လွှတ်တော်များတွင်ကျင်းပပြုလုပ်သင့်သည့် ရွေးကောက်ပွဲ Design ဒီဇင်ဘာတွင် ဆွေးနွေးမည်

0
178

(Unicode)

လွှတ်တော်များတွင်ကျင်းပပြုလုပ်သင့်သည့် ရွေးကောက်ပွဲ Design ဒီဇင်ဘာတွင် ဆွေးနွေးမည်

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များတွင် ကျင်းပပြုလုပ်သင့်သည့် ရွေးကောက်ပွဲ Design နှင့် မဲဆန္ဒနယ် ခွဲဝေသတ်မှတ်ခြင်းများကို အစုအဖွဲ့အလိုက် ဆွေးနွေးသွားမှုကို ဒီဇင်ဘာ ၂၄ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်၍ နိုင်ငံရေးပါတီများ တက်ရောက်နိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖိတ်ကြားများပေးပို့ထားသည်ဟု နိုင်ငံရေးပါတီများကပြောကြသည်။

ဒီဇင်ဘာ၂၄ – ၁၂ – ၂၀၂၁ ရက်နေ့မှ ၂၆ – ၁၂ – ၂၀၂၁ ရက်နေ့အထိရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ဆွေးနွေးပွဲကျင်းပပြုလုပ်မည်ဟု နိုင်ငံရေးပါတီများထံ ပေးပို့ထားသော ဖိတ်ကြားစာအရသိရသည်။

ယခုဆွေးနွေးပွဲသည် နိုဝင်ဘာ ၅ရက်နေ့နှင့် ၆ရက်နေ့များက ရန်ကုန်တွင်ပြုလုပ်ခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ စိတ်ပါဝင်စားသူများပါဝင်သော ရွေးကောက်ပွဲစနစ်ဆွေးနွေးပွဲ၏ နောက်ဆက်တွဲ ဒုတိယအကြိမ် ပြုလုပ်မည့် တွေ့ဆုံဆွေးနွေးပွဲဖြစ်သည်။

စာတမ်းများ ဆွေးနွေးနိုင်ရန် အတွက် နိုင်ငံရေးပါတီများအနေဖြင့် တစ်ပါတီလျှင် နှစ်ဦးစီ တက်ရောက်ရန် ဖိတ်ကြားထားသည်ဟု ဖိတ်ကြားစာရ နိုင်ငံရေးပါတီတစ်ခုကပြောသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနှင့် မေလတို့တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံညှိနှိုင်းအစည်းအဝေးတွင် မြန်မာနိုင်ငံနှင့်သင့်လျော်ကိုက်ညီသည့် ရွေးကောက်ပွဲစနစ်ပြောင်းလဲကျင့်သုံးရန်အတွက် ပါတီအများစုကဆွေးနွေးခဲ့ကြခြင်းများရှိကာ နိုင်ငံ‌ရေးပါတီ (၁၆) ပါတီက PR စနစ်နှင့် စပ်လျဉ်းသည့် စာတမ်းများပေးပို့ခဲ့မှုများရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးသိန်းစိုးက ပြောကြားထားဖူးသည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးနောက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ၁၉၄၈ ခုနှစ် မှ ၁၉၆၂ ခုနှစ်အတွင်း ကျင်းပခဲ့သည့်ပါလီမန် အထွေထွေရွေးကောက်ပွဲများ၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၁၉၇၄ ခုနှစ် မှ ၁၉၈၈ ခုနှစ်အတွင်း ကျင်းပခဲ့သည့်ရွေးကောက်ပွဲများ၊ ၁၉၉၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပခဲ့သည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများတွင် မဲများသူ အနိုင်ရတဲ့စနစ် (FPTP) ကိုသာ ကျင့်သုံးခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးသိန်းစိုးက နိုဝင်ဘာ ၅ရက်ဆွေးနွေးပွဲတွင် ပြောင်းလဲခဲ့သည့် ခေတ်ကာလအခြေအနေအရ ဒီမိုကရေစီနိုင်ငံ အများစုသည် မဲဆန္ဒနယ်တစ်နယ်တွင် ကိုယ်စားလှယ်တစ်ဦး ရွေးကောက်သည့် စနစ်မှာ ခေတ်နောက်ကျ၍ မျှတမှုမရှိသဖြင့် နိုင်ငံအများအပြားက ယင်းစနစ်ကို ငြင်းပယ်ခဲ့ကြပြီး အချိုးကျကိုယ်စားပြုစနစ်ကို အစားထိုးကျင့်သုံးနေသည်ကို တွေ့မြင်ရမှာဖြစ်ပါကြောင်း၊ နိုင်သူအကုန်ယူစနစ်ဖြင့် ရွေးကောက်တင်မြှောက်ရာတွင် ထောက်ခံဆန္ဒမဲ ၅၁ ရာခိုင်နှုန်း ရရှိသည့် ကိုယ်စားလှယ်လောင်းသည် အနိုင်ရရှိသဖြင့် ၁၀၀ ရာခိုင်နှုန်းကို ကိုယ်စားပြုခြင်းအခွင့်အရေးကို ရရှိသွားပြီး ၄၉ ရာခိုင်နှုန်းရရှိသည့် အခြားကိုယ်စားလှယ်လောင်းသည် ကိုယ်စားပြုခွင့် လုံးဝရရှိခြင်းမရှိသဖြင့် ၄၉ ရာခိုင်နှုန်းသော မဲဆန္ဒရှင်များ၏ မဲများမှာ အဟောသိကံဖြစ်ခဲ့ရကြောင်း၊ အချိုးကျကိုယ်စားပြုခြင်း ဆိုသည့် သဘောတရားမှာ အများစုသည် ဆုံးဖြတ်ပိုင်ခွင့်ရှိသော်လည်း လူတိုင်း လူတိုင်းသည် ကိုယ်စားပြုခွင့်ရှိသည်ဆိုသည့် အချက်ပင်ဖြစ်ပါကြောင်း ပြောဆိုထားသည်။

