကို ဒီဇင်ဘာ ၁ ရက်မနက်ပိုင်းကစပြီးပြောင်းရွှေ့လုပ်ကိုင်ပေးသွားမှာပါ။

“ကားကွင်းကိုယာယီပြောင်းမယ်ဆိုတာဟုတ်ပါတယ် ဘယ်လောက်ကြာမလဲဆိုတာတော့မသိဘူးပေါ့ အဆင့်မြှင့်တင်မှာဆိုတော့လည်း ကြာသင့်သလောက်တော့ကြာမှပါ”လို့ကားကြီးကွင်းနားမှာ ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်ဖွင့်ထားသူတစ်ယောက်ကပြောပါတယ်။

ဒါ့ကြောင့် အနယ်နယ်အရပ်ရပ်ကိုသွားမဲ့ ခရီး သွားတွေဟာ ဒီဇင်ဘာ ၁ ရက်ကစပြီး ချမ်းမြရွှေပြည်ယာယီယာဥ်ရပ်နားစခန်းကိုလာရောက်စီး နင်းရမှာဖြစ်ပါတယ်။

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here