ဖိလစ်ပိုင်ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးကြော်ငြာတွေကို တားမြစ်လိုက်တဲ့ Google

0
160

(Unicode)

ဖိလစ်ပိုင်ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးကြော်ငြာတွေကို တားမြစ်လိုက်တဲ့ Google

မေလမှာကျင်းပမယ့် ဖိလစ်ပိုင်ရွေးကောက်ပွဲ အတွက် ၄င်းရဲ့ပလက်ဖောင်းပေါ်မှာ နိုင်ငံရေးကြော်ငြာတွေကို ခွင့်ပြုမှာမဟုတ်ဘူးလို့ Google က ဒီဇင်ဘာ ၁ရက်နေ့က ပြောခဲ့ပါတယ်။

ဒါဟာ ၂၀၂၀ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲကာလအတွင်း နိုင်ငံရေးကြော်ငြာတွေကိုကိုင်တွယ်ဖြေရှင်းခြင်းနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာ ပလက်ဖောင်းအပေါ် ဖိအားပေးတာတွေကြောင့် ထွက်ပေါ်လာတာပါ။

ဆိုရှယ်မီဒီယာပလက်ဖောင်းတွေဟာ အရှေ့တောင်အာရှနိုင်ငံတွေတွင်းမှာ နိုင်ငံရေးတိုက်ပွဲတွေကို ဖြစ်လာစေပြီး ဖိလစ်ပိုင်လူမျိုးတွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ အချိန်ကုန်ခံနေတာ ကမ္ဘာတဝှမ်းလုံးရဲ့ ထိပ်ဆုံးအဆင့်မှာ ရှိနေတယ်လို့ မှတ်တမ်းတွေက ဖော်ပြနေပါတယ်။

နိုင်ငံရေပါတီတစ်ခုခုကို မြှင့်တင်ခြင်း(သို့)ဆန့်ကျင်တဲ့ရွေးကောက်ပွဲကြော်ငြာများ(သို့)လူတစ်ဦးတစ်ယောက်(သို့) ပါတီတစ်ခု၏ ကိုယ်စားလှယ်လောင်းအဖြစ် ကြော်ငြာခြင်းတွေနဲ့ပတ်သက်ပြီး ၂၀၂၂ခုနှစ် ၊ ဖေဖော်ဝါရီလ ၈ရက်နေ့မှမေလ ၉ရက်နေ့ထိ ခွင့်ပြုမှာ မဟုတ်ဘူးလို့Googleက ၄င်းရဲ့ နိုင်ငံရေးဆိုင်ရာ အကြောင်းအရာမူဝါဒကို ပြောခဲ့ပါတယ်။

အဆိုပါရက်စွဲတွေဟာ ဖိလစ်ပိုင်ရဲ့ မဲဆွယ်စည်းရုံးရေးကာလမှ ရွေးကောက်ပွဲနေ့ထိ ဖြစ်ပါတယ်။

နောက်ဆုံးမူဝါဒတွေနဲ့ပတ်သက်ပြီး ကြော်ငြာရှင်တွေဆီကို အကြောင်းကြားချက်တွေ ပေးပို့မယ်လို့လည်း Google က ပြောခဲ့ပါတယ်။

Google ဟာ ၂၀၁၉ခုနှစ်၊ ကနေဒါဖက်ဒရယ် ရွေးကောက်ပွဲနဲ့ ၂၀၂၀ စင်္ကာပူရွေးကောက်ပွဲမတိုင်ခင်ကတည်းက ၄င်းရဲ့ပလက်ဖောင်းပေါ်မှာ နိုင်ငံကြောငြာများကို ပိတ်ပင်ခဲ့ပါတယ်။

Source- Reuters

(Zawgyi)

