မြန်မာနိုင်ငံအတွင်း HIV အသစ်ကူးစက်ခံရမှု နှစ်၂၀အတွင်း ၃ပုံ၂ပုံခန့်အထိ ကျဆင်း

0
244

(Unicode)

မြန်မာနိုင်ငံအတွင်း HIV အသစ်ကူးစက်ခံရမှု နှစ်၂၀အတွင်း ၃ပုံ၂ပုံခန့်အထိ ကျဆင်း

မြန်မာနိုင်ငံအတွင်း အိပ်ခ်ျအိုင်ဗွီရောဂါ အသစ်ကူးစက်ခံရမှု (HIV incidence)ကို ကြည့်မယ်ဆိုရင် ၂ဝဝဝ ပြည့်နှစ်မှာ ၂၆,၅၆၉ ဦးခန့်နဲ့ အမြင့်ဆုံးဖြစ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာတော့ ၉,၀၈၁ ဦးအထိ ကျဆင်းလာခဲ့တာကို တွေ့ရတယ်လို့ နစကကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ဒီဇင်ဘာ၁ရက်မှာကျင်းပတဲ့၂၀၂၁ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ (World AIDS Day) အခမ်းအနားမှာပြောပါတယ်။

ဒီကိန်းဂဏန်းတွေကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံအတွင်း HIVအသစ်ကူးစက်ခံရမှုဟာ နှစ်၂၀အတွင်း ၃ပုံ၂ပုံခန့်အထိ ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။

တစ်နိုင်ငံ လုံးအတိုင်းအတာအနေနဲ့ ၂၀၂၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံအတွင်း အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရ သူဦးရေ ၂၄၁,၆၆၂ ဦးခန့်ရှိပြီး ရောဂါဖြစ်ပွားမှုနှုန်း (HIV prevalence) မှာ သုည ဒသမ ၅၇ ရာခိုင်နှုန်း ရှိတယ်လို့ (AIDS Epidemic Model- AEM) နဲ့ ခန့်မှန်းတွက်ချက်မှုကဖော်ပြပါတယ်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် လူနာတွေကို ပြုစုကုသမှု ပေးနိုင်ဖို့အတွက် ၂၀၂၁ ခုနှစ်မှာ မြို့နယ် ၂၇၃ မြို့နယ်မှာ အေအာတီဆေးကုဌာန ၃၆၂ ခုထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး အေအာတီဆေးကုသမှုလုပ်ငန်းများကို ပိုမိုလက်လှမ်းမီရရှိစေရန် ဆောင် ရွက်ပေးနိုင်ခဲ့သလို မိခင်မှကလေးသို့ အိပ်ခ်ျအိုင်ဗွီ ကူးစက်မှုမှ ကာကွယ်ခြင်းလုပ်ငန်း (PMTCT)ကို လည်း ယခုနှစ်မှာ မြို့နယ် ၃၃ဝ အထိ တစ်နိုင်ငံလုံး လွှမ်းခြုံမှုရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပြီလိုပြောပါတယ်။

ကာကွယ်ရေးနဲ့ ပြုစုကုသပေးရေးလုပ်ငန်းတွေကို ၂၀၁၁ ခုနှစ်မှစပြီး နိုင်ငံတော်အစိုးရရဲ့ ရန်ပုံငွေ တိုးမြှင့်ထောက်ပံ့ပေးမှုများကြောင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ခဲ့ပြီး ရန်ပုံငွေတွေကို နှစ်စဉ်တိုးမြှင့်ခွဲဝေချထား ပေးနေတာမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် အမေရိကန်ဒေါ်လာ ၁၅ သန်းအထိ ခွဲဝေချထားပေးတယ်လို့ ဆက်ပြောပါတယ်။

အကျိုးရလဒ်အနေနဲ့ ခန့်မှန်း အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူဦးရေ နှစ်သိန်း လေးသောင်းကျော်အနက် ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ လူနာပေါင်းတစ်သိန်း ကိုးသောင်းကျော် (ခန့်မှန်းအိပ်ခ်ျအိုင်ဗွီ ပိုးကူးစက်ခံရသူအားလုံး၏ ၇၈ ရာခိုင်နှုန်း)ထိ ကုသမှုပေးနိုင်ခဲ့တာဖြစ်ပါတယ်။

(Zawgyi)

ျမန္မာႏိုင္ငံအတြင္း HIV အသစ္ကူးစက္ခံရမႈ ႏွစ္၂၀အတြင္း ၃ပုံ၂ပုံခန႔္အထိ က်ဆင္း

ျမန္မာႏိုင္ငံအတြင္း အိပ္ခ္်အိုင္ဗြီေရာဂါ အသစ္ကူးစက္ခံရမႈ (HIV incidence)ကို ၾကည့္မယ္ဆိုရင္ ၂ဝဝဝ ျပည့္ႏွစ္မွာ ၂၆,၅၆၉ ဦးခန႔္နဲ႔ အျမင့္ဆုံးျဖစ္ခဲ့ၿပီး ၂၀၂၀ ျပည့္ႏွစ္မွာေတာ့ ၉,၀၈၁ ဦးအထိ က်ဆင္းလာခဲ့တာကို ေတြ႕ရတယ္လို႔ နစကက်န္းမာေရးဝန္ႀကီးေဒါက္တာသက္ခိုင္ဝင္းက ဒီဇင္ဘာ၁ရက္မွာက်င္းပတဲ့၂၀၂၁ ခုႏွစ္ ကမာၻ႔ခုခံအားက်ဆင္းမႈ ကူးစက္ေရာဂါ တိုက္ဖ်က္ေရးေန႔ (World AIDS Day) အခမ္းအနားမွာေျပာပါတယ္။