(Zawgyi)

လႊတ္ေတာ္မ်ားတြင္က်င္းပျပဳလုပ္သင့္သည့္ ေရြးေကာက္ပြဲ Design ဒီဇင္ဘာတြင္ ေဆြးေႏြးမည္

ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္ႏွင့္ တိုင္းေဒသႀကီး/ျပည္နယ္လႊတ္ေတာ္မ်ားတြင္ က်င္းပျပဳလုပ္သင့္သည့္ ေရြးေကာက္ပြဲ Design ႏွင့္ မဲဆႏၵနယ္ ခြဲေဝသတ္မွတ္ျခင္းမ်ားကို အစုအဖြဲ႕အလိုက္ ေဆြးေႏြးသြားမွုကို ဒီဇင္ဘာ ၂၄ရက္တြင္ က်င္းပျပဳလုပ္မည္ျဖစ္၍ နိုင္ငံေရးပါတီမ်ား တက္ေရာက္နိုင္ရန္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ဖိတ္ၾကားမ်ားေပးပို႔ထားသည္ဟု နိုင္ငံေရးပါတီမ်ားကေျပာၾကသည္။

ဒီဇင္ဘာ၂၄ – ၁၂ – ၂၀၂၁ ရက္ေန႔မွ ၂၆ – ၁၂ – ၂၀၂၁ ရက္ေန႔အထိရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕႐ုံး၊ မဂၤလာခန္းမတြင္ ေဆြးေႏြးပြဲက်င္းပျပဳလုပ္မည္ဟု နိုင္ငံေရးပါတီမ်ားထံ ေပးပို႔ထားေသာ ဖိတ္ၾကားစာအရသိရသည္။

ယခုေဆြးေႏြးပြဲသည္ နိုဝင္ဘာ ၅ရက္ေန႔ႏွင့္ ၆ရက္ေန႔မ်ားက ရန္ကုန္တြင္ျပဳလုပ္ခဲ့ေသာ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ႏွင့္ နိုင္ငံေရးပါတီမ်ားမွ ကိုယ္စားလွယ္မ်ား၊ စိတ္ပါဝင္စားသူမ်ားပါဝင္ေသာ ေရြးေကာက္ပြဲစနစ္ေဆြးေႏြးပြဲ၏ ေနာက္ဆက္တြဲ ဒုတိယအႀကိမ္ ျပဳလုပ္မည့္ ေတြ႕ဆုံေဆြးေႏြးပြဲျဖစ္သည္။

စာတမ္းမ်ား ေဆြးေႏြးနိုင္ရန္ အတြက္ နိုင္ငံေရးပါတီမ်ားအေနျဖင့္ တစ္ပါတီလၽွင္ ႏွစ္ဦးစီ တက္ေရာက္ရန္ ဖိတ္ၾကားထားသည္ဟု ဖိတ္ၾကားစာရ နိုင္ငံေရးပါတီတစ္ခုကေျပာသည္။

