Suzuki အပါအဝင် ကားကုမ္ပဏီအချို့ ဘဏ်နှင့်ချိတ်ဆက်ပြီး အရစ်ကျရောင်းချမှု စနစ်ပြန်လည်စတင်လာ

0
232

(Unicode)

Suzuki အပါအဝင် ကားကုမ္ပဏီအချို့ ဘဏ်နှင့်ချိတ်ဆက်ပြီး အရစ်ကျရောင်းချမှု စနစ်ပြန်လည်စတင်လာ

‌ရန်ကုန် ဒီဇင်ဘာ ၂

အခုလဆန်းကစတင်ကာ ပြည်တွင်းမှာ SKD စနစ်နဲ့ ထုတ်လုပ်ရောင်းချနေတဲ့ Suzuki ကားအပါအဝင် ကားကုမ္ပဏီ အချို့ရဲ့အရောင်းစင်တာတွေကနေ ဘဏ်နဲ့ချိတ်ဆက်ပြီး အရစ်ကျ စနစ်နဲ့ ပြန်လည်ရောင်းချနေကြတာကို တွေ့ရပါတယ်။

ပြည်တွင်းမှာ ဘဏ်ငွေထုတ်ရတဲ့အခက်အခဲအပါအဝင် ဘဏ်စနစ်ပြသနာအချို့ကြောင့် ကားအရစ်ကျရောင်းချမှုကို ခြောက်လနီးပါး ရပ်ဆိုင်းထားရာက လက်ရှိမှာ ပြန်လည်ရောင်းချဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။

ကားဈေးကွက်ကျွမ်းကျင်သူ‌ တွေကတော့ ကားတွေကို အရစ်ကျစနစ်နဲ့ရောင်းချပေးခြင်းက ကားဈေးနှုန်း မြင့်တက်နေမှုကို ထိန်းချုပ်ပေးရာရောက်ပြီး ပြည်တွင်းမှာလည်း ငွေလည်ပတ်စီးဆင်းမှုဖြစ်လာစေလို့ ကောင်းမွန်တယ်လို့သုံးသပ်ထားကြပါတယ်။

မော်တော်ယာဉ် အရစ်ကျ ဝယ်ယူမှုအတွက် ပိုင်ဆိုင်မှုအထောက်အထားအပါအဝင် အာမခံပေးသူ တို့ လိုအပ်ပြီး (၁)နှစ်ကနေ (၅)နှစ်အထိ အရစ်ကျ စနစ်နဲ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

ကားအသစ်တွေတင်မဟုတ်ဘဲ ဂျပန် တစ်ပတ်ရစ်ကားတွေကိုလည်း အချို့အရောင်းစင်တာတွေက ဘဏ်နဲ့ချိတ်ဆက်ကာ အရစ်ကျစနစ်နဲ့ရောင်းချပေးမှု တွေရှိနေပြီး ကားတန်ဖိုးရဲ့ ငါးဆယ်ရာခိုင်နှုန်းကိုတော့ ကနဦး ပေးသွင်းရတယ်လို့ သိရပါတယ်။

(Zawgyi)

Suzuki အပါအဝင္ ကားကုမၸဏီအခ်ိဳ႕ ဘဏ္ႏွင့္ခ်ိတ္ဆက္ၿပီး အရစ္က်ေရာင္းခ်မႈ စနစ္ျပန္လည္စတင္လာ

‌ရန္ကုန္ ဒီဇင္ဘာ ၂

အခုလဆန္းကစတင္ကာ ျပည္တြင္းမွာ SKD စနစ္နဲ႔ ထုတ္လုပ္ေရာင္းခ်ေနတဲ့ Suzuki ကားအပါအဝင္ ကားကုမၸဏီ အခ်ိဳ႕ရဲ႕အေရာင္းစင္တာေတြကေန ဘဏ္နဲ႔ခ်ိတ္ဆက္ၿပီး အရစ္က် စနစ္နဲ႔ ျပန္လည္ေရာင္းခ်ေနၾကတာကို ေတြ႕ရပါတယ္။

ျပည္တြင္းမွာ ဘဏ္ေငြထုတ္ရတဲ့အခက္အခဲအပါအဝင္ ဘဏ္စနစ္ျပသနာအခ်ိဳ႕ေၾကာင့္ ကားအရစ္က်ေရာင္းခ်မႈကို ေျခာက္လနီးပါး ရပ္ဆိုင္းထားရာက လက္ရွိမွာ ျပန္လည္ေရာင္းခ်ဖို႔ ျပင္ဆင္လာတာျဖစ္ပါတယ္။

ကားေဈးကြက္ကြၽမ္းက်င္သူ‌ ေတြကေတာ့ ကားေတြကို အရစ္က်စနစ္နဲ႔ေရာင္းခ်ေပးျခင္းက ကားေဈးႏႈန္း ျမင့္တက္ေနမႈကို ထိန္းခ်ဳပ္ေပးရာေရာက္ၿပီး ျပည္တြင္းမွာလည္း ေငြလည္ပတ္စီးဆင္းမႈျဖစ္လာေစလို႔ ေကာင္းမြန္တယ္လို႔သုံးသပ္ထားၾကပါတယ္။

ေမာ္ေတာ္ယာဥ္ အရစ္က် ဝယ္ယူမႈအတြက္ ပိုင္ဆိုင္မႈအေထာက္အထားအပါအဝင္ အာမခံေပးသူ တို႔ လိုအပ္ၿပီး (၁)ႏွစ္ကေန (၅)ႏွစ္အထိ အရစ္က် စနစ္နဲ႔ဝယ္ယူႏိုင္မွာျဖစ္ပါတယ္။

ကားအသစ္ေတြတင္မဟုတ္ဘဲ ဂ်ပန္ တစ္ပတ္ရစ္ကားေတြကိုလည္း အခ်ိဳ႕အေရာင္းစင္တာေတြက ဘဏ္နဲ႔ခ်ိတ္ဆက္ကာ အရစ္က်စနစ္နဲ႔ေရာင္းခ်ေပးမႈ ေတြရွိေနၿပီး ကားတန္ဖိုးရဲ႕ ငါးဆယ္ရာခိုင္ႏႈန္းကိုေတာ့ ကနဦး ေပးသြင္းရတယ္လို႔ သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here