ရွှေဘိုသူ’ ၅၀၀တန်ထမင်းဆိုင်

0
355

(Unicode)

‘ရွှေဘိုသူ’ ၅၀၀တန်ထမင်းဆိုင်ကို နိုဝင်ဘာလ ၂၃ရက်နေ့မှစတင်ကာ မြောက်ဥက္ကလာပမြို့နယ် ၆ကွေ့မီးပွိုင့်နဲ့ သုနန္ဒာမီးပွိုင့်ကြား၊ ဝေဘာဂီလမ်းမပေါ်မှာ ရွှေဘိုသူဆန်ရောင်းဝယ်ရေးမှဒေါ်စောယုနွယ်ကဦးစီးပြီး ဖွင့်လှစ်ထားပါတယ်။

မနက် ၁၀နာရီမှ နေ့လည် ၂နာရီအထိ ပိတ်ရက်မရှိဖွင့်လှစ်ထားပြီး တစ်ရက်ကို လူဦးရေ ၃၀၀ ဝန်းကျင် လာရောက်ကြကာ ၈သောင်းမှ ၉သောင်းကြားဝင်ငွေရရှိတယ်လို့သိရပါတယ်။

အသက်ကြီးသူတွေနဲ့ အဆင်မပြေသူတွေ လာရောက်စားသုံးမှုပိုများပြီး ငွေကြေးမတတ်နိုင်သူတွေအတွက်လည်း အခကြေးငွေပေးရန်မလိုပဲ လှူဒါန်းပေးနေတယ်လို့ဆိုပါတယ်။

၅၀၀တန်ထမင်းဆိုင်ပိုင်ရှင် ဒေါ်စောယုနွယ်က “လူ ၄၀၀စာချက်ပေမဲ့ လူ ၄၀၀လုံးအလှူငွေကမရဘူး၊ တစ်ရက်ကို တစ်သိန်းနဲ့ တစ်သိန်းခွဲကြားစိုက်ရတယ်၊ အန်တီပေးလိုက်တဲ့ ထမင်းတစ်နှပ်လေးဟာ သူတို့အတွက်အထောက်အကူပြုမယ်ဆို လုပ်ရကျိုးနပ်ပါတယ်” လို့ ပြောပြထားပါတယ်။

အခုလိုကျပ်တည်းတဲ့ကာလမျိုးမှာ အလှူတစ်ခုအနေနဲ့ ၅၀၀တန်ထမင်းဆိုင်တွေကို တစ်ပိုင်တစ်နိုင်ဖွင့်လှစ်လာကြတာတွေ တွေ့ရပါတယ်။

(Zawgyi)

‘ေ႐ႊဘိုသူ’ ၅၀၀တန္ထမင္းဆိုင္ကို ႏိုဝင္ဘာလ ၂၃ရက္ေန႔မွစတင္ကာ ေျမာက္ဥကၠလာပၿမိဳ႕နယ္ ၆ေကြ႕မီးပြိဳင့္နဲ႔ သုနႏၵာမီးပြိဳင့္ၾကား၊ ေဝဘာဂီလမ္းမေပၚမွာ ေ႐ႊဘိုသူဆန္ေရာင္းဝယ္ေရးမွေဒၚေစာယုႏြယ္ကဦးစီးၿပီး ဖြင့္လွစ္ထားပါတယ္။

မနက္ ၁၀နာရီမွ ေန႔လည္ ၂နာရီအထိ ပိတ္ရက္မရွိဖြင့္လွစ္ထားၿပီး တစ္ရက္ကို လူဦးေရ ၃၀၀ ဝန္းက်င္ လာေရာက္ၾကကာ ၈ေသာင္းမွ ၉ေသာင္းၾကားဝင္ေငြရရွိတယ္လို႔သိရပါတယ္။

အသက္ႀကီးသူေတြနဲ႔ အဆင္မေျပသူေတြ လာေရာက္စားသုံးမႈပိုမ်ားၿပီး ေငြေၾကးမတတ္ႏိုင္သူေတြအတြက္လည္း အခေၾကးေငြေပးရန္မလိုပဲ လႉဒါန္းေပးေနတယ္လို႔ဆိုပါတယ္။

၅၀၀တန္ထမင္းဆိုင္ပိုင္ရွင္ ေဒၚေစာယုႏြယ္က “လူ ၄၀၀စာခ်က္ေပမဲ့ လူ ၄၀၀လုံးအလႉေငြကမရဘူး၊ တစ္ရက္ကို တစ္သိန္းနဲ႔ တစ္သိန္းခြဲၾကားစိုက္ရတယ္၊ အန္တီေပးလိုက္တဲ့ ထမင္းတစ္ႏွပ္ေလးဟာ သူတို႔အတြက္အေထာက္အကူျပဳမယ္ဆို လုပ္ရက်ိဳးနပ္ပါတယ္” လို႔ ေျပာျပထားပါတယ္။

အခုလိုက်ပ္တည္းတဲ့ကာလမ်ိဳးမွာ အလႉတစ္ခုအေနနဲ႔ ၅၀၀တန္ထမင္းဆိုင္ေတြကို တစ္ပိုင္တစ္ႏိုင္ဖြင့္လွစ္လာၾကတာေတြ ေတြ႕ရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here