ဆရာဝန်တစ်ယောက်ကို အမျိုးသားတစ်ယောက်က ဓားနဲ့ထိုးပြီးအနုကြမ်းစီးမှု မန္တလေးမှာဖြစ်ပွား

0
227

(Unicode)

ဆရာဝန်တစ်ယောက်ကို အမျိုးသားတစ်ယောက်က ဓားနဲ့ထိုးပြီးအနုကြမ်းစီးမှု မန္တလေးမှာဖြစ်ပွား

မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ ၃၁ လမ်း၊ ၇၄ လမ်းနဲ့ ၇၅ လမ်းကြားက ဆရာဝန်တစ်ယောက်ကိုနေအိမ်မှာ အမျိုးသားတစ်ယောက်က ဒီနေ့မနက် ၁၁ နာရီခွဲလောက်မှာ ဓားနဲ့ထိုးပြီးအနု ကြမ်းစီးမှုဖြစ်ပွားခဲ့ပါတယ်။

“ဆရာဝန်တစ်ယောက်ထဲပဲရှိတဲ့အချိန် သူ့တပည့်လိုသိထားရတဲ့တစ်ယောက်က ပစ္စည်းနဲ့ငွေတွေလိုချင်လိုလုပ်တာပါ ဆရာဝန်က ဓားပြတိုက်နေတယ်လို့အော်တဲ့အသံကြားမှ ပတ်ဝန်းကျင်ကသိကြတာ ဆရာဝန်က ဓားနဲ့ထိုးခံထားရတယ် ဒဏ် ရာကတော့စိုးရိမ်ရတဲ့အနေအထားပဲ”လိုရပ်ကွက်နေသူတစ်ယောက်ကပြောပါတယ်။

ဓားနဲ့ထိုးပြီးအနုကြမ်းစီးခဲ့သူကို ဆရာဝန်ရဲ့အော်သံကြောင့် ရပ်ကွက်နေသူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြပါတယ်။ဓားထိုးခံထားရတဲ့ဆရာဝန်ကိုတော့ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးကိုတင်ပို့ခဲ့ကြပါတယ်။

“ကျွန်တော်တို့ရပ်ကွက်ကလူတွေကညီတယ်ဗျ ဆရာဝန်အိမ်ကအော်သံလည်းကြားကောအိမ်ထဲကိုပြေးဝင်ပြီး ဓားပြတိုက်တဲ့လူကိုဝိုင်းဖမ်းကြတာ အနည်းအကျဥ်းတော့ပြန်ခုခံတယ် ဒါပေမဲ့ အင်အားချင်းမမျှတဲ့အတွက်ဖမ်းလိုက်နိုင်တယ်” လို့ရပ်ကွက်နေသူတစ်ယောက်ကပြောပါတယ်။

လက်ရှိမှာတော့ ဆရာဝန်ကို မန္တလေးမြိုပြည်သူ့ဆေးရုံကြီးမှာ ရရှိခဲ့တဲ့ဓားနဲ့ထိုးသွင်းဒဏ်ရာကြောင့် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ်တင်ပိုပြီး ဆေးကုသမှုခံယူနေရပါတယ်။

(Zawgyi)

ဆရာဝန္တစ္ေယာက္ကို အမ်ိဳးသားတစ္ေယာက္က ဓားနဲ႔ထိုးၿပီးအႏုၾကမ္းစီးမႈ မႏၲေလးမွာျဖစ္ပြား

မႏၲေလးၿမိဳ႕၊ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ၃၁ လမ္း၊ ၇၄ လမ္းနဲ႔ ၇၅ လမ္းၾကားက ဆရာဝန္တစ္ေယာက္ကိုေနအိမ္မွာ အမ်ိဳးသားတစ္ေယာက္က ဒီေန႔မနက္ ၁၁ နာရီခြဲေလာက္မွာ ဓားနဲ႔ထိုးၿပီးအႏု ၾကမ္းစီးမႈျဖစ္ပြားခဲ့ပါတယ္။

“ဆရာဝန္တစ္ေယာက္ထဲပဲရွိတဲ့အခ်ိန္ သူ႔တပည့္လိုသိထားရတဲ့တစ္ေယာက္က ပစၥည္းနဲ႔ေငြေတြလိုခ်င္လိုလုပ္တာပါ ဆရာဝန္က ဓားျပတိုက္ေနတယ္လို႔ေအာ္တဲ့အသံၾကားမွ ပတ္ဝန္းက်င္ကသိၾကတာ ဆရာဝန္က ဓားနဲ႔ထိုးခံထားရတယ္ ဒဏ္ ရာကေတာ့စိုးရိမ္ရတဲ့အေနအထားပဲ”လိုရပ္ကြက္ေနသူတစ္ေယာက္ကေျပာပါတယ္။

ဓားနဲ႔ထိုးၿပီးအႏုၾကမ္းစီးခဲ့သူကို ဆရာဝန္ရဲ႕ေအာ္သံေၾကာင့္ ရပ္ကြက္ေနသူေတြက ဝိုင္းဝန္းဖမ္းဆီးခဲ့ၾကပါတယ္။ဓားထိုးခံထားရတဲ့ဆရာဝန္ကိုေတာ့ မႏၲေလးၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးကိုတင္ပို႔ခဲ့ၾကပါတယ္။

“ကြၽန္ေတာ္တို႔ရပ္ကြက္ကလူေတြကညီတယ္ဗ် ဆရာဝန္အိမ္ကေအာ္သံလည္းၾကားေကာအိမ္ထဲကိုေျပးဝင္ၿပီး ဓားျပတိုက္တဲ့လူကိုဝိုင္းဖမ္းၾကတာ အနည္းအက်ဥ္းေတာ့ျပန္ခုခံတယ္ ဒါေပမဲ့ အင္အားခ်င္းမမွ်တဲ့အတြက္ဖမ္းလိုက္ႏိုင္တယ္” လို႔ရပ္ကြက္ေနသူတစ္ေယာက္ကေျပာပါတယ္။

လက္ရွိမွာေတာ့ ဆရာဝန္ကို မႏၲေလးၿမိဳျပည္သူ႔ေဆး႐ုံႀကီးမွာ ရရွိခဲ့တဲ့ဓားနဲ႔ထိုးသြင္းဒဏ္ရာေၾကာင့္ အတြင္းလူနာ(စိုးရိမ္ရ)အျဖစ္တင္ပိုၿပီး ေဆးကုသမႈခံယူေနရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here