ဒီကိန္းဂဏန္းေတြကို ၾကည့္မယ္ဆိုရင္ ျမန္မာႏိုင္ငံအတြင္း HIVအသစ္ကူးစက္ခံရမႈဟာ ႏွစ္၂၀အတြင္း ၃ပုံ၂ပုံခန႔္အထိ က်ဆင္းသြားခဲ့တာျဖစ္ပါတယ္။

တစ္ႏိုင္ငံ လုံးအတိုင္းအတာအေနနဲ႔ ၂၀၂၀ ျပည့္ႏွစ္မွာ ျမန္မာႏိုင္ငံအတြင္း အိပ္ခ္်အိုင္ဗြီပိုး ကူးစက္ခံေနရ သူဦးေရ ၂၄၁,၆၆၂ ဦးခန႔္ရွိၿပီး ေရာဂါျဖစ္ပြားမႈႏႈန္း (HIV prevalence) မွာ သုည ဒသမ ၅၇ ရာခိုင္ႏႈန္း ရွိတယ္လို႔ (AIDS Epidemic Model- AEM) နဲ႔ ခန႔္မွန္းတြက္ခ်က္မႈကေဖာ္ျပပါတယ္။

ျပည္ေထာင္စုဝန္ႀကီးေဒါက္တာသက္ခိုင္ဝင္းက အိပ္ခ္်အိုင္ဗြီ/ ေအအိုင္ဒီအက္စ္ လူနာေတြကို ျပဳစုကုသမႈ ေပးႏိုင္ဖို႔အတြက္ ၂၀၂၁ ခုႏွစ္မွာ ၿမိဳ႕နယ္ ၂၇၃ ၿမိဳ႕နယ္မွာ ေအအာတီေဆးကုဌာန ၃၆၂ ခုထိ တိုးခ်ဲ႕ဖြင့္လွစ္ႏိုင္ခဲ့ၿပီး ေအအာတီေဆးကုသမႈလုပ္ငန္းမ်ားကို ပိုမိုလက္လွမ္းမီရရွိေစရန္ ေဆာင္ ႐ြက္ေပးႏိုင္ခဲ့သလို မိခင္မွကေလးသို႔ အိပ္ခ္်အိုင္ဗြီ ကူးစက္မႈမွ ကာကြယ္ျခင္းလုပ္ငန္း (PMTCT)ကို လည္း ယခုႏွစ္မွာ ၿမိဳ႕နယ္ ၃၃ဝ အထိ တစ္ႏိုင္ငံလုံး လႊမ္းၿခဳံမႈရရွိေအာင္ ေဆာင္႐ြက္ႏိုင္ခဲ့ၿပီလိုေျပာပါတယ္။

ကာကြယ္ေရးနဲ႔ ျပဳစုကုသေပးေရးလုပ္ငန္းေတြကို ၂၀၁၁ ခုႏွစ္မွစၿပီး ႏိုင္ငံေတာ္အစိုးရရဲ႕ ရန္ပုံေငြ တိုးျမႇင့္ေထာက္ပံ့ေပးမႈမ်ားေၾကာင့္ အရွိန္အဟုန္ျမႇင့္ ေဆာင္႐ြက္ႏိုင္ခဲ့ၿပီး ရန္ပုံေငြေတြကို ႏွစ္စဥ္တိုးျမႇင့္ခြဲေဝခ်ထား ေပးေနတာမွာ ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္အတြက္ အေမရိကန္ေဒၚလာ ၁၅ သန္းအထိ ခြဲေဝခ်ထားေပးတယ္လို႔ ဆက္ေျပာပါတယ္။

အက်ိဳးရလဒ္အေနနဲ႔ ခန႔္မွန္း အိပ္ခ္်အိုင္ဗြီပိုး ကူးစက္ခံရသူဦးေရ ႏွစ္သိန္း ေလးေသာင္းေက်ာ္အနက္ ၂၀၂၁ ခုႏွစ္ စက္တင္ဘာလအထိ လူနာေပါင္းတစ္သိန္း ကိုးေသာင္းေက်ာ္ (ခန႔္မွန္းအိပ္ခ္်အိုင္ဗြီ ပိုးကူးစက္ခံရသူအားလုံး၏ ၇၈ ရာခိုင္ႏႈန္း)ထိ ကုသမႈေပးႏိုင္ခဲ့တာျဖစ္ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here