ဖိလစ္ပိုင္ေ႐ြးေကာက္ပြဲမတိုင္ခင္ ႏိုင္ငံေရးေၾကာ္ျငာေတြကို တားျမစ္လိုက္တဲ့ Google

ေမလမွာက်င္းပမယ့္ ဖိလစ္ပိုင္ေ႐ြးေကာက္ပြဲ အတြက္ ၄င္းရဲ႕ပလက္ေဖာင္းေပၚမွာ ႏိုင္ငံေရးေၾကာ္ျငာေတြကို ခြင့္ျပဳမွာမဟုတ္ဘူးလို႔ Google က ဒီဇင္ဘာ ၁ရက္ေန႔က ေျပာခဲ့ပါတယ္။

ဒါဟာ ၂၀၂၀ ခုႏွစ္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲကာလအတြင္း ႏိုင္ငံေရးေၾကာ္ျငာေတြကိုကိုင္တြယ္ေျဖရွင္းျခင္းနဲ႔ပတ္သက္ၿပီး ဆိုရွယ္မီဒီယာ ပလက္ေဖာင္းအေပၚ ဖိအားေပးတာေတြေၾကာင့္ ထြက္ေပၚလာတာပါ။

ဆိုရွယ္မီဒီယာပလက္ေဖာင္းေတြဟာ အေရွ႕ေတာင္အာရွႏိုင္ငံေတြတြင္းမွာ ႏိုင္ငံေရးတိုက္ပြဲေတြကို ျဖစ္လာေစၿပီး ဖိလစ္ပိုင္လူမ်ိဳးေတြဟာ ဆိုရွယ္မီဒီယာေပၚမွာ အခ်ိန္ကုန္ခံေနတာ ကမာၻတဝွမ္းလုံးရဲ႕ ထိပ္ဆုံးအဆင့္မွာ ရွိေနတယ္လို႔ မွတ္တမ္းေတြက ေဖာ္ျပေနပါတယ္။

ႏိုင္ငံေရပါတီတစ္ခုခုကို ျမႇင့္တင္ျခင္း(သို႔)ဆန္႔က်င္တဲ့ေ႐ြးေကာက္ပြဲေၾကာ္ျငာမ်ား(သို႔)လူတစ္ဦးတစ္ေယာက္(သို႔) ပါတီတစ္ခု၏ ကိုယ္စားလွယ္ေလာင္းအျဖစ္ ေၾကာ္ျငာျခင္းေတြနဲ႔ပတ္သက္ၿပီး ၂၀၂၂ခုႏွစ္ ၊ ေဖေဖာ္ဝါရီလ ၈ရက္ေန႔မွေမလ ၉ရက္ေန႔ထိ ခြင့္ျပဳမွာ မဟုတ္ဘူးလို႔Googleက ၄င္းရဲ႕ ႏိုင္ငံေရးဆိုင္ရာ အေၾကာင္းအရာမူဝါဒကို ေျပာခဲ့ပါတယ္။

အဆိုပါရက္စြဲေတြဟာ ဖိလစ္ပိုင္ရဲ႕ မဲဆြယ္စည္း႐ုံးေရးကာလမွ ေ႐ြးေကာက္ပြဲေန႔ထိ ျဖစ္ပါတယ္။

ေနာက္ဆုံးမူဝါဒေတြနဲ႔ပတ္သက္ၿပီး ေၾကာ္ျငာရွင္ေတြဆီကို အေၾကာင္းၾကားခ်က္ေတြ ေပးပို႔မယ္လို႔လည္း Google က ေျပာခဲ့ပါတယ္။

Google ဟာ ၂၀၁၉ခုႏွစ္၊ ကေနဒါဖက္ဒရယ္ ေ႐ြးေကာက္ပြဲနဲ႔ ၂၀၂၀ စကၤာပူေ႐ြးေကာက္ပြဲမတိုင္ခင္ကတည္းက ၄င္းရဲ႕ပလက္ေဖာင္းေပၚမွာ ႏိုင္ငံေၾကာျငာမ်ားကို ပိတ္ပင္ခဲ့ပါတယ္။

Source- Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here