ပြည်ကြီးတံခွန်က MPT ရုံးမှာဗုံးပေါက်ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်

0
59

(Unicode)

ပြည်ကြီးတံခွန်က MPT ရုံးမှာဗုံးပေါက်ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်

မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ်၊မင်းကြီးရန်နောင်လမ်းပေါ်က MPT ရုံးမှာ ဒီနေ့မနက် ၇ နာရီ ၄၈ မိနစ်လောက်ကဗုံးပေါက်ကွဲပြီး ဗုံးဖောက်ခွဲသူတွေနဲ့ လုံခြုံရေးအဖွဲ့တွေကြားအပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ မြို့နယ်နေသူတွေဆီက သိရပါတယ်။

“MPT ရုံးမှာစစ်တပ်ကတပ်စွဲထားတယ် ဗုံးကအဲဒီကိုလာဖောက်တာဖြစ်လိမ့်မယ် ဗုံးပေါက်သံကြားပြီး ချက်ခြင်းပဲအပြန်အလှန်သေနတ်ပစ်သံတွေကြားရတာ”လို့ ပြည်ကြီးတံခွန်မြို့နယ်မှာနေသူတစ်ယောက်ကပြောပါတယ်။

ဗုံးပေါက်ကွဲမှုနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် သေဆုံးဒဏ်ရာရတာရှိမရှိကိုတော့မသိရသေးဘူးလို့ မြို့နယ်နေသူတွေဆီက သိရပါတယ်။

“ကျွန်တော်တို့လည်းကြောက်လို့အပြင်မထွက်ဘူး ပစ်ခတ်နေကြတာဆိုတော့ ကြားရသလောက်တော့ လုံခြုံရေးအဖွဲ့ဖက်က လေးယောက်ထိထားတယ်လို့ကြားတယ်”လို့ မြို့နယ်နေသူတစ်ယောက်ကပြောပါတယ်။

(Zawgyi)

ျပည္ႀကီးတံခြန္က MPT ႐ုံးမွာဗုံးေပါက္ၿပီး အျပန္အလွန္ပစ္ခတ္မွုျဖစ္

မႏၲေလးတိုင္း၊ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊မင္းႀကီးရန္ေနာင္လမ္းေပၚက MPT ႐ုံးမွာ ဒီေန႔မနက္ ၇ နာရီ ၄၈ မိနစ္ေလာက္ကဗုံးေပါက္ကြဲၿပီး ဗုံးေဖာက္ခြဲသူေတြနဲ႔ လုံျခဳံေရးအဖြဲ႕ေတြၾကားအျပန္အလွန္ပစ္ခတ္မွုျဖစ္ခဲ့တယ္လို႔ ၿမိဳ႕နယ္ေနသူေတြဆီက သိရပါတယ္။

“MPT ႐ုံးမွာစစ္တပ္ကတပ္စြဲထားတယ္ ဗုံးကအဲဒီကိုလာေဖာက္တာျဖစ္လိမ့္မယ္ ဗုံးေပါက္သံၾကားၿပီး ခ်က္ျခင္းပဲအျပန္အလွန္ေသနတ္ပစ္သံေတြၾကားရတာ”လို႔ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္မွာေနသူတစ္ေယာက္ကေျပာပါတယ္။

ဗုံးေပါက္ကြဲမွုနဲ႔ အျပန္အလွန္ပစ္ခတ္မွုေတြေၾကာင့္ ေသဆုံးဒဏ္ရာရတာရွိမရွိကိုေတာ့မသိရေသးဘူးလို႔ ၿမိဳ႕နယ္ေနသူေတြဆီက သိရပါတယ္။

“ကၽြန္ေတာ္တို႔လည္းေၾကာက္လို႔အျပင္မထြက္ဘူး ပစ္ခတ္ေနၾကတာဆိုေတာ့ ၾကားရသေလာက္ေတာ့ လုံျခဳံေရးအဖြဲ႕ဖက္က ေလးေယာက္ထိထားတယ္လို႔ၾကားတယ္”လို႔ ၿမိဳ႕နယ္ေနသူတစ္ေယာက္ကေျပာပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here