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလႏွင့္ ေမလတို႔တြင္ ျပဳလုပ္ခဲ့သည့္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ႏွင့္ နိုင္ငံေရးပါတီမ်ား ေတြ႕ဆုံညႇိႏွိုင္းအစည္းအေဝးတြင္ ျမန္မာနိုင္ငံႏွင့္သင့္ေလ်ာ္ကိုက္ညီသည့္ ေရြးေကာက္ပြဲစနစ္ေျပာင္းလဲက်င့္သုံးရန္အတြက္ ပါတီအမ်ားစုကေဆြးေႏြးခဲ့ၾကျခင္းမ်ားရွိကာ နိုင္ငံ‌ေရးပါတီ (၁၆) ပါတီက PR စနစ္ႏွင့္ စပ္လ်ဥ္းသည့္ စာတမ္းမ်ားေပးပို႔ခဲ့မွုမ်ားရွိေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ဥကၠဌဦးသိန္းစိုးက ေျပာၾကားထားဖူးသည္။

ျမန္မာနိုင္ငံသည္ လြတ္လပ္ေရးရၿပီးေနာက္ ၁၉၄၇ ခုႏွစ္ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံအေျခခံဥပေဒအရ ၁၉၄၈ ခုႏွစ္ မွ ၁၉၆၂ ခုႏွစ္အတြင္း က်င္းပခဲ့သည့္ပါလီမန္အေထြေထြေရြးေကာက္ပြဲမ်ား၊ ၁၉၇၄ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ၁၉၇၄ ခုႏွစ္ မွ ၁၉၈၈ ခုႏွစ္အတြင္း က်င္းပခဲ့သည့္ေရြးေကာက္ပြဲမ်ား၊ ၁၉၉၀ ျပည့္ႏွစ္တြင္ က်င္းပခဲ့သည့္ပါတီစုံဒီမိုကေရစီအေထြေထြေရြးေကာက္ပြဲ၊ ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ က်င္းပခဲ့သည့္ပါတီစုံဒီမိုကေရစီအေထြေထြေရြးေကာက္ပြဲမ်ားတြင္ မဲမ်ားသူ အနိုင္ရတဲ့စနစ္ (FPTP) ကိုသာ က်င့္သုံးခဲ့သည္။

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ဥကၠဌ ဦးသိန္းစိုးက နိုဝင္ဘာ ၅ရက္ေဆြးေႏြးပြဲတြင္ ေျပာင္းလဲခဲ့သည့္ ေခတ္ကာလအေျခအေနအရ ဒီမိုကေရစီနိုင္ငံ အမ်ားစုသည္ မဲဆႏၵနယ္တစ္နယ္တြင္ ကိုယ္စားလွယ္တစ္ဦး ေရြးေကာက္သည့္ စနစ္မွာ ေခတ္ေနာက္က်၍ မၽွတမွုမရွိသျဖင့္ နိုင္ငံအမ်ားအျပားက ယင္းစနစ္ကို ျငင္းပယ္ခဲ့ၾကၿပီး အခ်ိဳးက်ကိုယ္စားျပဳစနစ္ကို အစားထိုးက်င့္သုံးေနသည္ကို ေတြ႕ျမင္ရမွာျဖစ္ပါေၾကာင္း၊ နိုင္သူအကုန္ယူစနစ္ျဖင့္ ေရြးေကာက္တင္ေျမႇာက္ရာတြင္ ေထာက္ခံဆႏၵမဲ ၅၁ ရာခိုင္ႏွုန္း ရရွိသည့္ ကိုယ္စားလွယ္ေလာင္းသည္ အနိုင္ရရွိသျဖင့္ ၁၀၀ ရာခိုင္ႏွုန္းကို ကိုယ္စားျပဳျခင္းအခြင့္အေရးကို ရရွိသြားၿပီး ၄၉ ရာခိုင္ႏွုန္းရရွိသည့္ အျခားကိုယ္စားလွယ္ေလာင္းသည္ ကိုယ္စားျပဳခြင့္ လုံးဝရရွိျခင္းမရွိသျဖင့္ ၄၉ ရာခိုင္ႏွုန္းေသာ မဲဆႏၵရွင္မ်ား၏ မဲမ်ားမွာ အေဟာသိကံျဖစ္ခဲ့ရေၾကာင္း၊ အခ်ိဳးက်ကိုယ္စားျပဳျခင္း ဆိုသည့္ သေဘာတရားမွာ အမ်ားစုသည္ ဆုံးျဖတ္ပိုင္ခြင့္ရွိေသာ္လည္း လူတိုင္း လူတိုင္းသည္ ကိုယ္စားျပဳခြင့္ရွိသည္ဆိုသည့္ အခ်က္ပင္ျဖစ္ပါေၾကာင္း ေျပာဆိုထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here