အမေရိကန်ဒေါ်လာ ၁သန်း ဗဟိုဘဏ်ထုတ်ရောင်း

0
108

(Unicode)

အမေရိကန်ဒေါ်လာ ၁သန်း ဗဟိုဘဏ်ထုတ်ရောင်း

လေလံအတွက်ပျဉ်းမျှငွေလဲလှယ်နှုန်း ၁၇၇၅ကျပ် ဖြင့် ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် အမေရိကန်ဒေါ်လာ ၁သန်း အား ယနေ့နိုဝင်ဘာ၃၀ရက်တွင် ထုတ်ရောင်းခဲ့သည်။

နိုဝင်ဘာလအတွက် ဒုတိယအကြိမ်ထုတ်ရောင်းခြင်းဖြစ်ကာ နိုဝင်ဘာ၁ရက်နေ့ကလည်း လေလံအတွက်ပျဉ်းမျှငွေလဲလှယ်နှုန်း ၁၇၆၀ကျပ် ဖြင့် အမေရိကန်ဒေါ်လာသန်း၃၀ထုတ်ရောင်းခဲ့၍ ယခုတစ်လအတွင်း ၃၁သန်းထုတ်ရောင်းခဲ့သည်ကိုတွေ့ရသည်။

ငွေရေးကြေးရေးစျေးကွက်အတွင်း အမေရိကန်ဒေါ်လာငွေကြေးလဲလှယ်နှုန်းများ မြင့်တက်လာမှုကြောင့် ဗဟိုဘဏ်မှ အမေရိကန် ဒေါ်လာများအား ထုတ်ရောင်းလေ့ရှိသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၂၁ စက်တင် ဘာလမှ နိုဝင်ဘာလအထိ ထုတ်ရောင်းခဲ့သည့် ဒေါ်လာအရေအတွက်မှာ ၂၀၄သန်းရှိခဲ့သည်။

စက်တင်ဘာလအတွင်းမှာ (၅)ကြိမ်၊ အောက်တို ဘာလတွင်းမှာ (၃)ကြိမ်နှင့် နိုဝင်ဘာလမှာ (၂)ကြိမ် စုစုပေါင်း ၁၀ကြိမ်ထုတ်ရောင်းခဲ့ပြီးဖြစ်သည်။

လက်ရှိ အမေရိကန်ဒေါ်လာလဲလှယ်နှုန်းသည် ဘဏ်ထုတ်ပြန်နှုန်း ၁ဒေါ်လာကို ၁၇၉၈ ကျပ်ရှိပြီး ပြင်ပငွေလဲကောင်တာတို့တွင် ၁ဒေါ် လာကို ၁၈၀၀ ကျပ်ဝန်းကျင်သာရှိနေသည်။

(Zawgyi)

အေမရိကန္ေဒၚလာ ၁သန္း ဗဟိုဘဏ္ထုတ္ေရာင္း

ေလလံအတြက္ပ်ဥ္းမွ်ေငြလဲလွယ္ႏႈန္း ၁၇၇၅က်ပ္ ျဖင့္ ဗဟိုဘဏ္က ႏိုင္ငံျခားေငြေစ်းၿပိဳင္ေလလံျဖင့္ အေမရိကန္ေဒၚလာ ၁သန္း အား ယေန႔ႏိုဝင္ဘာ၃၀ရက္တြင္ ထုတ္ေရာင္းခဲ့သည္။

ႏိုဝင္ဘာလအတြက္ ဒုတိယအႀကိမ္ထုတ္ေရာင္းျခင္းျဖစ္ကာ ႏိုဝင္ဘာ၁ရက္ေန႔ကလည္း ေလလံအတြက္ပ်ဥ္းမွ်ေငြလဲလွယ္ႏႈန္း ၁၇၆၀က်ပ္ ျဖင့္ အေမရိကန္ေဒၚလာသန္း၃၀ထုတ္ေရာင္းခဲ့၍ ယခုတစ္လအတြင္း ၃၁သန္းထုတ္ေရာင္းခဲ့သည္ကိုေတြ႕ရသည္။

ေငြေရးေၾကးေရးေစ်းကြက္အတြင္း အေမရိကန္ေဒၚလာေငြေၾကးလဲလွယ္ႏႈန္းမ်ား ျမင့္တက္လာမႈေၾကာင့္ ဗဟိုဘဏ္မွ အေမရိကန္ ေဒၚလာမ်ားအား ထုတ္ေရာင္းေလ့ရွိသည္။

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွ ၂၀၂၁ စက္တင္ ဘာလမွ ႏိုဝင္ဘာလအထိ ထုတ္ေရာင္းခဲ့သည့္ ေဒၚလာအေရအတြက္မွာ ၂၀၄သန္းရွိခဲ့သည္။

စက္တင္ဘာလအတြင္းမွာ (၅)ႀကိမ္၊ ေအာက္တို ဘာလတြင္းမွာ (၃)ႀကိမ္ႏွင့္ ႏိုဝင္ဘာလမွာ (၂)ႀကိမ္ စုစုေပါင္း ၁၀ႀကိမ္ထုတ္ေရာင္းခဲ့ၿပီးျဖစ္သည္။

လက္ရွိ အေမရိကန္ေဒၚလာလဲလွယ္ႏႈန္းသည္ ဘဏ္ထုတ္ျပန္ႏႈန္း ၁ေဒၚလာကို ၁၇၉၈ က်ပ္ရွိၿပီး ျပင္ပေငြလဲေကာင္တာတို႔တြင္ ၁ေဒၚ လာကို ၁၈၀၀ က်ပ္ဝန္းက်င္သာရွိေနသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here